အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တိုက်ပွဲများကြောင့် ပိတ်ထားခဲ့သော မုံးကိုးမြို့ရှိ စာသင်ကျောင်းများကို ယနေ့ (ဒီ ဇင်ဘာ ၂၁ ရက်) တွင် ပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်း မူဆယ် ခရိုင် ပညာရေးမှူးရုံးမှ သတင်း ရရှိသည်။
မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် အထက်တန်းတစ်ကျောင်း၊ မူလ တန်း လေးကျောင်းရှိပြီး ဒေသ တွင်း တိုက်ပွဲများကြောင့် ကျောင်း အားလုံး ပိတ်ထားခဲ့ရကြောင်း မူဆယ်ခရိုင် ပညာရေးမှူး ဦးအောင်ဝင်းက ပြောသည်။
‘‘တိုက်ပွဲမှာ အထက(မုံးကိုး) တော့ အပျက်အစီးရှိခဲ့တယ်။ ဒါ ကြောင့် မြို့ထဲမှာရှိတဲ့ စည်ပင်ပိုင် အဆောက်အအုံမှာ ယာယီဖွင့် သွားမှာဖြစ်ပါတယ်။ မူလတန်း ကျောင်းတွေကတော့ အရင်နေ ရာမှာပါပဲ။ ထိခိုက်မှုမရှိခဲ့ပါဘူး’’ ဟု ဦးအောင်ဝင်းက ပြောသည်။
မုံကိုးမြို့ အထက်တန်း ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၆၂၇ ဦးရှိပြီး ကျန်မူ လတန်းကျောင်းများ၌ ၅၀၉ ဦး ရှိကာ ကျောင်းပြန်ဖွင့်မည်ကို မိဘများအား အသိပေး အကြောင်းကြားထားကြောင်း မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက ပြောသည်။
မုံးကိုးမြို့ပေါ်တွင် ကျောင်း များ ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ် သော်လည်း လုံခြုံရေးအခြေအနေ စိတ်မချရသေးသည့် မုံးကိုးဒေသ ရှိ ကျေးရွာကျောင်းများကို ပြန်မ ဖွင့်နိုင်သေးကြောင်း သတင်းရရှိ သည်။
‘‘ဆရာ၊ ဆရာမ ဆယ် ယောက်ကိုတော့ ပြန်လွှတ်လိုက် ပြီ။ သွားနေတယ်။ အဲဒီကျောင်း တွေမှာ တချို့နေရာတွေ အစွန်အ ဖျားကျတဲ့ နေရာတွေမှာတော့ ဖွင့်ရဲချင်မှ ဖွင့်ရဲလိမ့်မယ်’’ဟု မူ ဆယ်ခရိုင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းက ပြောသည်။
မုံးကိုးဒေသ တိုက်ပွဲများ ကြောင့် ယင်းဒေသရှိ ကျေးရွာ များမှ ဆရာ၊ ဆရာမ ၁၀၀ ခန့် သည် မူဆယ်မြို့သို့ စစ်ဘေး ရှောင် လာရောက်ခဲ့ရာ လုံခြုံရေး အခြေအနေ စိတ်မချရသေး၍ လက်ရှိအချိန်အထိ ၆၀ ဦးခန့် မူဆယ်မြို့ရှိ စစ်ရှောင်စခန်းတွင် ရှိနေသေးကြောင်း သတင်းရရှိ သည်။
‘‘ကျန်နေသေးတဲ့ ဆရာမ တွေရှိသေးတယ်။ ရှိသေးတယ်ဆို တာက ပွင့်ပွင့်လင်းလင်းပြောရ ရင် နယ်မြေမစိုးမိုးသေးလို့။ နဂို တုန်းကတော့ အေးအေးချမ်းချမ်း ရှိတာပေါ့။ ဒီလိုအခြေအနေတွေ ဖြစ်လာတော့ ဆရာ၊ ဆရာမတွေ ဘယ်နေရဲမလဲ။ သူတို့အတွက် အာမံချက်မရှိဘူးလေ။ အခု မူ ဆယ် အထက(၂) စစ်ရှောင်စခန်း မှာ ဆရာ၊ ဆရာမတွေပဲ အဓိက ထားထားတာ မိသားစုဝင်တွေ ရောပေါ့။ ဆရာ၊ ဆရာမတွေက ၆၀ ကျော်လောက်ရှိမယ်ထင် တယ်’’ဟု ဦးဇော်မင်းကပြော သည်။
မူဆယ်ခရိုင် မုံးကိုးမြို့တွင် ရပ်ကွက်က ခုနစ်ခု၊ ကျေးရွာအုပ် စု ၂၀ ခုနှင့် ကျေးရွာပေါင်း ၁၀၇ ရွာရှိကြောင်း သတင်းရရှိသည်။
တပ်မတော်၏ ထိုးစစ်ကို တုံ့ ပြန်သည်ဟုဆိုကာ ကချင်လက် နက်ကိုင်အဖွဲ့ (KIA)၊ တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုး ကန့်လက်နက်ကိုင်အဖွဲ့ (MND- AA) နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ ပါဝင်သော ပူးပေါင်း လက်နက်ကိုင်အဖွဲ့သည် ပြီးခဲ့ သည့် နိုဝင်ဘာ ၂၀ ရက်တွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်နှင့် မုံးကိုးမြို့ အပါအ၀င် အစိုးရလုံခြုံရေးတပ်စခန်းများကို တိုက်ခိုက်ရာ တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားခဲ့သည်။
တိုက်ပွဲပြင်းထန်သည့် မုံး ကိုးမြို့ပေါ်နှင့် မုံးကိုးဒေသရှိ စာ သင်ကျောင်းအားလုံး ပိတ်ထားခဲ့ ရသည်။ အဆိုပါတိုက်ပွဲများ ကြောင့် နှစ်ဖက်တပ်သားများအ ပြင် အရပ်သားထိခိုက်သေဆုံးမှု များစွာရှိခဲ့ပြီး ကုန်သွယ်ရေးလုပ် ငန်းများ ရပ်တန့်ခဲ့ရသည်။
===================
251 / End
၂၁ ဒီဇင်ဘာ ၂၀၁၆ - ၁၈:၂၄
News ID: 799868
ဒေသတွင်းတိုက်ပွဲများကြောင့် မုံးကိုးမြို့ရှိ စာသင်ကျောင်းများ ထိခိုက်ပျက်စီးခဲ့သည်။