၁၅ ဒီဇင်ဘာ ၂၀၁၆ - ၁၅:၃၉
မောင်တောအကြမ်းဖက်မှုနှင့်ပတ်သက်၍ သံသယရှိသူများ စစ်ဆေးရာတွင် မကြန့်ကြာစေရန် ရခိုင်စုံစမ်းရေးကော်မရှင် ညှိနှိုင်း

မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ် သက်၍ သံသယရှိသူများကို စစ် ဆေးရေး လုပ်ငန်းများ ဆောင် ရွက်ရာတွင် ကြန့်ကြာမှုမရှိစေရန် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း ရခိုင် စုံစမ်းစစ်ဆေးရေး ကော် မရှင်က သတင်းထုတ်ပြန်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ် သက်၍ သံသယရှိသူများကို စစ် ဆေးရေး လုပ်ငန်းများ ဆောင် ရွက်ရာတွင် ကြန့်ကြာမှုမရှိစေရန် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း ရခိုင် စုံစမ်းစစ်ဆေးရေး ကော် မရှင်က သတင်းထုတ်ပြန်သည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် မောင်တော ဒေသသို့ ကွင်းဆင်းခဲ့ပြီးနောက် လေ့လာတွေ့ရှိချက်များကို ဒီဇင်ဘာ ၁၄ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ကော်မရှင်နှင့် တွေ့ဆုံရာတွင် ရွာသူရွာသားများက ၎င်းတို့၏ မိသားစုဝင်များ ဖမ်းဆီးစစ် ဆေးခံနေရမှုများ ရှိပြီး အပြစ်မရှိ ပါက ပြန်လွှတ်ပေးပါရန် မေတ္တာ ရပ်ခံခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ကော်မရှင် အနေဖြင့် ရခိုင်ပြည်နယ် အစိုးရ၊ပြည်နယ်ရဲတပ်ဖွဲ့တို့နှင့် ညှိနှိုင်းကာ စစ်ဆေးမှုများ မကြန့်ကြာစေ ရေး ဆောလျင်စွာ ပံ့ပိုးဆောင် ရွက်ပေးရန် ညှိနှိုင်းပေးခဲ့ကြောင်း ဆိုသည်။

မောင်တောဒေသ အကြမ်း ဖက်တိုက်ခိုက်မှုနှင့်ပတ်သက်၍ သံသယရှိသူ ၅၇၀ ကျော်ကို ဖမ်း ဆီးစစ်ဆေးခဲ့ပြီး လက်ရှိအချိန် အထိ မသက်ဆိုင်သူ ၄၈ ဦးကို ပြန်လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး အပါ အဝင် အစိုးရထုတ်ပြန်ချက်များ မှ သိရသည်။

ထို့အပြင် မောင်တောဒေသ ကြက်ရိုးပြင်ရွာတွင် အမျိုးသမီး အချို့ အဓမ္မပြုကျင့်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်းများ ရှိသည်ဆို သည့် နိုင်ငံတကာသတင်းဌာန များ၌ ဖော်ပြခဲ့သည့် သတင်းနှင့်ပတ်သက်၍ ကွင်းဆင်းမေးမြန်း ခဲ့ရာ ယင်းဖြစ်စဉ်များမှန်ကန်ခြင်း မရှိကြောင်း ရွာသူ၊ ရွာသားများ ကို ကိုးကား၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

===================    
251 / End