အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နေပြည်တော်(ဇန်နဝါရီ ၃ရက်၊ ၂၀၁၆ခုနှစ်)။ ။ ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို လေ့လာကြည့်လျှင် တည်ငြိမ်အေးချမ်းစ ပြုလာသည်နှင့် တပြိုင်နက် ပြဿနာအသစ်တစ်ခု ထပ်မံဖြစ်ပေါ်လေ့ရှိသည့်အတွက် သတိရှိရှိဆောင်ရွက်ကြရန် လိုသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်လိုက်သည်။
“အခြေအနေများကိုလေ့လာကြည့်လျှင် တည်ငြိမ်အေးချမ်းစ ပြုလာလျှင် နောက်ထပ် ပြဿနာအသစ်တစ်ခု ထပ်မံဖြစ်ပေါ်လာလေ့ရှိသည်ကို သတိရှိရှိဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပြဿနာများ ဖြစ်ပေါ်လာလျှင် မှန်ကန်သည့်လမ်းကြောင်းပေါ်မှ ရပ်တည်ဖြေရှင်းဆောင်ရွက်သွားရမည်သာ ဖြစ်ကြောင်း၊ စွပ်စွဲပြောကြားမှုများကို လက်တွေ့ လုပ်ဆောင်ချက်များကို အခြေခံသည့် အမှန်တရားဖြင့် တုံ့ပြန်သွားရန် ဖြစ်ကြောင်း” ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။
နေပြည်တော်ရှိ သမ္မတအိမ်တော် အစည်းအဝေးခမ်းမတွင် ဇန်နဝါရီ ၃ရက်၊ မွန်းလွဲ ၂နာရီက ပြုလုပ်သည့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအကောင်အထည်ဖော်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကော်မတီ ဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၅ခုနှစ်၊ အောက်တိုဘာ ၉ရက်က ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ နယ်ခြားစောင့်ရဲစခန်းများ စီးနင်းတိုက်ခိုက်ခံရမှုမှ အစပြု၍ လက်ရှိအချိန်ထိ ဖြစ်ပေါ်နေသော နောက်ဆုံးတွဲအခြေအနေများအပေါ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။
===================
251 / End
တည်ငြိမ်စပြုလျှင် ပြဿနာအသစ်ဖြစ်သည့် မောင်တောဒေသအရေး သတိရှိရှိ ဆောင်ရွက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော
၃ ဇန်နဝါရီ ၂၀၁၇ - ၁၈:၃၀
News ID: 802549