အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ထိုစကားကို ၂၀၁၄ မတ်လ ၂၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ ထိုစဉ်က နိုင်ငံတော်၏ သမ္မတဖြစ်သူ ဦးသိန်းစိန်ပြောကြားခဲ့ခြင်း ဖြစ်သည်။နိုင်ငံတစ်နိုင်ငံအတွက် အရေးပါသော စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုစသော ကဏ္ဍအသီးသီး၌ ဦးစီးခေါင်းဆောင်နေရာကို ရောက်ရှိလာ သော လူတို့၏ ကိုယ်၊ နှုတ်၊ စိတ်ကံသုံးပါးဖြင့် ပြုပြုသမျှသော လုပ်ရပ်တို့သည် သမိုင်းအဖြစ် ကျန်ရစ်စမြဲ ဖြစ်သည်။ ထိုသို့သမိုင်းတွင်ရစ်မည့် ပြုမူဆောင်ရွက် ချက်များသည် အမှားနည်းနိုင်သမျှ နည်းပါးလျှင်အကောင်းဆုံးဖြစ်ပါလိမ့်မည်။ သမ္မတဦးသိန်းစိန်ပြောခဲ့သလိုပင် သမိုင်းဆိုသည်မှာ ရေးပြီးလျှင် ပြန်ပြင်၍ရစကောင်းသော အရာမဟုတ်သဖြင့် ပို၍ဂရုပြု ရန် လိုအပ်မည်လည်း ဖြစ်သည်။ သို့သော် ထိုသို့ပြောခဲ့သူကိုယ်တိုင်ပင် သူသမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ် ပြုမူဆောင်ရွက်ခဲ့သော အရာများက အဂတိတရားကင်းပါ၏လော။ တော်တည့်မှန်ကန်ပါ၏လောဟု သတင်းစာဆရာ၊ စာရေးဆရာနှင့် ခေတ်ပြိုင်သုတေ သီများက သုံးသပ်စမြဲဖြစ်သည်။ ယခုလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၂၀၁၁ မတ်လ ၃၀ ရက်မှ ၂၀၁၆ မတ်လ ၃၀ ရက်အထိ အုပ်ချုပ်ခဲ့သည့် ငါးနှစ်တာကာလအတွင်း ဆောင်ရွက်ချက်အချို့ကို စာရေးသူ သန်းဌေးက ရာဇပလ္လင်ထက်မှာ ငါးနှစ်တာဆိုသည့် စာအုပ်ဖြင့် ဝေဖန်အကဲဖြတ်လိုက်ခြင်း ဖြစ်သည်။ စာရေးသူ သန်းဌေးသည် သတင်းထောက်တစ်ဦးဖြစ်သည်။ ထို့ ကြောင့် သာမန်ပြည်သူလူထုနှင့်စာလျှင် သတင်းရင်း မြစ်များနှင့် ပို၍ နီးစပ်သူ ဖြစ်သည်။ မဏ္ဍိုင်သုံးရပ်ကို ကြည့်မြင်ရာတွင်လည်း သတင်းထောက်တစ်ဦး၏ ၀ိညာဉ်တို့ပူးဝင်စောင့်ကြည့်နေသည်ဖြစ်၍ ပိုမိုနက် ရှိုင်းစွာ မြင်တွေ့သည်ဟု ဆိုရပေမည်။
သူ၏ စာအုပ်တွင် အပိုင်း ၂၃ ပိုင်းပါရှိပြီး စိတ် ၀င်စားဖွယ်ခေါင်းစဉ်များဖြင့် တင်ပြထားသည်။ ခြင်္သေ့လည်ပြန်၊ နွေဦးလား လေရူးသုန်သုန်လား၊ ကျောင်း သားတွေအတွက် ထောင်တံခါးပွင့်လေပြီ။ ဖိုးလပြည့် ရဲ့ သမိုင်းတွင်မယ့် ညတစ်ညနဲ့ ဇာတ်လမ်းတွဲ၊ လစ် ပတန်တီးတစ်ခွက်ရဲ့ ဂယက်အနက်၊ ကာလာစုံဖဲကြိုး လှုပ်ရှားမှုမှသည် စသည်တို့ကို စိတ်ဝင်စားဖွယ်ဖတ် ရှုရမည် ဖြစ်သည်။
