၁၅ ဒီဇင်ဘာ ၂၀၁၆ - ၁၅:၀၈
ရခိုင်တွင် ဖြစ်ပွားသော အကြမ်းဖက်တိုက်ခိုက်မှုများ ဆော်ဒီအာရေဗျနှင့် ပါကစ္စတန်တို့နှင့် ချိတ်ဆက်မှုရှိကြောင်း ICG ထုတ်ပြန်

အောက်တိုဘာလအတွင်း မြန်မာနယ်ခြားစောင့်စခန်းများအား လာရောက်တိုက်ခိုက်သည့် အုပ်စုသည် ဆော်ဒီအာရေဗျနှင့် ပါကစ္စတန်တို့နှင့် အဆက်အသွယ်ရှိသောသူများက ဦးဆောင်ကာ ကျုးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း ယင်းအုပ်စု၏ အဖွဲ့ဝင်များကို ကိုးကားလျက် ဘယ်လ်ဂျီယံ အခြေစိုက် International Crisis Group ICG က ဒီဇင်ဘာ ၁၅ ရက်၌ ထုတ်ပြန်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



အောက်တိုဘာလအတွင်း မြန်မာနယ်ခြားစောင့်စခန်းများအား လာရောက်တိုက်ခိုက်သည့် အုပ်စုသည် ဆော်ဒီအာရေဗျနှင့် ပါကစ္စတန်တို့နှင့် အဆက်အသွယ်ရှိသောသူများက ဦးဆောင်ကာ ကျုးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း ယင်းအုပ်စု၏ အဖွဲ့ဝင်များကို ကိုးကားလျက် ဘယ်လ်ဂျီယံ အခြေစိုက် International Crisis Group ICG က ဒီဇင်ဘာ ၁၅ ရက်၌ ထုတ်ပြန်သည်။

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း အောက်တိုဘာ ၉ ရက်က တိုက်ခိုက်မှုများကြောင့် ရဲဝန်ထမ်းကိုးဦး သေဆုံးခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်ခဲ့ရသည်။

ယင်းပဋိပက္ခတွင် နိုင်ငံပိုင်မီဒီယာ ဖော်ပြချက်အရ အနည်းဆုံး လူပေါင်း ၈၆ ဦး သေဆုံးကြောင်း ဖော်ပြပြီး ဘင်္ဂလီဦးရေ ၂၇၀၀၀ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဖြတ်ပြီး ထွက်ပြေးကြသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။

အောက်တိုဘာ ၉ ရက် တိုက်ခိုက်မှုများကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော မြန်မာနိုင်ငံအစိုးရက  အကြမ်းဖက်မှုအဖြစ် ကြေညာခဲ့သည်။

တိုက်ခိုက်မှုများကို ၎င်းတို့ကျုးလွန်ကြောင်း ကြေညာသည့် အွန်လိုင်းဗီဒီယိုဖိုင်များအားဖြင့် လည်းကောင်း၊ ဘယ်ဂျီယံအခြေစိုက် ICG အဖွဲ့က ရခိုင်ပြည်နယ်တွင်း၌ရှိသည့် ယင်းအုပ်စုအဖွဲ့ဝင်လေးဦး၊ မြန်မာနိုင်ငံပြင်ပတွင်ရှိသည့် အဖွဲ့ဝင်နှစ်ဦးနှင့် အင်တာဗျူးခဲ့ခြင်းအားဖြင့်လည်းကောင်း၊ ထိုပြင် မက်ဆေ့ခ်ျအက်ပလီကေးရှင်းများမှ ဆက်သွယ်မေးမြန်းမှုများအရလည်ကောင်း အကြမ်းဖက်တိုက်ခိုက်မှုများကို ကျုးလွန်သည့် အုပ်စုသည် ၎င်းတို့ကိုကို Harakah al-Yakin ဟု ခေါ်ဝေါ်ကြောင်း သိရှိရသည်။

Harakah al-Yakin ခေါ် Faith Movement အဖွဲ့ကို ရခိုင်ပြည်နယ်တွင် လူပေါင်း ၁၀၀ ကျော် သေဆုံးပြီး တစ်သိန်းလေးသောင်းနီးပါး နေရပ်စွန့်ခွာခဲ့ရသည့် ၂၀၁၂ အဓိကရုဏ်းများ ဖြစ်ပွားပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ပြောသည်။

တိုက်ခိုက်မှုများ မပြုလုပ်မီ နှစ်နှစ်အလိုကတည်းက ရခိုင်ရှိ ကျေးရွာများ၌ သိုသိုသိပ်သိပ်သင်တန်းများ ပေးခဲ့ကြောင်း ယင်းအဖွဲ့က ဆိုသည်။

“လက်နက်အသုံးပြုမှု၊ ပြောက်ကျားနည်းဗျူဟာများနဲ့ ဖောက်ခွဲရေးနည်းလမ်းများကို သင်တန်းတက်ခဲ့တာဖြစ်ပါတယ် ”ဟု ယင်းအဖွဲ့က ပြောသည်။

Harakah al-Yakin ၏ ခေါင်းဆောင်ဖြစ်သူမှာ ၎င်းတို့ အွန်လိုင်းတွင် ဖြန့်ခဲ့သည့် ဗီဒီယိုဖိုင်ကိုးခု၌ ထင်ထင်ရှားရှား မြင်တွေ့ရသည့် Ata Ullah ဆိုသူဖြစ်ပြီး ပါကစ္စတန်နိုင်ငံ ကရာချိတွင်   မွေးဖွားသူဖြစ်ကာ ဆော်ဒီအာရေဗျနိုင်ငံ၊ မက္ကာသို့ ရွှေ့ပြောင်းရောက်ရှိသူဖြစ်သည်။

“အတည်မပြုနိုင်ပေမယ့် သူက ပါကစ္စတန်ကို သွားရောက်ခဲ့တာ ဖြစ်နိုင်တယ်။ အဲမှာ ခေတ်သစ်ပြောက်ကျားစစ်ရေးနည်းဗျူဟာတွေကို သင်တန်းတက်ခဲ့တာဖြစ်တယ်။”ဟု ယင်းအဖွဲ့က ပြောဆိုပြီး ၎င်းသည် ရခိုင်က အုပ်စု၏ စစ်ဆင်ရေးများကို ဦးဆောင်ကြိုးကိုင်သည့် ဆော်ဒီအာရေဗျမှ 20 Rohingya ဆိုသည့် ကော်မတီ၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ကြောင်း မှတ်ချက်ပြု ပြောကြားသည်။

သီးခြားအနေဖြင့် 20 Rohingya သည် ရိုဟင်ဂျာဆိုသူ ပြည်ပြေးအုပ်စုများ၏ ကော်မတီတစ်ရပ်ဖြစ်ပြီး ယင်းက မက္ကာတွင် ရုံးချုပ်စိုက်ထားကြောင်း ICG က ဆိုထားသည်။
===================    
251 / End