၁၀ နိုဝင်ဘာ ၂၀၁၆ - ၁၇:၅၉
ရာမောင်ကြိုးတံတား အကြီးစားပြင်ဆင်မှု သုံးလခန့် ကြာမြင့်မည်

ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်း မင်းပြားမြို့နယ်အတွင်းရှိ ရာမောင်ကြိုးတံ တားကို အကြီးစားပြုပြင်နေရာ အချိန်သုံးလခန့် ကြာမြင့်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်း မင်းပြားမြို့နယ်အတွင်းရှိ ရာမောင်ကြိုးတံ တားကို အကြီးစားပြုပြင်နေရာ အချိန်သုံးလခန့် ကြာမြင့်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

 ရာမောင်  ကြိုးတံတား၏ အောက်ခံသံပေါင်များ ကျိုးပဲ့နေ၍ အကြီးစားပြင်ဆင်မှုကို နိုဝင်ဘာ ၁ ရက်ကစ၍ ဂျပန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းကာပြင်ဆင်နေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

‘‘ဂျပန်ကပညာရှင်တွေနဲ့ ပူး ပေါင်းပြီးတော့ အကြီးစားပြင်ဆင် မှုတွေ ပြုလုပ်နေပါတယ်။ အချိန် သုံးလကြာမှာ ဖြစ်ပါတယ်။ တံ တားပြုပြင်နေတဲ့အချိန် ခရီးစဉ် တွေ ရပ်ဆိုင်းမှုမရှိအောင် ဇက် သင်္ဘောတွေနဲ့ ကူးဖြတ်ပေးနေပါ တယ်’’ဟု အထက်ပါတာဝန်ရှိသူ က ဆိုသည်။

ရန်ကုန်-စစ်တွေကားလမ်း ပေါ်တွင် ပြေးဆွဲနေသည့် ရွှေပြည် သစ်အဝေးပြေးလိုင်းမှ ယာဉ်မောင်း တစ်ဦးက ‘‘ကားတွေကတော့ ဇက် သင်္ဘောတွေနဲ့ ဖြတ်သန်းနေရပါ တယ်။ ဇက်တွေစောင့်ရတဲ့အတွက် ခရီးသွားချိန် နည်းနည်းကြန့်ကြာ နေတာပေါ့။ ဒါပေမဲ့ အန္တရာယ်ကင်း အောင် ဆောင်ရွက်လိုက်တာတော့ ကောင်းပါတယ်’’ ဟု ပြောကြားသည်။

ရာမောင်ကြိုးတံတားကို ပြီးခဲ့ သည့် ဧပြီ အတွင်းကလည်း အ သေးစားပြင်ဆင်မှုတစ်ကြိမ် ပြုလုပ် ခဲ့ကြောင်း သိရသည်။

===================    
251 / End