၇ အောက်တိုဘာ ၂၀၁၆ - ၁၉:၄၃
နယ်စပ်ဝင်ပေါက်မှတစ်ဆင့် မြန်မာ-ထိုင်းခုနစ်ရက်ကြာ ယာယီနေထိုင်ခွင့်စတင်

နယ်စပ်ဝင်ပေါက်မှတစ်ဆင့် မြန်မာ-ထိုင်းခုနစ်ရက်ကြာ ယာယီနေထိုင်ခွင့်စတင်

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 မြန်မာနှင့်ထိုင်းနှစ်နိုင်ငံ အစိုးရညှိနှိုင်းမှုအရ မြ၀တီနယ် စပ်မှတစ်ဆင့် ဖြတ်သန်းဝင် ရောက်၍ နှစ်နိုင်ငံ ယာယီနေထိုင်ခွင့်ကို ခုနစ်ရက်စတင်သတ်မှတ် ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သ တင်းရရှိသည်။

မြန်မာ-ထိုင်းနယ်စပ်မြ၀တီ မြို့မှတစ်ဆင့် နှစ်နိုင်ငံသွားလာ ရာတွင် မူလက နေ့ချင်းပြန်သာ ခွင့်ပြုသော်လည်း အောက်တိုဘာ ၁ ရက်ကစကာ ယာယီနေထိုင်ခွင့် ခုနစ်ရက် သတ်မှတ်ခွင့်ပြုခဲ့ ကြောင်း မြ၀တီခရိုင်အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဝင်း ၀ဏ္ဏက ပြောကြားသည်။

‘‘ကျွန်တော်တို့က အရင်က နယ်မြေဒေသမအေးချမ်းလို့ နေ့ ချင်းပြန်ပဲပေးခဲ့တာပါ။ အခုက တော့  ကျွန်တော်တို့ဝန်ကြီးနဲ့ပြန် စာချုပ်ချုပ်လိုက်ပြီး အောက်တို ဘာ ၁ ရက်နေ့က စပေးနိုင်တာ ပေါ့’’ဟု ဦးဝင်းဝဏ္ဏကပြောကြား သည်။


ထိုင်းနိုင်ငံသို့ သွားရောက်လို သူများသည် နိုင်ငံသားမှတ်ပုံတင်ဖြင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ပြုလုပ်ရမည်ဖြစ်သည်။ယင်းလက်မှတ်ဖြင့် ထိုင်းနိုင်ငံ မဲဆောက်၊ ဖုတ်ဖရာ့၊ မယ်ရမတ် မြို့နယ်တို့တွင် ခြောက်ညအိပ် ခုနစ်ရက် နေထိုင်နိုင်ကြောင်း သတင်းရရှိသည်။

  ထိုင်းနိုင်ငံသားများအနေ ဖြင့် မြ၀တီခရိုင်ရှိ မြ၀တီမြို့နယ် ဆုကလိမြို့နယ်ခွဲနှင့် ဝေါလေမြို့ နယ်ခွဲတို့တွင် ခုနစ်ရက် နေထိုင် နိုင်မည်ဖြစ်သည်။ သတ်မှတ်ကာ လနှင့် သတ်မှတ်ဧရိယာထက် ကျော်လွန်နေထိုင်ပါကသက်ဆိုင် ရာနိုင်ငံ၏  တည်ဆဲဥပဒေအရ အရေးယူ ခံရမည်ဖြစ်ကြောင်း မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး ဦး လွင်ကိုဦးကပြောသည်။

ထိုင်းနိုင်ငံနှင့် နယ်စပ်မြို့ ကြီးများဖြစ်သော တာချီလိတ်နှင့် ကော့သောင်းမြို့တို့တွင် ယခင်  အစိုးလက်ထက်ကပင် ယာယီ နေထိုင်ခွင့် ခုနစ်ရက်ခွင့်ပြုထားခဲ့ ပြီး မြ၀တီမြို့နယ်မှာ နယ်မြေ တည်ငြိမ်အေးချမ်းမှု အားနည်းခဲ့၍ ယခုနှစ်မှသာ စတင်ခွင့်ပြုနိုင်ခဲ့ ကြောင်း ဦးဝင်းဝဏ္ဏက ရှင်းပြသည်။

ယခုအစီအစဉ်ကြောင့်ထိုင်း နိုင်ငံနှင့်ကုန်သွယ်နေသည့် လုပ် ငန်းရှင်များနှင့် မြန်မာအလုပ်သ မားများကို အဆင်ပြေစေကြောင်း မြ၀တီမြို့ခံ ကုန်သည်များက ပြောသည်။

 မြ၀တီမြို့မှတစ်ဆင့် ထိုင်း နိုင်ငံသို့ သွားရောက်သည့်မြန်မာ နိုင်ငံသားဦးရေသည်နေ့စဉ် ၁,၅၀၀ မှ ၂,၀၀၀ ကြားရှိပြီးမြန်မာနိုင်ငံ သို့ ၀င်ရောက်လာသောထိုင်းနိုင်ငံ သားမှာ ၁၀၀ မှ ၁၅၀ ခန့်ရှိ ကြောင်း မြ၀တီခရိုင်အလုပ်သမား၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သတင်း ရရှိသည်။

===================    
251 / End