အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ထာဝရငြိမ်းချမ်းရေးရရှိရန် စုပေါင်းအဖြေရှာနေချိန်တွင် အချင်းချင်းအကြား စိတ်ဝမ်းကွဲပြားစေမည့် အထင်အမြင်လွဲမှားစေသော အပြုအမူ၊ အပြောအဆိုများ သတိပြုရှောင်ရှားရန် လွှတ်တော်ကိုယ်စားလှယ်များအား ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြော ကြားခဲ့သည်။
‘‘ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ကြမယ့် ခရီးလမ်းရဲ့အရေးကြီးဆုံးအရွေ့ တစ်ခုဖြစ်တဲ့ ထာဝရငြိမ်းချမ်းရေး ရရှိနိုင်ဖို့အတွက် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံး က ငြိမ်းချမ်းရေးအတွက် စုပေါင်း ဆွေးနွေး အဖြေရှာနေကြတဲ့ကာ လမှာ ကျွန်တော်တို့ ကိုယ်စား လှယ်များအနေနဲ့လည်း အချင်း ချင်း စိတ်ဝမ်းကွဲပြားစေမယ့်၊ အ ထင်အမြင်လွဲမှားစေမယ့်အပြုအ မူ၊ အပြောအဆိုတွေကို သတိမူ ရှောင်ရှားကြစေလိုပါတယ်’’ ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်း မြင့်က ပြောသည်။
ဇန်နဝါရီ ၃၀ ရက်တွင် ပြန် လည်ကျင်းပသည့် ပြည်သူ့လွှတ် တော်အစည်းအဝေး ပထမနေ့၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက် ပြောကြားရာတွင် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
လက်ရှိအချိန်သည် အမျိုး သားရေး ရည်မှန်းချက်ပန်းတိုင် ဖြစ်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရေး အလေးထားကြိုးပမ်းဆောင်ရွက် နေသည့် ကာလဖြစ်၍ လွှတ်တော် ကိုယ်စားလှယ်များကလည်း ဥပ ဒေပြုရေးမဏ္ဍိုင်ကို ကိုယ်စားပြု ပြီး ဒီမိုကရေစီစံချိန်စံညွှန်းများနှင့်အညီ ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ကြရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
‘‘လွှတ်တော်များရဲ့ သဘော သဘာဝအတိုင်း သဘောကွဲလွဲ ခြင်း၊ အမြင်မတူခြင်းတွေ ရှိကြ ပေမယ့်လည်း မိမိတို့အားလုံးဟာ အမျိုးသားအကျိုးစီးပွားကို ရှေးရှု ၍ ဆွေးနွေးညှိနှိုင်းကြပြီး စည်းလုံး ညီညွတ်စွာ ဆုံးဖြတ်ဆောင်ရွက် ကြရမှာဖြစ်ပါတယ်’’ဟု ဦးဝင်းမြင့် က ပြောသည်။
ယခုလွှတ်တော်တွင် ၂၀၁၇ -၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံ ကိန်းနှင့် ၂၀၁၇ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပ ဒေကြမ်း၊ ၂၀၁၇ ပြည်ထောင်စု ၏ အခွန်အကောက်ဥပဒေကြမ်း များကို ကန့်သတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆွေးနွေးကြ ရမည့် တာဝန်များရှိပြီး ဆွေးနွေး ရာတွင်လည်း နိုင်ငံနှင့်ပြည်သူများအကျိုးစီးပွားဖြစ်ထွန်းစေမည့် စီမံ ကိန်းများ စိစစ်လေ့လာရန်၊ ယင်းစီမံကိန်းများ လုပ်ဆောင်နိုင်ရေး အခက်အခဲမဖြစ်စေရန် လိုငွေများ မရှိသင့်သကဲ့သို့ ငွေပိုငွေလျှံ များလည်း မရှိအောင် စိစစ်သင့် ကြောင်း ၎င်းကပြောသည်။
ယခုကျင်းပနေသော စတုတ္ထပုံမှန်အစည်းအဝေး ကာလအ တွင်း ပြီးခဲ့သည့် တတိယပုံမှန်အ စည်းအဝေးက ဆွေးနွေးရန်ကျန် ရှိသည့် ဥပဒေကြမ်း ၁၀ ခုနှင့် အသစ်ရောက်ရှိလာသည့် ပြည် ထောင်စု ရွေးကောက်ပွဲကော်မ ရှင်ဥပဒေကို ဒုတိယအကြိမ်ပြင် ဆင်သည့် ဥပဒေကြမ်း၊ ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ထိန်း သိမ်းရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့အပါအဝင် ဥပဒေ ကြမ်း ၁၂ ခု ဆွေးနွေးမည်ဖြစ်ပြီး အဆို ၁၂ ခု၊ အသင့်ဖြစ်ကြယ်ပွင့် ပြမေးခွန်း ၁၂၂ ခု ရှိနေသည်။
===================
251/End
ငြိမ်းချမ်းရေးအတွက် စုပေါင်းအဖြေရှာချိန်တွင် စိတ်ဝမ်းကွဲစေမည့်ကိစ္စများကို ရှောင်ရှားရန် ဦးဝင်းမြင့်ပြော
၁ ဖေဖော်ဝါရီ ၂၀၁၇ - ၁၈:၃၅
News ID: 808785
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ထာဝရငြိမ်းချမ်းရေးရရှိရန် စုပေါင်းအဖြေရှာနေချိန်တွင် အချင်းချင်းအကြား စိတ်ဝမ်းကွဲပြားစေမည့် အထင်အမြင်လွဲမှားစေသော အပြုအမူ၊ အပြောအဆိုများ သတိပြုရှောင်ရှားရန် လွှတ်တော်ကိုယ်စားလှယ်များအား ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြော ကြားခဲ့သည်။