အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော် သမ္မတကြီး ဦးထင်ကျော်ဟာ အစိုးရ သက်တမ်းအတွင်း ပထမဆုံး အကြိမ်အဖြစ် ဗီယက်နမ် နိုင်ငံကို အလည်အပတ် ရောက်ရှိခဲ့ပါတယ်။
ဦးထင်ကျော်ကို ဗီယက်နမ် အစိုးရက ဟနွိုင်းမြို့မှာ အခမ်းအနားနဲ့ ကြိုဆိုခဲ့ပါတယ်။ သမ္မတကြီးဟာ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံကို
၃ ရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်ခဲ့တာပါ။ ဗီယက်နမ် သမ္မတ ထရမ်ဒိုင်ကွမ်ကိုယ်တိုင် ဦးစီးတဲ့ ကြိုဆိုမှု အခမ်းအနား အပြီးမှာ နိုင်ငံခေါင်းဆောင် နှစ်ဦးဟာ
ဗီယက်နမ်နဲ့ မြန်မာတို့ကြား စိုက်ပျိုးရေး၊ ဘဏ်လုပ်ငန်း၊ လေကြောင်းသွားလာမှု၊ ဆက်သွယ်ရေး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ သတ္တုတူးဖော်ရေး၊
ကုန်သွယ်ရေး ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်သွားဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။
===================
251 / End
၂၈ အောက်တိုဘာ ၂၀၁၆ - ၁၈:၁၉
News ID: 788412
နိုင်ငံတော် သမ္မတကြီး ဦးထင်ကျော်ဟာ အစိုးရ သက်တမ်းအတွင်း ပထမဆုံး အကြိမ်အဖြစ် ဗီယက်နမ် နိုင်ငံကို အလည်အပတ် ရောက်ရှိခဲ့ပါတယ်။