‘‘တိုင်းပြည်တိုင်းမှာ အစိုးရရှိတယ်။ အစိုးရတိုင်း ဟာ သူတို့လုပ်သမျှ မှန်တယ်ထင်တယ်။ လုပ်ပိုင်ခွင့် ရှိချိန်မှာ ဆုံးဖြတ်ဆောင်ရွက်သမျှအတွက် တာဝန်မ ခံစေရလို့ ဖွဲ့စည်းပုံနဲ့ အသစ်ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေမြန်မာအစိုးရတွေအတွက် ခြွင်းချက်ပေးထားတယ်။
အဲဒီတော့ ကိုယ်မှန်တယ်ထင်တာတာ ဆုံးဖြတ် လုပ်ပိုင်ခွင့်ရှိတယ်။ ဆောင်ရွက်သမျှ ကိစ္စတိုင်းအ တွက် တာဝန်ခံစရာ တာဝန်ယူစရာမလိုဘူးဆိုတဲ့ မူမျိုးတွေ့ရတယ်။
အစိုးရတိုင်းရဲ့ ဆောင်ရွက်ချက်တိုင်းဟာ အမှန်လို့ ယူဆစတမ်းဆိုရင် အုပ်ချုပ်ခံပြည်သူတိုင်းရဲ့ အစိုးရအပေါ် ဝေဖန်ဆန့်ကျင်မှုတိုင်းဟာ အမှားဖြစ် ရာရောက်စေတယ်။
ဒါပေမယ့် အစိုးရရဲ့ တချို့သော ဆောင်ရွက် ချက်တွေကို တစ်စချင်းစီ ဖြေထုတ်ကြည့်ရာမှာတော့အလွဲအမှားနဲ့ မတို့မထိရဲခဲ့တဲ့ မှားချက်တွေကို တွေ့ခဲ့ ရတယ်။
အလုပ်လုပ်တယ်၊ အလုပ်လုပ်ခဲ့တယ်ဆိုရာ မှာလည်း ‘‘မူလနေရာကနေ ရွေ့ခဲ့တယ်ဆိုရင် အ လုပ်လုပ်တယ်လို့ ဆိုနိုင်ပြီး ဘယ်လောက်ပဲ အားစိုက် စိုက် ရွေ့လျားမှု လုံးဝမရှိခဲ့ရင်တော့ အလုပ်လုပ် တယ် မမည်ဘူးလို့’’ဆိုတဲ့ ရူပဗေဒသီအိုရီနဲ့ အစိုးရ တိုင်းကို ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
လှုပ်ခတ်ရွေ့လျားမှုတွေ ဖြစ်တိုင်းမှာလည်း ကောင်းကျိုးချည်းပဲဖြစ်ထွန်းလာမယ်လို့ ဘယ်ပညာ ရှင်မှ အာမမခံနိုင်ပါဘူး။ တချို့သော ဖြစ်ရပ်တွေမှာ ဆို ကောင်းဆိုးဒွန်တွဲပါလာလို့ ခွဲထုတ်မရဖြစ်တတ် ပါတယ်’’စာရေးသူ သန်းဌေး၏ နိဂုံးစာတစ်ပိုဒ်တွင် ရေးသားထားသကဲ့သို့ပင် ဦးသိန်းစိန်အစိုးရ၏ ဆောင်ရွက်မှုကို သတင်းထောက်တစ်ဦး၏ တာဝန်ဝတ္တရား များကို ထမ်းဆောင်နေသည့်ကြားမှပင် အကြောင်းအရာတိုင်းကို စေ့ငုမှတ်သားကာ ပိုင်းဖြတ်ဝေဖန်ရေးသားထားသည့် စာအုပ်ဖြစ်သည်။ စာအုပ်ကို တန်ဖိုး ၃,၀၀၀ကျပ်ဖြင့် မျိုးဆက်သစ်စာပေက ဖြန့်ချိသည်။
===================
251 / End
၁၄ ဒီဇင်ဘာ ၂၀၁၆ - ၁၈:၄၄
News ID: 798189
‘‘သမိုင်းဆိုတာ ရေးပြီးရင် ပြင်လို့မရသလို အတုယူဖွယ် သို့မဟုတ် ဆင်ခြင်သုံးသပ်ဖွယ်မှတ်တမ်း အဖြစ် ကျန်နေမှာကို သတိပြုရမှာ ဖြစ်ပါတယ်’’