၃၀ ဇန်နဝါရီ ၂၀၁၇ - ၁၅:၅၄
ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ ကျပ်သန်းသုံးရာကျော် ထောက်ပံ့ထားဟု အစိုးရထုတ်ပြန်

ရခိုင်ပြည်နယ် မောင်တောနယ်စပ်ဒေသတွင် အကြမ်းဖက် တိုက်ခိုက်မှု ကြုံ တွေ့ရပြီးနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန၊ ပြည် တွင်းအလှူရှင်များ၊ အိုင်အင်န်ဂျီ အိုအဖွဲ့အစည်းများနှင့် ပြည်နယ် အစိုးရအဖွဲ့က လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ အဖြစ် ငွေကျပ် ၃၅၇ သန်းကျော် ထောက်ပံ့ပေးထားကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီက ဇန်န ဝါရီ ၂၇ ရက်တွင် သတင်းထုတ် ပြန်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ရခိုင်ပြည်နယ် မောင်တောနယ်စပ်ဒေသတွင် အကြမ်းဖက် တိုက်ခိုက်မှု ကြုံ တွေ့ရပြီးနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန၊ ပြည် တွင်းအလှူရှင်များ၊ အိုင်အင်န်ဂျီ အိုအဖွဲ့အစည်းများနှင့် ပြည်နယ် အစိုးရအဖွဲ့က လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ အဖြစ် ငွေကျပ် ၃၅၇ သန်းကျော် ထောက်ပံ့ပေးထားကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီက ဇန်န ဝါရီ ၂၇ ရက်တွင် သတင်းထုတ် ပြန်သည်။

မောင်တောနယ်စပ်ဒေသရှိ ဒေသခံနှင့် ဘင်္ဂါလီများအတွက် ထောက်ပံ့ ပေးထားသည့် ကျပ် ၃၅၇ သန်းကျော်တွင် အများဆုံး ထောက်ပံ့ပေးထားသည့် အဖွဲ့ အစည်းမှာ လူ ကယ် ပြန် ဝန်ကြီးဌာနဖြစ်ကာ ဒုတိယအများဆုံး ထောက်ပံ့ပေးထားသည့် အဖွဲ့အစည်းမှာ ပြည်တွင်းအလှူရှင်များဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါ ထောက်ပံ့ငွေများ သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၄ ရက်မှ ၂၀၁၇ ဇန်နဝါရီ ၂၆ ရက် အတွင်း ထောက်ပံ့ပေးထားခြင်း ဖြစ်ပြီး ငွေကြေးအပြင် ပစ္စည်း အမျိုးအမည် နှစ်ဆယ်ကျော်ကို လည်း ထောက်ပံ့ခဲ့ကြောင်း ထုတ် ပြန်ချက်တွင် ပါရှိသည်။

၂၀၁၆ အောက်တိုဘာ ၉ ရက်က မောင်တော အခြေစိုက် နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့ မှူးရုံး (ဌာနချုပ်)အပါအဝင် ငါးခူ ရနှင့် ကိုးတန်ကောက်ရဲစခန်းများ ကို အကာလ်မူလ်မူဂျာဟီဒင်န် အဖွဲ့က အကြမ်းဖက်ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့သည်။

ယင်းသို့ အကြမ်းဖက် တိုက် ခိုက်ပြီးနောက် တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းစစ်ကြောင်း များက နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်သူများနှင့် ထပ်မံထိ တွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သဖြင့် ဒေသခံ တိုင်းရင်းသားများနှင့် ဘင်္ဂါလီအချို့ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။

နေရပ်စွန့်ခွာ ထွက်ပြေးသူ များကို အစိုးရက ပြန်လည်နေရာ ချပေးကာ လိုအပ်သော ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်နေ ခြင်းဖြစ်သည်။

===================
251/End