၃၀ ဧပြီ ၂၀၁၇ - ၁၉:၀၄
ဘာသာရေး ဆိုင်ရာ  အမေး (၅၀ )  နှင့် အဖြေ (၅၀ ) အပိုင်း ၁

ဘာသာရေး ဆိုင်ရာ အမေး (၅၀ ) နှင့် အဖြေ (၅၀ ) အပိုင်း ၁ အဖြစ် အဗ်နာ ချစ်ပရိတ် သတ်များ ကိုဖော်ပြ အပ်ပါတယ်။

 

(၁) မေး။ ခရစ်ယာန် ဘာသာဝင်တစ်ဦး အား မေတ္တာလက်ဆောင်အဖြစ် ကျမ်းတော်မြတ် ကုရ်အာန် ပေးခြင်းနှင့် ပတ်သက်ပြီး မည်သည့် ရှရီအီ အမိန့် ရှိပါသနည်း  ?    အကယ်၍တစ်ဦး တစ်ယောက် အနေဖြင့် ဤကဲ့သို့ လက်ဆောင်ပေးခဲ့ မိမည်ဆိုလျှင် ပြန်ပြီးတောင်းခံရ မည်လား ဆိုတာ လေး သိလိုပါတယ် ?              

ဖြေ ။ ။ ၎င်း သည် ဤ မေတ္တာလက်ဆောင် (ကျမ်းတော်မြတ် ကုရ်အာန်) အား အကြောင်း ပြုပြီး လမ်းမှန် သို့ ရောက်နိုင်မည်ဟု မျှော်လင့်ချက် ရှိပါက  ပြဿနာမရှိချေ။ ဤကဲ့သို့ မဟုတ်ပါက ပြဿနာ ရှိပါသည်။

အေစ်သေဖ်သာ အသ်ဂျဒီးဒ် ဒေ မကာရေမ် အတွဲ (၃) ၊ စာမျက်နှာ ၆၁၄ ၊မေးခွန်းအမှတ် ၁၇၆၆

(၂) မေး။ အကယ်၍ အိမ်နီးချင်းအိမ် က သစ်သီးပင်၏  အကိုင်းများမှတဆင့် သီးနေသည့် သစ်သီးများ တန်တိုင်ကိုကျော်ပြီးကျွန်တော်တို့အိမ်ဝန်းထဲရောက်နေပါသည်။၎င်းသစ်သီးများကို စားသုံးခွင့် ရှိမရှိ ဖြေကြားပေးပါခင်ဗျား။

ဖြေ။ ။ မလွဲမသွေ ပိုင်ရှင်၏ ခွင့်ပြုချက်ရယူရပေမည်။ (ခွင့်ပြုချက်မရှိဘဲစားပိုင်ခွင့်မရှိချေ။)

အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် စစ်သာနီရုံး ဆိုက်ဒ်

မှတ်ချက် ။ ။ သူတပါး၏ ရပိုင်ခွင့် များ ၊ပစ္စည်းဥစ္စာများ ၊ငွေကြေးများကို မတရား၊ပိုင်ရှင်များ ၏ ခွင့်ပြုချက်မရှိဘဲ သုံးစွဲနေသူများ သောင်ဗာပြုရန် အချိန်သင့်နေပေပြီး ။                 

(၃) မေး ။ အဗ်ဒွလ္လာဟ် ၊ဟဘီးဘွလ္လာဟ် စသည်ဖြင့်နာမည် မှည့်ထားသူများ ၏အမည်များကို ဝဇူမရှိဘဲရေးသားမည်၊ထိတွေ့မည်ဆိုလျှင် မည်သည့် ရှရီအီ အမိန့် ရှိပါသနည်း ? ဖြေ ။ ။ ((အလ္လာဟ်)) ဆိုသည့် အမည်တော်အား သွာဟာရသ် ( ဂူစ်လ်(သို့) ဝဇူ (သို့) သယာမွန်မ် ) မရှိဘဲ ထိတွေ့ခွင့် မရှိချေ။ အေစ်သေဖ်သာအသ် သေ အေမာမ်ခိုမေနီး အတွဲ (၁) ၊ စာမျက်နှာ ၄၈ ၊မေးခွန်းအမှတ် ၈၂

(၄)မေး။ တီဗီ ၊မိုနီတာ နှင့်မိုဘိုင်း မျက်နှာပြင်တွင် ရှိနေသည့် ကျမ်းတော်မြတ် ကုရ်အာန်၏ အာယတ်တော်များကို ဝဇူ မရှိဘဲ ထိတွေ့ ခွင့်ရှိပါသလား?                 

