၁၃ အောက်တိုဘာ ၂၀၁၆ - ၁၇:၁၆
စိုးရိမ်မှုအခြေခံသော ပဋိပက္ခဖြစ်စဉ်များ မဖြစ်ပေါ်ရန် ပူးပေါင်းထိန်းသိမ်းစေလိုကြောင်း ပြန်ကြားရေးဝန်ကြီးပြောကြား

မောင်တောအ ကြမ်းဖက်မှုဖြစ်စဉ်တွင် ပြည်သူ များ၏လုံခြုံရေးကို မြန်မာ့တပ်မ တော်၊ ပြည်ထဲရေးဝန်ကြီးဌာန တို့နှင့်ပူးပေါင်းကာ ဆောင်ရွက် လုပ်ကိုင်နေ၍ စိုးရိမ်မှုမလွန်ကဲ ကြရန်နှင့် စိုးရိမ်မှုကို အခြေခံသော ပဋိပက္ခဖြစ်စဉ်များ မဖြစ် ပေါ်လာရန် ဝိုင်းဝန်းပူးပေါင်းကာ ထိန်းသိမ်းစေလိုကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာဖေ မြင့်က ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 မောင်တောအ ကြမ်းဖက်မှုဖြစ်စဉ်တွင် ပြည်သူ များ၏လုံခြုံရေးကို မြန်မာ့တပ်မ တော်၊ ပြည်ထဲရေးဝန်ကြီးဌာန တို့နှင့်ပူးပေါင်းကာ ဆောင်ရွက် လုပ်ကိုင်နေ၍ စိုးရိမ်မှုမလွန်ကဲ ကြရန်နှင့် စိုးရိမ်မှုကို အခြေခံသော ပဋိပက္ခဖြစ်စဉ်များ မဖြစ် ပေါ်လာရန် ဝိုင်းဝန်းပူးပေါင်းကာ ထိန်းသိမ်းစေလိုကြောင်း  ပြန်ကြားရေး  ဝန်ကြီးဌာန  ပြည် ထောင်စုဝန်ကြီး ဒေါက်တာဖေ မြင့်က ပြောကြားသည်။

မောင်တောအခြေစိုက်နယ် ခြားစောင့်ရဲဌာနချုပ် အပါအဝင် စခန်းသုံးခုကို အကြမ်းဖက် သောင်းကျန်းသူများ ဝင်ရောက်စီးနင်းခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်တွေမြို့သို့ ရောက်ရှိနေသော ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့်ဦးဆောင်သည့် ဒုဝန်ကြီးများပါဝင်သော အဖွဲ့နှင့် အောက်တိုဘာ ၁၁ ရက်က ဌာနဆိုင်ရာများ၊ ဒေသခံများ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ဘူးသီးတောင်၊ မောင်တော နယ်စပ်ဒေသများမှ ပြည်သူများ ၏စိတ်ဒဏ်ရာများကို ပြန်လည် ကုစားရန် အကြမ်းဖက် လုယူခြင်းခံရသော လက်နက်များ ပြန်လည်ထိန်းသိမ်းပေးရန် အစိုးရတာဝန်ရှိသူများက ဆောင်ရွက်ပေးသင့် ကြောင်း၊ နယ်ခြားစောင့်တပ်များ ကို လက်နက်များအဆင့်မြှင့်ပေး ရန် လိုအပ်ပါက အဆင့်မြှင့်တင်ပေးစေလိုကြောင်း ဒေသခံများက တင်ပြကြောင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် စစ်တွေမြို့မိမြို့ဖတစ်ဦးက ပြောသည်။

နယ်ခြားစောင့်ရဲစခန်းသုံးခု ကို အကြမ်းဖက်သောင်းကျန်းသူ များဝင်ရောက်စီးနင်းမှုဖြစ်ပွားပြီး နောက် နယ်စပ်လုံခြုံရေး ကျိုး ပေါက်မှုမရှိစေရန် အောက်တိုဘာ ၁၀ ရက်က စတင်ကာ တပ်မတော်အင်အားကိုပါ တိုးချဲ့ထားခြင်း ကိုတွေ့ရသည်။

ယင်းသို့ တပ်မတော်အင် အားများရောက်ရှိလာ၍ လုံခြုံရေးအတွက် စိုးရိမ်နေကြသည့် ဒေသခံအများစုသည် စိတ်သက်သာရာ ရရှိသွားကြောင်း ဒေသခံများက ပြောသည်။

‘‘ပထမတော့ လုံခြုံရေးကို အရမ်းစိုးရိမ်ခဲ့ပါတယ်။။ အခုတပ် မတော်အင်အားတွေ မောင်တော နယ်စပ်ကို ထပ်ရောက်လာတော့ စိတ်လုံခြုံမှုရှိသွားပါတယ်။ တာ ဝန်ရှိအရာရှိကြီးတွေလည်း အနီး ကပ်ရောက်ရှိနေတယ်လို့ သိရတဲ့ အတွက် ဝမ်းသာမိပါတယ်။ ဒါပေ မဲ့ အကြမ်းဖက်သောင်းကျန်းသူ လက်ထဲမှာ ရှိနေတဲ့လက်နက်တွေ ပြန်ရဖို့အတွက် အထူးကြိုးစားပေး စေချင်ပါတယ်’’ဟု အောင်ဇေယျ ကျေးရွာနေ ဦးမောင်ညွန့်က ပြော သည်။

===================    
251 / End