အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တရုတ်-မြန်မာနှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်နိုင်ရေး နှင့် နှစ်ဖက်အကျိုးတူဖြစ်ထွန်းစေရေးအတွက် နှစ်နိုင်ငံဆက်ဆံရေးအတွက် ဝန်ဆောင်မှုပေးခြင်း နှင့် ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုပေးရန် တရုတ်အမျိုးသား ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ ဒုတိယဥက္ကဌ Mr. Du Jiang အချက်နှစ်ချက်ဖြင့် အကြံပြုလိုက်သည်။
၎င်းက မတ်လ ၁ရက်က နေပြည်တော်တွင် ကျင်းပသည့် ပထမအကြိမ် တရုတ်-မြန်မာခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၌ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံဆက်ဆက်ရေးအတွက် ဝန်ဆောင်မှုပေးခြင်းဆိုရာ၌ လက်တွေ့ကျပြီး အကျိုးများစွာဖြစ်ထွန်းမည့် ခရီးသွားလာရေးပူးပေါင်းဆောင်ရွက်မှုယန္တရားတည်ထောင်ခြင်းဖြစ်ပြီး မဲခေါင်မြစ်ဝှမ်းဒေသခရီးသွားမြို့တော်ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ်အဖြစ် ထူထောင်ရေးကို အားပေးသင့်ကြောင်း Mr. Du Jiang ပြောသည်။
ယင်းအပြင် ခရီးသွားလုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီများအတွက်လည်း "ကျွန်တော်တို့ကလည်း တရုတ်နိုင်ငံ ခရီးသွားလုပ်ငန်းကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံပြီး နှစ်ဖက်အကျိုးတူရရှိမှု (Win-Win ဖြစ်ခြင်း)ကို တက်ကြွစွာအားပေးပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကုမ္ပဏီများ တရုတ်နိုင်ငံမှာ လာရောက် လုပ်ငန်းဆောင်ရွက်ဖို့ကိုလည်း ကြိုဆိုပါတယ်။ ကျွန်တော်တို့က တရုတ်-မြန်မာခရီးသွားလုပ်ငန်းကုမ္ပဏီများ သက်ဆိုင်ရာစီမံကိန်းများနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ခြင်းအတွက်လည်း ထောက်ခံအားပေးသွားမှာဖြစ်ပါတယ်။" ဟု ၎င်းက ပြောသည်။
===================
251/End
၃ မတ် ၂၀၁၇ - ၁၇:၂၉
News ID: 815406