ဖြေ ။ ။ အကြောင်းမဟုတ်ချေ ။ (ပိုင်၏။)

အေစ်သေဖ်သာအသ်  သေ စိုဗ်ဟာနီ စာမျက်နှာ ၅၁

(၅)မေး။ အကယ်၍ ခင်ပွန်းသည် မှ မိမိ၏ ဇနီး အား စေလာယေရဟ်မ် ( အထူးသဖြင့် မိဘနှစ် ပါး ကိုတွေ့ဆုံ ခြင်း) လုပ်ခြင်း ကို တားမြစ်မည် ဆိုလျှင် ဇနီးအတွက် မည်သည့် တာဝန် ရှိပါသ နည်း ? ခင်ပွန်းသည်၏ ခွင့်ပြုချက် မယူဘဲ မိဘနှစ်ပါး နှင့် တွေ့ရန် သွား နိုင်ပါသလား?                   

ဖြေ ။ ။ မရပါ။ ခင်ပွန်းသည် ၏ခွင့်ပြုချက်မရှိ ဘဲ မိဘနှစ်ပါးကို တွေ့ရန် သွားခွင့်မရှိချေ။ စေလာ ယေရဟ်မ် ဆိုသည်မှာ ၎င်းတို့  ထံ အသွားအလာ လုပ်ရန် တစ်ခုတည်း မဟုတ်ချေ။တစ်နည်း အားဖြင့် ဖုန်း၊ စာ ၎င်းကဲ့သို့အရာများ ( မေးလ်၊ချက်.... ) များကို သုံးပြီး သတင်းမေးမြန်းခြင်း၊ သတင်း ပို့ပေးခြင်းတို့လည်း ပါဝင်ပေသည်။

ညွန်း - ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ အေမာမ်ခိုမေနီ (ရ.ဟ) ၏ သဲဟ်ရီရွလ်ဝဇီလေ ကျမ်း ဒုတိယတွဲ / မဂ်ျမအွလ်မဆာအေ ဖွာဇေလ် အတွဲ ၁ ၊ မေးခွန်း အမှတ် ၁၆၃၂

(၆)မေး။ နမာဇ် မြဲသူ နမာဇ်ဇီ  ဧည့်သည် အားအိမ်တွင် ဧည့်သည်အဖြစ် ရှိနေစဉ် ၎င်း၏ ခွင့်ပြုချက် မယူဘဲ နမာဇ်အတွက် နိုးထပေး နိုင်ပါသလား ?                  

ဖြေ ။ ။ ၎င်း ကျေနပ်မည်ဟု သိနေလျှင် အကြောင်းမဟုတ်ချေ။ (နိုးထပေးနိုင်ပါသည်။)

ညွန်း - မဂ်ျမအွလ်မဆာအေ ဂိုလ်ဗိုင်ဂါနီ  အတွဲ ၁ ၊ စာမျက်နှာ ၅၂၇

(၇)မေး။ မနုဿ လူသားအနေဖြင့် မိမိ၏ ဇနီး နှင့် အရွယ်မရောက်သေးသည့် သားသမီးများ ကို နမာဇ် ဝတ်ပြုရန် အလို့ငှာ နိုးထပိုင့်ခွင် ရှိပါသလား ?                  

ဖြေ ။ ။ ကောင်းမြတ်သည့် လုပ်ရပ် ဖြစ်ပါသည်။ နိုးထပေးနိုင်ပါသည်။

ညွန်း - မဂ်ျမအွလ်မဆာအေ ဂိုလ်ဗိုင်ဂါနီ  အတွဲ ၁ ၊ စာမျက်နှာ ၅၂၇

 

 

 မေး။ကဗရ်စတန်တစ်ခုတွင် မယသ်များကိုသဖ်နာထားသည်မှာ နှစ်ပေါင်း ၁၀၀ ရှိသွား ပါပြီး၊(ထိုကဗရ်များတွင်) မယသ်(အသစ်များ)ကို ဆက်ပြီး ဒဖ်နာ ခွင့် ရှိပါသလား ?

