အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပြင်ဦးလွင်တန်ဆောင် တိုင်ပွဲတော်ကာလတွင် ယာဉ် ကြောပိတ်ဆို့မှုမရှိစေရန် မူဆယ်၊ လားရှိုးတွဲကားကြီးများ မြို့ရှောင် လမ်းမှ အတက်၊အဆင်းပြုလုပ်ရ မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
မူဆယ်မှ မန္တလေးနှင့်ရန် ကုန်သို့ သွားလာသည့် တွဲကား များသည် နိုဝင်ဘာ ၅ ရက်မှ ၁၆ ရက်အထိ ပြင်ဦးလွင်မြို့ရှောင်လမ်းမှ အတက်၊အဆင်းပြုလုပ်ရန် သတင်းထုတ်ပြန်ထားကြောင်း ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲ တော်ကျင်းပရေးဦးစီးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘ပွဲတော်ကာလအတွင်းမှာ ယာဉ်ပိတ်ဆို့မှုတွေမဖြစ်ဖို့အ တွက် မြို့ရှောင်လမ်းကနေ တွဲ ကားတွေကို သွားခိုင်းမယ်။ ပွဲ တော်လာတဲ့လူတွေကို ကန့်သတ် တာမျိုးမရှိဘူး။ အရင်ကလည်း တွဲကားတွေက မြို့ရှောင်လမ်းပြီး ကတည်းက သွားနေကြပြီ။ ဒါပေ မဲ့ ပွဲတော်ရက်မှာတော့ မသွားဖို့ ကန့်သတ်ထားတယ်’’ဟု ၎င်းက ပြောသည်။
မူဆယ်-မန္တလေးအဝေး ပြေးလမ်းမှ သွားလာနေသည့် တွဲ ကားကြီးများသည် မြို့ရှောင်လမ်း မှ ဖြတ်သန်းသွားလာကြရန် လမ်း လွှဲမြေပုံပါ လက်ကမ်းစာ စောင်များ၊ လမ်းခွဲများတွင် မြေ စိုက်ပိုစတာများ စိုက်ထူပြီး လမ်း လွှဲအတိုင်း မောင်းနှင်ကြရန် ထုတ်ပြန်ထားကြောင်း သိရသည်။
ခရီးသည်တင်ယာဉ်ငယ် များကိုမူ မြို့တွင်းကားဝင်းထိ အ ဝင်အထွက်ပြုမည်ဖြစ်ပြီး ရပ်ဝေး ရပ်နီးမှ ဘုရားပွဲလာယာဉ်များနှင့် မြို့တွင်းအိမ်စီးယာဉ်ငယ်များကို ဘုရားပွဲဝင်းယာဉ်ရပ်နားစခန်း အထိ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှ စုံ စမ်းသိရသည်။
ပြင်ဦးလွင်တန်ဆောင်တိုင် ပွဲတော်ကို နိုဝင်ဘာ ၁၁ ရက်မှ ၁၅ ရက်အထိ မဟာအံ့ထူးကံသာ ဘုရားကြီးအရှေ့ဘက် တန် ဆောင်တိုင်မီးပုံးပျံကွင်းတွင် ကျင်းပမည်ဖြစ်သည်။
===================
251 / End
၇ နိုဝင်ဘာ ၂၀၁၆ - ၁၇:၃၄
News ID: 790453
ပြင်ဦးလွင်တန်ဆောင် တိုင်ပွဲတော်ကာလတွင် ယာဉ် ကြောပိတ်ဆို့မှုမရှိစေရန် မူဆယ်၊ လားရှိုးတွဲကားကြီးများ မြို့ရှောင် လမ်းမှ အတက်၊အဆင်းပြုလုပ်ရ မည်ဖြစ်ကြောင်း သတင်းရရှိ သည်။