အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဇန်န၀ါရီ ၂၃ ။ ။ တိုင်ကြားခံရသည့်အများဆုံးမှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြောင်း ကိုယ်စားလှယ်တိုင်ကြားစာကော်မတီတာဝန်ခံ ဒေါက်တာမျိုးညွန့်က ပြောသည်။
"ပြည်သူလူထုနဲ့ ထိတွေ့မှု အများဆုံးက တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေပါ။ အဲဒီတော့ တိုင်ခံရအများဆုံးက တိုင်းဒေသကြီးကိုယ်စားလှယ်တွေပဲ ဖြစ်ပါတယ်။ အတိုင်ခံရဆုံးက ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတို့၊ အများဆုံးတိုင်ကြားခံရကြောင်း” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ်များ တိုင်ကြားစာကော်မတီ တာဝန်ခံဒေါက်တာမျိုးညွန့်က ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်များတိုင်ကြားစာကော်မတီသို့ တိုင်ကြားစာပေါင် ၁၃၂ စောင် ရောက်ရှိနေတယ်။ လွှတ်တော်ကိုယ်စားလှယ် ၉၀ ယောက်လောက် အမှုတွေ စစ်ဆေးပြီးပါပြီ။ ဗဟိုအလုပ်အမှုဆောင်ကို အစီရင်ခံဖို့ စစ်ဆေးပြီးသား၂၀လောက်ရှိတယ်၊ဆယ်မှု၊ ဆယ်ငါးမှုလောက် စစ်ဆေးဆဲ၊ စစ်ဆေးဖို့ ချိန်းဆိုထားတာတွေရှိကြောင်း တိုင်ကြားစာတာဝန်ခံက ပြောသည်။
"ကျွန်တော်တို့က လွှတ်တော်ကိုယ်စားလှယ်ကိုပဲ တိုင်ကြားတာကို ကိုင်တွယ်လို့ရတယ်။ အလုပ်အမှုဆောင် သာမန်ပါတီဝင်တွေ တိုင်တာတွေ၊ အစိုးရအရာရှိတွေကို တိုင်ကြားတာမျိုး ကိုင်တွယ်လို့ မရဘူး။ အဲဒါတွေ နားမလည်တော့ တိုင်စာတွေ ဖောင်းပွနေတယ်”ဟု တိုင်ကြားစာကော်မတီတာဝန်ခံဒေါက်တာမျိုးညွန့်က ပြောသည်။
အဓိကတိုင်ကြားခံရတာတွေနဲ့ပတ်သက်ပြီး "လွှတ်တော်ကိုယ်စားလှယ်တွေမှာ မိမိလုပ်ပိုင်ခွင့်ကို မသိတဲ့အတွက် အုပ်ချုပ်ရေးက လုပ်ရမဲ့အလုပ်တွေကို သူတို့ကိုယ်တိုင်က ရှေ့ကဝင်လုပ်တယ်။
စည်ပင်သာယာက လုပ်ရမဲ့၊ တရားစွဲရမဲ့အလုပ်ကို မင်းတို့ကို တရားစွဲမယ် သွားပြောတယ် ။ သူတို့လွန်သွားတာ ဒါဆို ။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်ကို ဒါမလုပ်ရဘူး။ မှားတယ်။ သူတို့ကို သတိပေးခြင်း၊ ပြင်းထန်စွာသတိပေးခြင်းတွေ လုပ်တယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။
“ အများအားဖြင့် မိမိလိုလားချက်မပြည့်ဝဘူးဆိုရင် လာဘ်ပေးလို့ လာဘ်ယူလို့ပဲ စွပ်စွဲပြီး တိုင်ကြားမှုတွေရှိကြောင့် ကျွန်တော်က ဥပဒေ လုပ်ထုံးလုပ်နည်းစည်းကမ်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ် လုပ်တာ ညီ၊ မညီပဲ ကြည့်တယ်” ဟု ပြောသည်။
တိုင်ကြားစာကော်မတီသည် တိုင်ကြားမှုများအား ရန်ကုန်တွင် ခေါ်ယူစစ်ဆေးမှု ပြုလုပ်နေကြောင်း သိရှိရသည်။
===================
251 / End
၂၃ ဇန်နဝါရီ ၂၀၁၇ - ၁၁:၅၀
News ID: 806726
ဇန္န၀ါရီ ၂၃ ။ ။ တိုင်ကြားခံရသည့်အများဆုံးမှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြောင်း ကိုယ်စားလှယ်တိုင်ကြားစာကော်မတီတာဝန်ခံ ဒေါက်တာမျိုးညွန့်က ပြောသည်။