ဖြေ ။ ။ အကယ်၍ မယသ်များ၏ လက္ခအမှတ်အသားများအားလုံးပျောက်သွားပြီးဆိုလျှင် မယသ်(အသစ်များ)ကို ဆက်ပြီး ဒဖ်နာရာတွင် ပြဿနာမရှိချေ။

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမ် မို ရှီးရာဇီး ၏ အေစ်သေဖ်သာ အသ်ဂျဒီးဒ် ကျမ်း ပထမတွဲ ၊မေးခွန်း အမှတ် ၉၅

 

(၈)မေး ။စလာမ်မွန်အလိုင်းကွမ်း

ရှိက်ခ်အဗ်ဒွလ္လာဟ်ကာဒေရ် ဂေလာနီ(ဂျေလာနီ) နှင့်ပတ်သက်ပြီး ရှီအာ အေမာမ်မီယာ နှင့် အိုလမာ ယေ ရှီအာ အမြင်မည်သို့ ရှိပါသနည်း ? ခိုင်ခိုင်မာမာ ၊ရှင်းရှင်းလင်းလင်းရှင်းပြပေးပါ။

အပြည့်အဝကျေးဇူးတင်လျက်

ဖြေ ။ ။ စလာမ် နှင့်အတူ

လေးစားအပ်ပါသော မိတ်ဆွေကြီးခင်ဗျား ....

ရှီအာ(အိုလမာ)အနေဖြင့်ဤ ပုဂ္ဂိုလ်အား အဟ်လေစွန္နသ် စူဖီတစ်ဦး ဟု မြင်ပါသည်။အခြား သီးသန့် အမြင်မရှိပါ။

အောင်မြင်ပါစေ...

အဖြေပေးသည့်ရက် ၂၄ ဧပြီ လ၂၀၁၄ခုနှစ်

ဟဇရသ်အာယာသွလ္လာဟ် ဒေါက်တာ ဆရက်ဒ် ဂဇ်ဝေနီ ၏ ကြီးကြပ်မှုအောက်ရှိ သုတေသီအဖွဲ့ / ကွမ်းမြို့

 

(၉) မေး ။နမာဇ် မဖတ်သူ (သို့) နမာဇ်ကို လက်မခံသည့် သူ(သို့)သူမ အတွက် ကုရ်အာန်ခွာနီ လုပ်ပိုင် ခွင့် ရှိပါသလား  ?                 

 

ဖြေ ။ ။ မွတ်စလင်မ် တိုင်းအတွက်(ယုတ်စွအဆုံး) မည်မျှပင် အပြစ် ဂိုနာရှိသူ ပင် ဖြစ်နေပါစေ  (မြတ် အလ္လာဟ်ထံတော်တွင် ၎င်းတို့အား) ခွင့်လွတ် ပလပ်ပေးဖို့၊ ခွင့်လွတ်သနားပေးဖို့ တောင်းခံ ပေးခြင်း ၊၎င်းတို့ အတွက် ကောင်းမှု ကုသိုလ်များ ပြုလုပ်ပေးခြင်း သည် ပြုလုပ်ပိုင်ခွင့် ရှိပါသည်။ (ကုရ်အာန်ခွာနီပြုလုပ်ပေး နိုင်ပါသည်။

 

ညွန်း - ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမ် မို ရှီးရာဇီး ၏ အေစ်သေဖ်သာ အသ်ဂျဒီးဒ် ကျမ်း စာမျက်နှာ ၅၁၃ ၊မေးခွန်း အမှတ် ၁၆၇၉

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ သဗ်ရေဇီး (ရ.ဟ)၏ အေစ်သေဖ်သာအသ်ဂျဒီးဒ် ကျမ်း စာမျက်နှာ ၄၄၂ ၊မေးခွန်းအမှတ် ၁၉၃၆

 

(၁၀)မေး ။တအားဟောင်းနွမ်း သွားပြီး ဖတ်ရွတ်ရန် ခက်ခဲသွားသည့် ကျမ်းတော်မြတ် ကုရ်အာန် များကို တွင်းတူးပြီးမြေကြီးထဲ ဒဖ်နာရမည်လား(သို့) မီးရှို့ ရမည်လော?                 

