၂၀ ဇန်နဝါရီ ၂၀၁၇ - ၁၂:၃၅
ပြည်ခိုင်ဖြိုးက ဦးဆောင်တင်ပြသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအငြင်းပွားမှု ပလပ်ခံရ

ပြည်ခိုင်ဖြိုးက ဦးဆောင်တင်ပြသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအငြင်းပွားမှု ပလပ်ခံရ ပြည်ခိုင်ဖြိုးပါတီ က ဦးဆောင်တင်ပြထားသည့် ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေအကြောင်းအရာ အငြင်း ပွားမှု အဆိုပြုလွှာကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံ ရုံးက ဇန်နဝါရီ ၁၉ ရက်တွင် ပလပ်လိုက်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ပြည်ခိုင်ဖြိုးက ဦးဆောင်တင်ပြသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအငြင်းပွားမှု ပလပ်ခံရ ပြည်ခိုင်ဖြိုးပါတီ က ဦးဆောင်တင်ပြထားသည့် ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေအကြောင်းအရာ အငြင်း ပွားမှု အဆိုပြုလွှာကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံ ရုံးက ဇန်နဝါရီ ၁၉ ရက်တွင် ပလပ်လိုက်သည်။


ပြည်ခိုင်ဖြိုးက အငြင်းပွား ရာ အချက်များထဲမှ အဓိက အချက်မှာ သမ္မတအနေဖြင့် ဖွဲ့ စည်းပုံအခြေခံဥပဒေခုံရုံးဆိုင်ရာ အဖွဲ့ဝင်များကို ဥပဒေပညာရှင် အဖြစ် အသိအမှတ်ပြုခြင်းသည် ၎င်းတင်သော အဖွဲ့ဝင်သုံးဦးနှင့် သာ သက်ဆိုင်ခြင်း (သို့မဟုတ်)ကိုးဦးစလုံးအပေါ် သက်ဆိုင်ခြင်း ရှိ၊ မရှိဆိုသည့် အချက်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး အဖွဲ့ဝင် ကိုးဦးကို နိုင်ငံတော် သမ္မတကသုံးဦး၊ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌက သုံးဦးနှင့် အမျိုး သားလွှတ်တော်ဥက္ကဋ္ဌက သုံးဦး တင်သွင်းရခြင်းဖြစ်သည်။

‘‘ကိုးဦးစလုံးကို သမ္မတက သူကိုယ်တိုင်က ယုံကြည်ပြီး လွှတ်တော်ကိုတင်တာဖြစ်လို့ ကိုးဦးစလုံးကို မှတ်ယူနိုင်တယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေက ယူဆတယ်။ ခုံရုံးဥပဒေရဲ့ပုဒ်မ ၄(ခ)မှာတော့နိုင်ငံတော်သမ္မတက ရွေးချယ်ထားသူများတွင်လို့ ပြဋ္ဌာန်းထားတယ်။ ဒါကြောင့် ဥပဒေမှာ အဲဒီလိုပါတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သမ္မတက  ယူဆခွင့်ရှိသူမှာ သမ္မတယူဆသူသုံးဦးတည်းသာ ဖြစ်ကြောင်း    တစ်ဖက်က အဓိပ္ပာယ်ဖွင့်ဆိုခိုင်းတာ’’ ဟု ပြည်ထောင်စုလွှတ်တော်၏ အခွင့်ရရှေ့နေ ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ခုံရုံးအဖွဲ့ဝင် အရည်အချင်းထဲ တွင် ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာ ရှင်အဖြစ် သမ္မတကယူဆသူဟု ပါရှိသည်။ သို့သော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေတွင် နိုင်ငံတော်သမ္မတက ရွေးချယ်သောသူများတွင်ဟု ပါရှိသည်။

‘‘ဖွဲ့စည်းပုံအခြေခံဥပဒေခုံ ရုံးရဲ့ ဆောင်ရွက်ချက်ထဲမှာ အကျုံးမဝင်ဘူးလို့ ဆုံးဖြတ်လိုက် တယ်။ အဲဒါကြောင့် တင်ပြလာ တဲ့ တင်ပြလွှာကို ပလပ်လိုက် တယ်’’ဟု ဦးအောင်ကြည်ညွန့်က ပြောသည်။

ယင်းအဆိုပြုလွှာကို အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ၂၃ ဦး(၁၀ ရာခိုင်နှုန်း) လက် မှတ်များ ကောက်ခံပြီး ပြည်ခိုင် ဖြိုးပါတီက ဦးဆောင်ကာ တိုင်း ရင်းသားပါတီများမှ ကိုယ်စား လှယ်အချို့က ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းခဲ့ သည်။ ယင်းဆုံးဖြတ်ချက်သည် နှစ်ဖက်လျှောက်လဲချက်များနှင့် ဥပဒေအချက်အလက်များ အပေါ် နှိုင်းယှဉ်ပြီးဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

‘‘နိုင်ငံတော်သမ္မတက မှတ် ယူရတယ်ဆိုတာ အငြင်းမပွား ဘူး။ တစ်ဖက်က တင်ပြတာက နိုင်ငံတော်သမ္မတက ဥပဒေပညာ ရှင်အဖြစ် မှတ်ယူတယ်ဆိုတာ သမ္မတကတင်တဲ့ သုံးယောက်နဲ့ပဲ အကျုံးဝင်ပါတယ်ဆိုတာ ဆွဲယူ ချင်တာ။ ကျွန်တော်တို့ဘက်က တင်ပြတာက နိုင်ငံတော်သမ္မတ ရဲ့ မှတ်ယူခွင့်က သူတင်ရမယ့် သုံး ယောက်တည်းအတွက်တင် မဟုတ်ဘဲနဲ့ အားလုံးကို စုစည်း ပြီး ကိုးယောက်စလုံးအပေါ်မှာ အကျုံးဝင်တယ်။ အဲဒါကို သမ္မတ ကတင်တဲ့ သုံးယောက်တည်း အပေါ်မှာပဲ သဘောထားပေးရ မယ်ဆိုတာက သမ္မတရဲ့ အခွင့် အရေးကို ချုပ်နှောင်လိုက်တာဖြစ် တယ်။ ကျဉ်းချုပ်လိုက်သလိုဖြစ် တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လည်း ဆန့်ကျင်တယ်’’ ဟု ဦး အောင်ကြည်ညွန့်က ပြောသည်။

ယင်းသို့ ဆုံးဖြတ်ချက်ချ လိုက်သည့်အပေါ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ လာရောက်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသမီးရေးရာဌာနမှူး ဦးကြည်ဝင်းက ‘‘ဒီနေ့ ကိစ္စကတော့မရှိပါဘူး။ ဥပဒေပညာရှင်တွေ ဆုံးဖြတ်တဲ့ကိစ္စပါပဲ။ သမိုင်းကတော့ ကိုယ့်သမိုင်းကိုယ်ရေးရတာပဲ’’ဟု ၎င်းက ပြောသည်။

===================  
251 / End