၁၆ ဇန်နဝါရီ ၂၀၁၇ - ၁၉:၀၃
မစ္စရန်ဟီးလီ မောင်တောမြို့နယ်ရှိ ကျေးရွာခြောက်ရွာသို့ သွားရောက်ခဲ့

ရခိုင်ပြည်နယ်သို့ လေးရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေသော ကုလလူ့အခွင့် အရေးအထူးကိုယ်စားလှယ် မစ္စ ရန်ဟီးလီသည် ဇန်န၀ါရီ ၁၅ ရက် က မောင်တောမြို့နယ်ရှိ ကျေးရွာခြောက်ရွာနှင့် နယ်ခြားစောင့်ရဲ ဌာနချုပ်သို့ သွားရောက်ကာ သက်ဆိုင်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ရခိုင်ပြည်နယ်သို့ လေးရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေသော ကုလလူ့အခွင့် အရေးအထူးကိုယ်စားလှယ် မစ္စ ရန်ဟီးလီသည် ဇန်န၀ါရီ ၁၅ ရက် က မောင်တောမြို့နယ်ရှိ ကျေးရွာခြောက်ရွာနှင့် နယ်ခြားစောင့်ရဲ ဌာနချုပ်သို့ သွားရောက်ကာ သက်ဆိုင်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။


မစ္စရန်ဟီးလီသည် ဇန်န၀ါရီ၁၅ ရက် နံနက်က မောင်တောမြို့နယ် တောင်ပိုင်းရှိ ရွှေဗဟိုဘုန်းတော်ကြီးကျောင်း အနောက်ဘက်ရှိ  စိန်ပန်းမြိုင်မြိုတိုင်းရင်းသား ကျေးရွာသို့ သွားရောက်ကာ ဒေသခံအချို့နှင့် တွေ့ဆုံခဲ့သည်။

ထို့နောက် မောင်တောမြို့ နယ် မြောက်ပိုင်းရှိ ကျီးကန်းပြင် ဘင်္ဂါလီကျေးရွာသို့ သွားရောက် ကာ ဘင်္ဂါလီအချို့နှင့် တွေ့ဆုံ ပြီး နယ်ခြားစောင့်ရဲဌာနချုပ်တွင် တပ်ဖွဲ့ဝင်အချို့နှင့် တွေ့ဆုံခဲ့ သည်။

ဆက်လက်၍ ၀က်ပစ် (၀ပိတ်)ဘင်္ဂါလီရွာ၊ ပြောင်ပစ် ဘင်္ဂါလီရွာ၊ ငါးခူရကျေးရွာနှင့် ဆင်သေပြင်ဘင်္ဂါလီကျေးရွာများ သို့ သွားရောက်ကာ ဒေသခံတိုင်း ရင်းသားအချို့၊ ဘင်္ဂါလီအချို့နှင့် တွေ့ဆုံသည်။

မစ္စရန်ဟီးလီသည် ဇန်န၀ါရီ ၁၄ ရက်က ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ရဲစခန်း၊ ချိန်ခါ လီကျေးရွာနှင့် ဘူးသီးတောင် အကျဉ်းထောင်သို့ သွားရောက်ခဲ့ သည်။ မစ္စရန်ဟီးလီသည် ဇန်န၀ါ ရီ ၁၆ ရက်(ယနေ့)တွင် မောင် တောမြို့မှ စစ်တွေမြို့သို့ ပြန် လည်ထွက်ခွာမည်ဖြစ်ပြီး စစ်တွေ အကျဉ်းထောင်နှင့် ရွှေစေတီဘုန်း တော်ကြီးကျောင်းသို့ သွားရောက် မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

===================  
251 / End