အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အလုပ်အကိုင် အခွင့်အလမ်းနှင့် ပညာသင်ယူမှု ရရှိစေရေး ငါးနှစ်တာအတွင်း မြန်မာနိုင်ငံ၏ အမျိုးသားပညာရေးစနစ်ကို အဓိကပြောင်းလဲမည်ဖြစ်ကြောင်း အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
နေပြည်တော်ရှိ မြန်မာ အ ပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင် တာ-၂ (MICC-II) တွင် ဖေဖော် ၀ါရီ ၂၃ ရက်က ကျင်းပသော အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၁) စတင် ဆောင်ရွက်ခြင်း အခမ်းအနား၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
စီမံကိန်းအကောင်အထည် ဖော်ရာတွင် ပညာရေးကစတင် ပြောင်းလဲရမည်ဖြစ်ပြီး အရေးအကြီးဆုံးသည် သင်ယူချင်စိတ် ရှိရန်သာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
‘‘အမျိုးသားမဟာဗျူဟာ စီ မံကိန်းကို ချမှတ်ထားတာဟုတ်ပါ တယ်။ စီမံကိန်းအောင်မြင်ဖို့အ တွက် အဓိကဘာလိုအပ်သလဲဆို တာ အားလုံးစဉ်းစားရမှာပါ။ အဲဒီ အတွက် သင်ယူချင်တဲ့စိတ်ဟာ ကျွန်မတို့လူငယ်များကြားထဲမှာ ထွန်းကားအောင်လို့ဆိုတာသင် ပေးတဲ့သူတွေကိုယ်တိုင်က သင် ယူချင်တဲ့စိတ်ရှိဖို့လိုပါတယ်။တစ် သက်တာဆက်ပြီးတော့ သင်နေ ရမယ်။ ဆက်ပြီးတော့ သင်နိုင် တယ်ဆိုတဲ့စိတ်ဓာတ်၊ သင်ချင် တယ်ဆိုတဲ့စိတ်ဓာတ်ကို သင်ပေး တဲ့သူတွေမှာရှိမှသာလျှင် အသင် ခံရတဲ့သူတွေကလည်း ဒီလိုစိတ် ဓာတ်တွေပွားများလာမှာပါ’’ ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။
ယင်းအတွက်ကြောင့် ယခု ပညာရေးစီမံကိန်းကို ဦးဆောင် အကောင်အထည် ဖော်မည့် ပုဂ္ဂိုလ်များကိုယ်တိုင် သင်ယူစရာ များရှိသေးသည်ဟူသော စိတ် ဓာတ်ကို မွေးမြူထားကြရန်နှင့် ဆရာ၊ဆရာမများလည်း ကိုယ် တိုင်သင်ယူခြင်းဖြင့် ကလေးသူ ငယ်များကို ထိထိရောက်ရောက် နှင့် သင်ယူထိုက်သောကိစ္စများ သင်ယူနိုင်ရန် ပံ့ပိုးနိုင်ကြပါစေဟု ဒေါ်အောင်ဆန်းစုကြည်က ဆုတောင်းစကားဆိုသည်။
‘‘သင်ယူချင်တဲ့စိတ်ဓာတ်က ဘယ်ကစလဲဆိုတော့ ငါ့မှာ သိစ ရာတွေ အများကြီးရှိသေးတယ် ဆိုတဲ့စိတ်နှိမ့်ချခြင်းကစတာပါ။ ငါတို့အားလုံး တတ်ပြီ၊ ငါတို့ အား လုံးသိပြီလို့ ထင်နေတဲ့ပုဂ္ဂိုလ်တွေ ဟာ ဘယ်လိုမှဆက်ပြီး သင်ယူ လို့မရပါဘူး။ လူကြီးတွေရဲ့ အ ဓိကပြဿနာကတော့ သင်ယူချင် တဲ့စိတ်မရှိတော့တာနဲ့ ပြည့်စုံသွားပြီလို့ထင်တာပဲ’’ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
သိစရာကိစ္စများကို သိ အောင်လုပ်နိုင်သော အရည်အ ချင်းရှိသည်ဟု ယုံကြည်ရန်လို ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကဆိုသည်။
‘‘ကလေးသူငယ်များဟာ သိစရာတွေ အများကြီးရှိပါသေး တယ်ဆိုတဲ့ စိတ်ဓာတ်ကတော့ ရှိ ပါတယ်။ ဒါပေမဲ့ ဒီကလေးတွေ ကနေပြီးတော့ သိချင်၊ တတ်ချင် တဲ့စိတ်ဓာတ်ကို လူကြီးတွေက အားမပေးရင် သင်ပေးတဲ့ဆရာ၊ ဆရာမတွေက အားမပေးလို့ရှိရင် ဒီလိုသင်ယူချင်တဲ့စိတ်ဓာတ်ဟာ ဖွံ့ဖြိုးနိုင်မှာမဟုတ်ပါဘူး’’ဟု ၎င်းကပြောကြားသည်။
ငါးနှစ်စီမံကိန်းအဖြစ် ပညာ ရေးဝန်ကြီးဌာနက ရေးဆွဲထုတ် ပြန်သော အမျိုးသားမဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၁) တွင် ကျောင်းသားများအတွက် ရည် မှန်းချက်များ၊ ဆရာများအတွက် ရည်မှန်းချက်များ၊ မိဘရပ်ရွာ လူ ထုအတွက် ရည်မှန်းချက်များနှင့် ပညာရေးစနစ်အတွက် ရည်မှန်း ချက်များ ထည့်သွင်းဖော်ပြထား သည်။
မူကြိုနှင့် သူငယ်တန်း ပညာ ရေး၊ အခြေခံပညာရေး၊ သင်ရိုး ညွှန်းတမ်း၊ စာမေးပွဲများ ကျင်းပ ခြင်း၊ ဆရာအတတ်ပညာ၊ ကျောင်းပြင်ပနည်းပညာနှင့်သက် မွေးပညာရေး၊ အဆင့်မြင့်ပညာ ရေး စသည့်နယ်ပယ်အသီးသီး တွင် ကြုံတွေ့နေရသော စိန်ခေါ် မှုများကို အထက်ပါစီမံကိန်း၌ ဖော်ပြထားသည်။
===================
251/End
၂၄ ဖေဖော်ဝါရီ ၂၀၁၇ - ၁၉:၁၆
News ID: 813867
အလုပ်အကိုင် အခွင့်အလမ်းနှင့် ပညာသင်ယူမှု ရရှိစေရေး ငါးနှစ်တာအတွင်း မြန်မာနိုင်ငံ၏ အမျိုးသားပညာရေးစနစ်ကို အဓိကပြောင်းလဲမည်ဖြစ်ကြောင်း အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။