၂၆ နိုဝင်ဘာ ၂၀၁၆ - ၁၇:၂၉
ဒေါက်တာသန်းထွဋ်အောင်နှင့် ဦးဝေဖြိုးတို့ကို အာမခံပေး၊မပေး နိုဝင်ဘာ ၃၀ ရက်အမိန့်ချမည်

အလဲဗင်းမီဒီယာဂရု(ပ်) စီအီးအို ဒေါက်တာသန်းထွဋ် အောင်နှင့် အလဲဗင်းနေ့စဉ်သတင်း စာ အယ်ဒီတာချုပ်ဦးဝေဖြိုးတို့၏ ပထမဆုံးအကြိမ် ရုံးထုတ်တွင် အာမခံလျှောက်ထားရာ တာမွေ မြို့နယ် တရားသူကြီးက အာမခံ ပေး၊ မပေးကို နိုဝင်ဘာ ၃၀ ရက် တွင် အမိန့်ချမည်ဟု ဆုံးဖြတ်ခဲ့ ကြောင်း သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အလဲဗင်းမီဒီယာဂရု(ပ်) စီအီးအို ဒေါက်တာသန်းထွဋ် အောင်နှင့် အလဲဗင်းနေ့စဉ်သတင်း စာ အယ်ဒီတာချုပ်ဦးဝေဖြိုးတို့၏ ပထမဆုံးအကြိမ် ရုံးထုတ်တွင် အာမခံလျှောက်ထားရာ တာမွေ မြို့နယ် တရားသူကြီးက အာမခံ ပေး၊ မပေးကို နိုဝင်ဘာ ၃၀ ရက် တွင် အမိန့်ချမည်ဟု ဆုံးဖြတ်ခဲ့ ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အထက်ပါပုဂ္ဂိုလ် နှစ်ဦးကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုထား ခြင်းကို ယမန်နေ့က ပထမဆုံး အကြိမ် ရုံးထုတ်ခဲ့ပြီး ၎င်းတို့၏ ရှေ့နေများက နှစ်ဦးစလုံးအတွက် အာမခံရရှိရန် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာသန်းထွဋ်အောင် သည် နိုဝင်ဘာ ၂၃ ရက် ည ၁၁ နာရီခန့်တွင် နှလုံးရောဂါဝေဒနာ ကြောင့် ထောင်ဆေးရုံသို့ တက် ရောက်ခဲ့ရကြောင်းနှင့် ၎င်းတွင် အရိုးကျီးပေါင်း၊ နှလုံးနှင့် အစာ အိမ်ဝေဒနာများ ခံစားနေရ၍ လို အပ်သည့် ခံဝန်များနှင့်အတူ အာ မခံလျှောက်ထားကြောင်း တရား လွှတ်တော် ရှေ့နေ ဦးကျော်လင်း က တရားခွင်၌ ပြောကြားသည်။

တာမွေမြို့နယ် တရားသူ ကြီးက အာမခံပေး၊ မပေးကို ဒီဇင်ဘာ ၂ ရက်တွင် အမိန့်ချမည် ဟု ပထမတွင် ပြောကြားခဲ့သော် လည်း ကျန်းမာရေးအခြေအနေ အရ ရက်ရှေ့တိုး ဆုံးဖြတ်ရန် တောင်းဆိုခဲ့မှုများကြောင့် ဒီဇင် ဘာ ၁ ရက်၊ ထိုမှတစ်ဆင့် နိုဝင် ဘာ ၃၀ ရက်တွင် အမိန့်ချမည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဒေါက်တာသန်းထွဋ်အောင် သည် ၎င်းအနေဖြင့် ဘဝတစ် လျှောက်၌ မှန်ကန်စွာ နေထိုင်ခဲ့ သူတစ်ဦးဖြစ်ပြီး ချုပ်ရက်အတွင်း ရုတ်တရက် သေဆုံးခဲ့သည်ရှိ သော် မည်သူက တာဝန်ယူ၊ တာ ဝန်ခံမည်ကို မေးခွန်းထုတ်ခဲ့ကာ နိုင်ငံတကာနှင့် မီဒီယာများကို မဖြေရှင်းနိုင်ပါက ပြဿနာ ကြီး မားစွာ ဖြစ်မည်ကို စိုးရိမ်ကြောင်း ပြောကြားသည်။

ဦးဝေဖြိုးကလည်း ၎င်းသည် ဒေါက်တာသန်းထွဋ်အောင်နှင့် အနီးကပ်နေရသူဖြစ်ပြီး နှလုံး ရောဂါ ခံစားရသည့် နိုဝင်ဘာ ၂၃ ရက်ညက ခက်ခဲစွာ ရင်ဆိုင်ခဲ့ရပုံ ကို ရှင်းပြကာ  အလွန်စိုးရိမ် ကြောင်းနှင့် ဆေးဖြင့် ကြိုတင်ကာ ကွယ်၍ မရခြင်းကြောင့် ဒေါက် တာသန်းထွဋ်အောင်အား အမြန် ဆုံး အာမခံပေးရန် တောင်းဆိုခဲ့ သည်။

တာမွေမြို့နယ် တရားသူ ကြီးကဒေါက်တာသန်းထွဋ် အောင်အား သောက်သုံးနေကျ ဆေးဝါးများကို ယူဆောင်သွားရန် ညွှန်ကြားခဲ့ပြီး  ပထမဆုံးအကြိမ် ရုံးထုတ်သည့်နေ့၌ အာမခံမပေး ဘဲ နိုဝင်ဘာ ၃၀ ရက်တွင် အာမခံ ပေး၊ မပေး အမိန့်ချမည်ဟု ပြော ကြားသည်။

‘‘ဒီနေ့ အမှုတင်ဖြစ်တယ်။ ၆၆(ဃ)နဲ့ပဲ တင်တယ်။ ၆၆(ဃ) သည် အာမခံပေးလို့ရတဲ့ပုဒ်မဖြစ် တယ်ဆိုတဲ့အကြောင်းကို ဥပဒေ စီရင်ထုံးတွေမှာ သေသေချာချာ တင်ပြတယ်။ အဲဒီလို ပေးထားတဲ့ သာဓကတွေ ပြည်မှာ၊ ပဲခူးမှာ အာမခံပေးထားတယ်။ ဒီတော့ ၆၆(ဃ)ဟာ အာမခံပေးလို့ရတယ် ဆိုတာ ပြတဲ့အပြင် ဒီပုဒ်မဟာ တစ်ကျောင်းတစ်ဂါထာ မဖြစ် သင့်ဘူး။ ပေးသင့်တယ်လို့ ဆရာ တို့က လျှောက်လဲချက်ပေးတယ်’’ ဟု တရားလွှတ်တော်ရှေ့နေ ဦး ကြီးမြင့်က သတင်းထောက်များ အား ပြောသည်။

အထက်ပါရုံးထုတ်တွင် တရားလိုဘက်က လာရောက်ခြင်းမရှိဘဲ ရုံးချိန်းကို နိုဝင်ဘာ ၃၀ ရက်၌ အမှုနှင့်ပတ်သက်၍ စတင် စစ်ဆေးခြင်း ပြု၊ မပြုသည် တရားလိုဘက်က လာရောက်ခြင်း ရှိ၊ မရှိအပေါ် မူတည်ကြောင်း ဦးကြီး မြင့်က ရှင်းပြသည်။

===================    
251 / End