 

ဖြေ ။ ။ သန့်ရှင်းသန့်ပြန့် သည်ပြီး မရိုမသေ၊မလေးမလေးစားလုပ်ရန်၊စော်ကားရန် မဖြစ်စေ မည့် နေရာတွင် (တွင်းတူး) ဒဖ်နာရပါမည်။ ကျမ်းတော်မြတ် ကုရ်အာန် အား မီးရှို့  ခြင်း သည် ဟရာမ် ဖြစ် ပါသည်။

 

ညွန်း - ဟဇရတ်(သ) အာယာသွလ္လာဟ် အလ်အွဇ်မာ စာဖီ ဂိုလ်ဗိုင်ဂန်နီ ၏ ((ဂျာမေအ် အိုလ် အဲဟ်ကာမ် ကျမ်း အတွဲ ၁ ၊စာမျက်နှာ ၅၇

 

 

 (၁၁)မေး ။ ကျမ်းတော်မြတ် ကုရ်အာန်၏ အာယတ်တော်များကို ကျောင်းသင်ပုန်းပေါ်တွင် မြေဖြူဖြင့် ရေးသား အသုံးပြုပြီးနောက် ပြန်ဖျက်ချိန်တွင် ယေဘုယျအားဖြင့် ဖြေဖြူ မှုန့် များ အောက်သို့ကျလေ၏ ။ ထို အမှုန့်များကို ဝဇူမရှိဘဲ ကိုင်လို ရပါသလား ?                 

ဖြေ ။ ။ ဟရာမ် မဟုတ်ပါ ။

ညွန်း - အာဒါဗ်ဝါအဲဟ်ကာမ် မေ ကုရ်အာန်(မဟ်မူဒ်အက္က်ဘရ်) စာမျက်နှာ၃၈

 

 (၁၂)မေး ။ မတော်တဆ မနုဿ လူသား၏ လက်ထဲ မှ ကျမ်းတော်မြတ် ကုရ်အာန်မြေပြင်ပေါ်သို့ ပြုတ်ကျခဲ့မည် ဆိုလျှင် မည်သည့်တာဝန် ရှိပါသနည်း၊ကဖာရာ(ရှရီအီဒဏ်) ရှိပါသလား ?                 

ဖြေ ။ ။ ကဖာရာ(ရှရီအီဒဏ်) မရှိပါ။ သို့သော် မလွဲမသွေ ချက်ချင်း ပြန်ကောက်ယူခြင်း၊အရိုအသေ ပေးခြင်း (နမ်းခြင်း၊ခေါင်းပေါ်တင်ခြင်း)ကို ပြုရပေမည်။

ညွန်း - ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမ် မို ရှီးရာဇီး ၏ အေစ်သေဖ်သာ အသ်ဂျဒီးဒ် ကျမ်း အတွဲ ၁၊စာမျက်နှာ ၅၂၁

 

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ သဗ်ရေဇီး (ရ.ဟ)၏ အေစ်သေဖ်သာအသ်ဂျဒီးဒ် ကျမ်း အတွဲ ၁၊စာမျက်နှာ ၄၄၅

 

(၁၃)မေး ။ကျမ်းတော်မြတ် ကုရ်အာန် ဖတ်ရွတ်နေချိန် ခြေများကို ဆင်း၍ ဖတ်ရွတ်ခြင်းသည် မရိုမသေ၊မလေးမစားပြုခြင်းမည်ပါသလား?                  

 

ဖြေ ။ ။အကယ်၍ မရိုမသေ၊မလေး မစားပြုသည့်ရည်ရွယ်ချက် မပါက ဟရာမ် မဟုတ်ချေ။ သို့သော်အခြေအနေတိုင်း (အရေးကြီးအချိန် (အခက်အခဲရှိချိန်) မှအပ)ဤကဲ့သို့ ခြေဆင်း၍ ဖတ်ခြင်းကိုရှောင်ကြဉ်ခြင်းသည် ပိုကောင်းလေ၏။

 

ညွန်း - ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ သဗ်ရေဇီး (ရ.ဟ)၏ အေစ်သေဖ်သာအသ်ဂျဒီးဒ် ကျမ်း အတွဲ ၁၊စာမျက်နှာ ၁၆၄၇

 

(၁၄) မေး ။ အကီးက်လက်စွပ် အပေါ် (သို့) ရင်ဆွဲ (ဆွဲကြိုး) အပေါ် မြင့်မြတ်သည်နာမတော်များ (အလ္လာဟ်၊ရစူလ်၊နဘီများ(အ.စ)အားလုံး၊ ကိုယ်တော်မြတ်(ဆွ)၊ အေမာမ်၁၂ပါး (အ.စ)၊ ဟဇရသ် ဇဲဟ်ရာ (စ.အ) ၏နာမတော်များ ) သို့မဟုတ် ကျမ်းတော်မြတ် ကုရ်အာန်၏ အာယတ်တော်များ  ရေးထားမည်။၎င်းအရာများ ကို ဝတ်ပြီး အိမ်သာ တက်ချိန် ဝတ်ခွင့် ရှိပါသလား ?

