အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အကာလ်မူလ်မူဂျာ ဟီဒင်န်အကြမ်းဖက်အဖွဲ့က ၀င် ရောက်စီးနင်းခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ နယ်ခြားစောင့်ရဲတပ် ဖွဲ့ကွပ်ကဲရေးမှူးရဲမှူးချုပ်မောင် မောင်ခိုင်နေရာတွင် ရဲတပ်ရင်း များကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရ ဆန်းလွင်ဖြင့် အစားထိုးတာဝန် ပေးအပ်လိုက်ကြောင်း သတင်း ရရှိသည်။
မောင်တောဒေသသို့ ရောက် ရှိနေသည့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ် ချုပ်ကြီးကျော်ဆွေက အောက်တို ဘာ ၁၇ရက်တွင်မီဒီယာများနှင့် တွေ့ဆုံစဉ်‘‘ပြည်ထဲရေးဝန်ကြီး ဌာနအနေနဲ့တော့ တော်ရင် တော်သလို ချီးမြှောက်မယ်။အသုံး မကျရင် မကျသလို အရေးယူ မယ်။ ဖြစ်စဉ်အပေါ် မကျေနပ် ဘူး။ ဒီဖြစ်စဉ်ဖြစ်တဲ့အပေါ်ခေါင်း ဆောင်ကိုမကျေနပ်ဘူး။ အဲဒီအ တွက် ချက်ချင်းခေါင်းဆောင်သစ် ကို လဲတယ်’’ဟု ပြောသည်။
အသစ်တာဝန် ပေးအပ် ခံရသည့် ရဲမှူးချုပ်သူရဆန်းလွင်သည် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး တပ်မ (၉၉)လက်အောက်ရှိ ခမရ (၁၀) ၌တာဝန်ထမ်းဆောင်စဉ်က ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)နှင့် ရင်ဆိုင်သည့်တိုက်ပွဲဖြစ်စဉ်များတွင်သူရဘွဲ့ရရှိခဲ့သူဖြစ်သည်။
‘‘ဖြစ်တဲ့ ဖြစ်စဉ်အပေါ်မှာ ဒီလိုစိတ်ချရတဲ့ ရဲမှူးချုပ် တစ် ယောက်ကို ပြန်လည် ခန့်အပ်ပြီးတော့ ပြန်လုပ်ပေးမယ်’’ ဟု ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကပြောသည်။
ထို့အပြင် မောင်တောဒေသ ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့အပါအ၀င် ၎င်းတို့၏ မိသားစုဝင်များ ယုံကြည်အားကိုးမှုရှိရန် ဆောင်ရွက်မည်ဖြစ် ကြောင်း မီဒီယာများအား ပြော ကြားသည်။
အောက်တိုဘာ ၉ ရက်က မောင်တော အကြမ်းဖက်မှုဖြစ်ပွားချိန်တွင် နယ်ခြားစောင့်ရဲကွပ်ကဲရေးမှူးရဲမှူးချုပ် မောင်မောင်ခိုင်သည် မင်းပြား မြို့နယ်သို့ ရောက်ရှိနေကြောင်းသိရသည်။
ပြည်ထဲရေး ၀န်ကြီးဌာနက ရဲမှူးချုပ် မောင်မောင်ခိုင် နေရာ တွင် ရဲမှူးချုပ် သူရဆန်းလွင်အား ပြောင်းလဲတာဝန်ပေးအပ်ခြင်းနှင့် ပတ်သက်၍ အသေးစိတ်အချက် အလက်များကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။
အောက်တိုဘာ ၁၇ ရက်တွင် မောင်တောမြို့ပေါ် အခြေအနေ မှာ ပြန်လည်စည်ကားနေပြီး နယ် မြေရှင်းလင်းရေး လုပ်ငန်းများ၌ အကြမ်းဖက်သမားများနှင့် ထိတွေ့ပစ်ခတ်မှု နည်းပါးကြောင်း သတင်းရရှိသည်။
===================
251 / End
၁၈ အောက်တိုဘာ ၂၀၁၆ - ၁၈:၄၆
News ID: 786365
အကာလ်မူလ်မူဂျာ ဟီဒင်န်အကြမ်းဖက်အဖွဲ့က ၀င် ရောက်စီးနင်းခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ နယ်ခြားစောင့်ရဲတပ် ဖွဲ့ကွပ်ကဲရေးမှူးရဲမှူးချုပ်မောင် မောင်ခိုင်နေရာတွင် ရဲတပ်ရင်း များကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရ ဆန်းလွင်ဖြင့် အစားထိုးတာဝန် ပေးအပ်လိုက်ကြောင်း သတင်း ရရှိသည်။