၁၇ ဇန်နဝါရီ ၂၀၁၇ - ၂၀:၁၆
မောင်တော ရာအိမ်မှူးဟောင်း ဖမ်းဆီးနှိပ်စက်ခံရ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရဲအောင်ချောင်းကျေးရွာနေ ရာအိမ်မှူးဟောင်းတဦးကို လူတစုက ဖမ်းဆီးသွားပြီး ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရဲအောင်ချောင်းကျေးရွာနေ ရာအိမ်မှူးဟောင်းတဦးကို လူတစုက ဖမ်းဆီးသွားပြီး ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၄ ရက် ည ၁၁ နာရီလောက်က ရဲအောင်ချောင်းကျေးရွာနေ ပုစွန်ကန် လုပ်ငန်းလုပ်သူ ရာအိမ်မှူးဟောင်း ဖွေယာ(ခ) ဖွေယာဇူဟောက်ကို ဘောင်ဘီအနက်ရောင်ဝတ်ဆင် မွတ်ဆလင် ၄ ဦးက ခေါ်ဆောင်သွားခဲ့ပြီးနောက်  ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီ ၁၅ ရက်ညမှာတော့  ဖွေယာ  (ခ) ဖွေယာဇူဟောက်ဟာ ဖာရီကျေးရွာရှိ နေအိမ်တအိမ်မှာ ရောက်ရှိနေကြောင်း ဖုန်းဆက်အကြောင်းကြားလာလို့ ရဲတပ်ဖွဲ့က  နယ်မြေရုံးကို ခေါ်ယူမေးမြန်းခဲ့တယ်လို့ သိရပါတယ်။

သူ့ကို ရဲအောင်ချောင်းရွာ အရှေ့တောင်ဘက် မဲဒီကျေးရွာအနီးရှိ တောလမ်းအတိုင်း မျက်နှာကို ပုဝါစီးကာ ခေါ်ဆောင်သွားခဲ့ပြီး လူ ၁၀ ဦးလောက်က  ထိုးနှက်ကန်ကျောက်ရိုက်နှက်တဲ့အကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တွေနဲ့ ပူးပေါင်းကာ တာဝန်ရှိသူတွေကို သတင်းပေးခဲ့လို့ အပြစ်ပေးခံရ တာလို့ ဖွေယာကပြောတဲ့အကြောင်း သတင်းထုန်ပြန်ချက်မှာဖော်ပြပါတယ်။

ည ၈ နာရီခွဲလောက်မှာတော့ မျက်နှာအား ပုဝါစည်းပြီး ကျောက်ချောင်းကျေးရွာ လမ်းခွဲအထိ ပြန်ပို့ပေးခဲ့ပြီး ဖွေယာရဲ့ ကျောအလယ်မှာ ဓားဦးချွန်နဲ့ ထိုးစိုက်ခံရတဲ့ ပြဲရှဒဏ်ရာ တွေ့ရှိခဲ့ တယ်လို့လည်းဆိုပါတယ်။

===================  
251 / End