အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရခိုင်ပြည်နယ် မောင် တောဒေသတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်ခံရမှုများ အပေါ် စုံစမ်းစစ်ဆေးရန် အဖွဲ့ဝင်၁၃ ဦးပါသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဒီဇင်ဘာ ၁ ရက်၌နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်း ခဲ့ရာ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာ ကို နိုင်ငံတော်သမ္မတထံသို့ ၂၀၁၇ ဇန်နဝါရီ ၃၁ ရက်အရောက်တိုက်ရိုက်အစီရင်ခံတင်ပြရမည် ဖြစ်ကြောင်း သတင်းရရှိသည်။
မောင်တောဒေသအကြမ်း ဖက်တိုက်ခိုက်ခံရမှုနှင့်ပတ်သက် ၍ နိုင်ငံတော်အဆင့် စုံစမ်းစစ် ဆေးရေးအဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်းရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌအ ဖြစ် တာဝန်ယူထားသည့် ရခိုင် ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေးအကောင်အ ထည်ဖော်ရေးဗဟိုကော်မတီက နိုဝင်ဘာ ၁၈ ရက်တွင် ဆုံးဖြတ်ခဲ့ ရာ ဒီဇင်ဘာ ၁ ရက်၌ နိုင်ငံတော် သမ္မတရုံးက ယခုကဲ့သို့ ဖွဲ့စည်း ခြင်းဖြစ်သည်။
ကော်မရှင်ဥက္ကဋ္ဌမှာ ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂတွင် တာဝန်ထမ်း ဆောင်ခဲ့သည့် အငြိမ်းစားပုဂ္ဂိုလ် များ၊ ဘာသာရေးဆိုင်ရာ အသင်း အဖွဲ့များနှင့် မြန်မာနိုင်ငံအမျိုး သားလူ့အခွင့်အရေးကော်မရှင် တို့မှ ပုဂ္ဂိုလ်များအား ကော်မရှင် အဖွဲ့ဝင်များအဖြစ် တာဝန်ပေး ထားသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်နှင့် နိုဝင်ဘာ ၁၂ ရက်၊ ၁၃ ရက်များတွင် ရခိုင်ပြည်နယ်မောင် တောဒေသ၌ ဖြစ်ပွားခဲ့သောအ ကြမ်းဖက်တိုက်ခိုက်ခံရမှုများအ ပေါ် ဖြစ်ပွားရသည့် နောက်ခံအ ခြေအနေများနှင့် အဖြစ်မှန်ပေါ် ပေါက်စေရေး စုံစမ်းစစ်ဆေးရန်ကော်မရှင် ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။
နောင်အလားတူဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေးဖြစ်စဉ်များ နှင့်ပတ်သက်၍ ဆောင်ရွက်မှုတွင် နိုင်ငံတော်၏တည်ဆဲဥပဒေလုပ် ထုံးလုပ်နည်းများနှင့်အညီ ဆောင် ရွက်ခဲ့ခြင်းရှိ၊ မရှိကိုလည်း ကော် မရှင်အနေဖြင့် စုံစမ်းစစ်ဆေးရ မည်ဖြစ်ကြောင်း သိရသည်။
စုံစမ်းစစ်ဆေးရေးကော်မ ရှင်သည် အကြမ်းဖက်တိုက်ခိုက်မှု ကြောင့် သေဆုံး ဒဏ်ရာရရှိမှု၊ ပျက်စီးဆုံးရှုံးမှုနှင့် အခြားထိခိုက်မှုများ၊ ဒေသတည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ နယ်မြေရှင်းလင်းစိုးမိုးရေးဆောင်ရွက်ချက် များအပေါ် ပြင်ပမှ စွပ်စွဲချက်များ မှန်ကန်မှုရှိ၊ မရှိတို့ကို လေ့လာစိစစ်ရမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သည့် စုံစမ်း စစ်ဆေးရေးကော်မရှင်ဖွဲ့စည်း ခြင်းအမိန့်ကြော်ငြာစာတွင် ပါရှိ သည်။
ထို့ပြင် ကော်မရှင်အနေဖြင့် ပြည်သူများ၏လုံခြုံရေးနှင့်အခြေ ခံအခွင့်အရေးများကို အာမခံချက် ပေးနိုင်ရေး၊ ပဋိပက္ခများကြိုတင် ကာကွယ်ရေး၊ လူသားချင်း စာနာ ထောက်ထားမှုအကူအညီများ ပံ့ပိုးရေး၊ စုံစမ်းစစ်ဆေးတွေ့ရှိ ချက်များအပေါ် အခြေခံ၍ နောင်အလားတူဖြစ်စဉ်မျိုး ထပ်မံမဖြစ် ပွားစေရေးအတွက် ဆောင်ရွက် သင့်သည့်အစီအမံများစသည်တို့ ကို စစ်ဆေးသုံးသပ်ပြီး နိုင်ငံတော် သမ္မတထံ အကြံပြုတင်ပြရမည် ဖြစ်ကြောင်း သိရသည်။
