အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လောက်ကိုင်တွင် တိုက် ပွဲဆက်လက်ဖြစ်ပွားနေ၍ ကိုး ကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၌ မတ်လ ၉ ရက်ကစ၍ ညမ ထွက်ရအမိန့်ကို ယခင်ကထက် အချိန်ငါးနာရီ တိုးမြှင့်လိုက်သည်။
ကိုးကန့်ဒေသတွင် ယခင် ကတည်းက ညမထွက်ရအမိန့် ထုတ်ထားပြီး အခြေအနေတည် ငြိမ်လာ၍ ည ၁၀ နာရီမှ နံနက် ၄ နာရီသို့ လျှော့ချခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိရ သည်။ ‘‘ဟိုတစ်န့က ၂ နာရီ လောက်ဝင်ပစ်သွားတဲ့အခါကျ တော့ အရေးပေါ် ကက်ဘိနက် ခေါ်ပြီး ၁၄၄ ထပ်ထုတ်တာ။ အ ချိန်အတိုးအလျှော့ပေါ့’’ဟု ရှမ်း ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီး တစ်ဦးက ပြောသည်။
ထို့ကြောင့် ည ၇ နာရီမှ နံနက် ၆ နာရီအတွင်း လုံခြုံရေးမှ လွဲ၍ လောက်ကိုင်နှင့် ကုန်းကြမ်း မြို့နယ်တို့ပါဝင်သော ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မည်သူမျှ သွားလာခွင့်မရှိပေ။
လောက်ကိုင်တွင် မတ်လ ၆ ရက် နံနက်က MNDAA အဖွဲ့ က ၀င်ရောက်တိုက်ခိုက်ခဲ့ရာ အရပ် သားများအပါအ၀င် ၁၁ ဦး သေဆုံးခဲ့သည်။ လောက်ကိုင် ခရိုင် အုပ်ချုပ်ရေးမှူးရုံး၏ မတ် လ ၉ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ည ၇ နာရီမှ နံနက် ၆ နာရီအထိ မည်သူမဆို အမိန့်တစ်စုံတစ်ရာမ ရှိဘဲ လမ်းများပေါ်၌ သွားလာခြင်း မပြုရန်နှင့် လမ်းမကြီးများ၊ အ များပြည်သူသွားရာလမ်း၊ လမ်း သွယ်၊ လမ်းကြား၊ အများပြည်သူ နှင့်ဆိုင်သော အဆောက်အအုံနေ ရာများ၌ ဆူပူလှုံ့ဆော်လိုသော ရည်ရွယ်ချက်ဖြင့် ဖြစ်စေ၊ ပြစ်မှု တစ်စုံတစ်ရာကျူးလွန်လိုသော ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ လူ ငါးဦး (သို့မဟုတ်) ငါးဦးထက်ပို၍ ဖြစ်စေ စုဝေးခြင်း၊ စီတန်းလှည့် လည်ခြင်း၊ ဟစ်အော်ကြွေးကြော် ခြင်း၊ လှုံ့ဆော်ခြင်း၊ ရုန်းရင်းဆန် ခတ်ပြုခြင်း မပြုလုပ်ရဟု ပါရှိ သည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတွင် ၂၀၁၅ တိုက်ပွဲ ကာလနောက်ပိုင်း ထားရှိခဲ့သော စစ်အုပ်ချုပ်ရေးကာလ ရုပ်သိမ်း ပြီးနောက် ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း ဖြတ်သန်းသွားလာ ခွင့်မပြုသည့် ပုဒ်မ ၁၄၄ ထုတ်ပြန် ခဲ့ရာမှ အချိန်တိုးမြှင့်ခြင်းဖြစ် ကြောင်း ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးကျော်နီ နိုင်က ပြောသည်။
လောက်ကိုင်ပါဝင်သော ကိုးကန့်ဒေသတွင် ၂၀၁၅ ဖေဖော်ဝါရီကစ၍ မြန်မာ့ တပ်မ တော်နှင့် MNDAA တို့ တိုက်ပွဲ များ အပြင်းအထန်ဖြစ်ပွားပြီး နောက်ပိုင်း တပ်မတော်က ထိန်း ချုပ်ပြီး ၂၀၁၅ ဖေဖော်ဝါရီ ၁၇ ရက်ကစ၍ စစ်အုပ်ချုပ်ရေး ကြေ ညာခဲ့သည်။ ခြောက်လအကြာ ၂၀၁၅ သြဂုတ်တွင် စစ်အုပ်ချုပ် ရေးကို ရုပ်သိမ်းခဲ့သည်။
===================
251/End
၁၁ မတ် ၂၀၁၇ - ၁၈:၄၁
News ID: 817077
လောက်ကိုင်တွင် တိုက် ပွဲဆက်လက်ဖြစ်ပွားနေ၍ ကိုး ကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၌ မတ်လ ၉ ရက်ကစ၍ ညမ ထွက်ရအမိန့်ကို ယခင်ကထက် အချိန်ငါးနာရီ တိုးမြှင့်လိုက်သည်။