ဖြေ ။ ။ အကယ်၍ မရိုမသေပြုသလို၊မလေးမစားပြုသလို မဖြစ်မည်၊ဝဇူမရှိဘဲ(နာမတော်များကို) မထိမည်ဆိုလျှင် ပြဿနာ မဟုတ်ချေ။

 ညွန်း - အာဒါဗ်ဝါအဲဟ်ကာမ် မေ ကုရ်အာန်(မဟ်မူဒ်အက္က်ဘရ်) စာမျက်နှာ၃၅

 

 (၁၅)မေး မိုမင်(သို့) မိုမေနာ တစ်ဦးဦးအား စွပ်စွဲမှု အတွက် မဟာတမန်တော် မြတ်ကြီး (ဆွ) ဘာများ မိန့်တော်မူထားပါသလဲခင်ဗျား ?

ဖြေ ။ ။ဟုတ်ကဲ့မိန့်တော်မူထားပါတယ်။ မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) မိန့်တော်မူသည်မှာ -

((အကြင်မည်သူမဆို ၊မိုမင်အမျိုးသား(သို့) အမျိုးမီးအား ၎င်း(မပြော၊မလုပ်)သည့်အရာဖက်သို့ (လုပ်သည်၊ပြောသည်)ဟု စွပ်စွဲပြောဆိုမည်ဆိုလျှင်အလ္လာဟ် ဟိုအရှင်မြတ် သခင်သည် ကေယာမသ် နေ့ တွင်၎င်းးအားမိမိစွပ်စွဲထားခဲ့သည့် စွပ်စွဲ ချက်အပေါ်အဖြေပေးရန် မီးတောင်ပူစာ ပေါ်တွင်တင် ထားတောမူပေမည်။))

ညွန်း - ဘေဟာကျမ်း အတွဲ ၇၅ ၊ အခန်း ၆၂ ၊ဟဒီးစ်တော် အမှတ် ၆

 

 (၁၆)မေး ။ သိက္ခာမဲ့သည့်အဆဲ၊ဆဲဆိုသူများအတွက် ဂျန္နသ်(အမတသုခဘုံ) သည်ဟရာမ် ဖြစ်သည်ဆို သည်မှာ မှန်ကန်ပါသလား ?

ဖြေ ။ ။ဟုတ်ကဲ့ ၊ မှန်ကန်ပါသည်။ ဟဇရသ်အာယာသွလ္လာဟ်ဆရက်ဒ် အဗ်ဒွလ် ဟိုစိုင်း(န) ဒက်စ်ဒဂိုဗ်(ရ.ဟ) (အေမာမ်ဂျိုမာရှီးရာဇီးမြို့ ) ရေးသားသီးကုံးထားသည့် ((ဂိုနာဟာယေဂဗီးရာဟ်)) ကျမ်း၏ ဆဲရေး တိုင်းထွာ ခြင်းကဏ္ဍတွင် အတိအကျ လေ့လာနိုင်ပါသည်။ ထိုပြင် အူစူလေကာဖီကျမ်း အတွဲ ၂ ၊စာမျက်နှာ ၃၂၃ တွင်လည်း ကိုယ်တော်မြတ် (ဆွ)ဟဒီးစ်တော်အား လေ့လာ နိုင်ပါသည်။

ဖြေ ။ ။မရှိချေ။

 ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ်အလီခါမေနာအီး

 ဟုတ်ကဲ့၊မရှိပါ။

 ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နူးရီဟမ်ဒါနီ

 ဟရာမ်ဖြစ်ပါသည်။

 ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဗဲဟ်ဂျသ် (ရ.ဟ)

ကြည့် - ရေစာလေအေစ်သေဖာသာအာသ် သေ ဂျဒီးသ် မရာဂျေသက္က်လီးဒ် ကျမ်း - ပြုစုသူ - ဟွဂ်ျဂျသွလ်အစ္စလာမ် လသွီးဖ်ရာရှေဒီ စာမျက်နှာ၅၈

 

(၁၇) မေး ။ အဟ်လေ့ဘိုက် (အ.စ) အား သတ်ဖြတ်ခဲ့သူများ၊ နှိပ်စက်ညှဉ်းပန်း နေသူများ အပေါ် အမြဲတန်းလအ်နသ်ပို့ခွင့်ရှိရှိပါသလား ?