စုံစမ်းစစ်ဆေးရေးကော်မ ရှင်၏တာဝန်ထမ်းဆောင်စဉ် လုံ ခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာလို အပ်ချက်များကို နိုင်ငံတော်သမ္မ တရုံးနှင့် ရခိုင်ပြည်နယ်အစိုးရအ ဖွဲ့တို့က စီမံဆောင်ရွက်ပေးရမည် ဖြစ်သည်။
စုံစမ်းစစ်ဆေးရေးကော်မ ရှင်သည် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ရာဇဝတ်ကျင့် ထုံးဥပဒေ၊ သက်သေခံဥပဒေတို့ နှင့်အညီ စုံစမ်းစစ်ဆေးနိုင်သည့် အပြင် လိုအပ်သော လူပုဂ္ဂိုလ်များ ခေါ်ယူမေးမြန်းခြင်း၊ စာရွက်စာ တမ်းများတောင်းယူခြင်းနှင့် လိုအပ်သည့်နေရာသို့ သွားရောက် စစ်ဆေးခြင်းတို့ ဆောင်ရွက်ခွင့် ရှိကြောင်း သမ္မတရုံး၏ ထုတ်ပြန် ချက်အရ သိရသည်။
စုံစမ်းစစ်ဆေးရေးကော်မ ရှင်အဖွဲ့ဝင်များသည် အငြိမ်းစား ပြည်ထောင်စုဝန်ကြီး ဦးအောင် ကြည်၊ အငြိမ်းစားကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် ဦးထွန်းမြတ်၊ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက် သက်ဇင်၊ အငြိမ်းစားကုလသမဂ္ဂ အကြီးတန်းအကြံပေးဒေါက်တာ အောင်ထွန်းသက်၊ မြန်မာနိုင်ငံအ မျိုးသားလူ့အခွင့်အရေးကော်မ ရှင်အဖွဲ့ဝင် ဦးညွန့်ဆွေ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစောသလေးစော၊ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဒေါ်ကျိန် ငိုက်မန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ ချုပ်ဇော်ဝင်း၊ ပြည်ထောင်စုရှေ့ နေချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့နာယ က သံအမတ်ကြီး(အငြိမ်းစား) ဒေါက်တာလှမောင်၊ ရန်ကုန်က လျာဏယုဝခရစ်ယာန်အသင်းအ ထွေထွေအတွင်းရေးမှူး ဦးသာ ဉာဏ်တို့ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်ဥပဒေရေးရာနှင့် အ ထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးဇော်မြင့်ဖေက ကော်မရှင်အ တွင်းရေးမှူးဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်တွင် မောင်တောဒေသရှိ နယ်ခြားစောင့်ရဲကင်းစခန်းများ အကြမ်းဖက်တိုက်ခိုက်ခံရပြီး ရဲ တပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရ ရှိခဲ့သည်။ မောင်တောဒေသအ ကြမ်းဖက်တိုက်ခိုက်မှုသည် RSO အကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ် သော အကာလ်မူလ်မူဂျာဟီဒင်န် အဖွဲ့၏လက်ချက်ဖြစ်ပြီး မောင် တောဒေသကို ခြေကုပ်ယူကာ ဘူးသီးတောင်၊ မောင်တောဒေသ ကို သိမ်းပိုက်နိုင်ရန် ကြိုးပမ်းခဲ့ ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မ တရုံးက အောက်တိုဘာ ၁၄ ရက် တွင် တရားဝင်သတင်းထုတ်ပြန် သည်။
===================
251 / End
၃ ဒီဇင်ဘာ ၂၀၁၆ - ၁၈:၀၇
News ID: 795815
ရခိုင်ပြည်နယ် မောင် တောဒေသတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်ခံရမှုများ အပေါ် စုံစမ်းစစ်ဆေးရန် အဖွဲ့ဝင်၁၃ ဦးပါသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဒီဇင်ဘာ ၁ ရက်၌နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်း ခဲ့ရာ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာ ကို နိုင်ငံတော်သမ္မတထံသို့ ၂၀၁၇ ဇန်နဝါရီ ၃၁ ရက်အရောက်တိုက်ရိုက်အစီရင်ခံတင်ပြရမည် ဖြစ်ကြောင်း သတင်းရရှိသည်။