အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မလေးရှားနိုင်ငံမှာ ရှိနေကြတဲ့ မြန်မာနိုင်ငံသားများအနေဖြင့် အထူးဂရုပြု သွားလာနေထိုင်ကြရန် ကွာလာလမ်ပူရှိ မြန်မာသံရုံးက သတိပေး တိုက်တွန်းချက်ကို ဒီဇင်ဘာ ၂ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး ယခုရက်များအတွင်း မလေးရှားနိုင်ငံရှိ နိုင်ငံရေးပါတီများ၊ ဘာသာရေးအဖွဲ့အစည်းများနဲ့ NGO များက ဦးဆောင်ပြီး မြန်မာသံရုံးသို့ လာရောက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး လာမယ့် ရက်များအတွင်းမှာလည်း ဆန္ဒပြမှုများ ဆက်လက် ပြလုပ်သွားရန်ရှိနေတာကြောင့် မြန်မာသံရုံးက အခုလို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
အခုလို အခြေအနေတွေကြောင့် မလိုလားအပ်တဲ့ ကိစ္စရပ်များ မဖြစ်ပေါ်စေရေးအတွက် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် အထူးဂရုပြု သွားလာနေထိုင်ကြရန် တိုက်တွန်းအပ်ကြောင်း သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
===================
251 / End
၃ ဒီဇင်ဘာ ၂၀၁၆ - ၁၈:၂၀
News ID: 795820
မလေးရှားနိုင်ငံမှာ ရှိနေကြတဲ့ မြန်မာနိုင်ငံသားများအနေဖြင့် အထူးဂရုပြု သွားလာနေထိုင်ကြရန် ကွာလာလမ်ပူရှိ မြန်မာသံရုံးက သတိပေး တိုက်တွန်းချက်ကို ဒီဇင်ဘာ ၂ ရက်က ထုတ်ပြန်ခဲ့ပါတယ်။