အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နာဂဒေသရှိ မြန်မာ-အိန္ဒိယနယ်နိမိတ် မှတ်တိုင် ဘီပီ-၁၄၅ နှင့် ဘီပီ-၁၄၆ အကြား မြန်မာဘက်မှ ခြံစည်းရိုး ကာရံမယ့် ကိစ္စနှင့် ပတ်သက်ပြီး နယ်စပ်ဒေသမှ သတင်းများ ထွက်ပေါ်နေခြင်းအပေါ် အခြေအနေမှန်နှင့် နှစ်နိုင်ငံအကြား နယ်စပ်ရေးရာများကို ညှိနှိုင်း ဆောင်ရွက်လျက် ရှိနေခြင်းကို နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဇန်န၀ါရီ ၉ ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာဘက်မှ ခြံစည်းရိုး ကာရံမယ့် အစီအစဉ်မှာ အဓိကရည်ရွယ်ချက်ဟာ နှစ်နိုင်ငံအကြား နယ်နိမိတ်အား ကျော်လွန်ပြီး မြန်မာ့ပိုင်နက် နယ်မြေအတွင်း အဆောက်အအုံများ ဆောက်လုပ်ခြင်း မရှိစေရန်အတွက် ဖြစ်ကြောင်း၊ နယ်နိမိတ်မျဉ်းအနီး နေထိုင်တဲ့ နှစ်ဘက် ဒေသနေပြည်သူများရဲ့ ထုံးတမ်းစဉ်လာနှင့်အညီ တရားဝင် နည်းလမ်းဖြင့် နယ်နိမိတ်အား ပုံမှန်ဝင်/ထွက်သွားလာမှုကို ကန့်သတ်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်း မဟုတ်ကြောင်း၊ မိမိဘက် ဒေသ အာဏာပိုင်များ အနေဖြင့် နယ်စပ် စီမံခန့်ခွဲမူကို ဆောင်ရွက်ရာတွင် ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ဖြစ်ကြောင်း ရှင်းလင်း ထုတ်ပြန်ခဲ့ပါတယ်။
ခြံစည်းရိုး ကာရံမှုတွင် မြန်မာဘက်အနေဖြင့် အိန္ဒိယဘက်နှင့် ညှိနှိုင်ထားပြီး၊ နှစ်နိုင်ငံအကြား ချုပ်ဆိုထားတဲ့ နယ်နိမိတ်စာချုပ်ပါ ပြဌာန်းချက်များ အပါအ၀င် အစည်းအဝေဒ သဘောတူညီချက်များနှင့် အညီ ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။
မြန်မာဘက်အနေဖြင့် ခြံစည်းရိုးကို နယ်နိမိတ်မျဉ်းမှ (၁၀) မီတာအကွာ အဆောက်အအုံများ မဆောက်လုပ်ရန် တားမြစ်ထားတဲ့ (၁၀)မီတာပြင်ပ မြန်မာပိုင်နယ်မြေအတွင်း ဆောင်ရွက်ရန် ရှိကြောင်းနှင့် ထိုသို့ ဆောင်ရွက်ရာမှာ နယ်စပ်နေ ပြည်သူများ အဆင်ပြေစေရန် လိုအပ်တဲ့ေ နရာများမှာ ဝင်/ထွက်တဲ့ အပေါက်များ၊ တံခါးများ စီစဉ်ဆောင်ရွက်ပေးရန် ရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
===================
251 / End
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား မြန်မာဘက်မှ ခြံစည်းရိုး ကာရံမယ့် ကိစ္စ နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်
၁၀ ဇန်နဝါရီ ၂၀၁၇ - ၂၀:၀၂
News ID: 804186