ဖြေ ။ ။ ရှိပါသည်။ ထိုပြင် အဟ်လေ့ဘိုက် (အ.စ) အား သတ်ဖြတ်ခဲ့သူများ၊ နှိပ်စက်ညှဉ်းပန်း နေသူများ အပေါ် အမြဲတန်းလအ်နသ်ပို့သခြင်းသည် မိုစ်သဟဗ် ဖြစ်ကြောင်း အလာမာ မိုဟမ္မဒ်အလီ ကေရ်မာန်ရှာဟီး (ရ.ဟ) ရေးသားထားသည့် (مقامع الفضل) ကျမ်း၏မေးခွန်း အမှတ် ၅၆၁ တွင် ဖော်ပြထားပါသည်။

(၁၈)မေး ။နာမဟ်ရမ် အမျိုးသမီးများ (မိန်းကလေးများ ) အနေဖြင့် မင်္ဂလာဆောင်ပွဲများ၊ထိုနည်းတူ ပွဲများ တွင် ကိုယ်လုံး ကိုယ်ထည်ကို ပေါ်စေသည့်အဝတ်အထည်များ ၊ဟိုပေါ် ဒီပေါ် အဝတ်အထည်များကို ဝတ်ခွင့်ရှိ ပါသလား ?

ဖြေ ။ ။ အကယ်၍ တစိမ်းယောက်ကျားလေးများ၏ ကြည့်ခြင်း မှ လုံခြုံမည်၊ စာရိတ္တကိုဖောက်ပြန်စေမှု (ကာမရာဂကိုထကြွစေမှု) မှ လုံခြုံ စိတ်ချရမည်ဆိုလျှင် ဝတ်နိုင်ပေသည်။ ဤကဲ့သို့ မဟုတ်လျှင် ဝတ်ပိုင်ခွင့် မရှိချေ။

 ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ်အလီခါမေနာအီး

 ကြည့် - ရေစာလေအေစ်သေဖာသာအာသ် သေ ဂျဒီးသ် မရာဂျေသက္က်လီးဒ် ကျမ်း - ပြုစုသူ - ဟွဂ်ျဂျသွလ်အစ္စလာမ် လသွီးဖ်ရာရှေဒီ စာမျက်နှာ၂၈၅

 

(၁၉) မေး ။နာမဟ်ရမ် အမျိုးသမီးများ (မိန်းကလေးများ ) နှင့် လက်ဆွဲ နှုတ်ဆက်ခွင့် ရှိပါသလား ?

ဖြေ ။ ။ ကာမရာဂ စိတ် ၊တဏှာ စိတ် ပါသည်ဖြစ်စေ ၊မပါသည်ဖြစ်စေ ဟရမ် ဖြစ်ပေသည်။

 ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ်စစ်သာနီ ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဗဲဟ်ဂျသ် (ရ.ဟ) ၊ ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမ်မို ရှီးရာဇီး၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ်အေမာမ်ခိုမေနီ (ရ.ဟ) ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နူးရီဟမ်ဒါနီ ၊ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဖွာဇေလ်လန်ကရာနီ (ရ.ဟ)

ကြည့် - ရေစာလေအေစ်သေဖာသာအာသ် သေ ဂျဒီးသ် မရာဂျေသက္က်လီးဒ် ကျမ်း - ပြုစုသူ - ဟွဂ်ျဂျသွလ်အစ္စလာမ် လသွီးဖ်ရာရှေဒီ စာမျက်နှာ၂၈၅

 

(၂၀)မေး ။ မာန်၊ မာနမဲ့ ကျိုးနွံ့ စွာနေခြင်း၏ လက္ခဏာ ကို ဖော်ပြပေးပါ။ ?

ဖြေ ။ ။ မာန်၊ မာနမဲ့ ကျိုးနွံ့ စွာနေခြင်း၏ လက္ခဏာမှဟဒီးစ်တော် အရ (၄) ခု ရှိပါသည်။

(၁) ထိုင်ဝိုင်းတွင် အားလုံးနောက်မှာ ထိုင်ရခြင်းကို ကျေနပ်ခြင်း

(၂)မည်သူနှင့်ပင်တွေ့တွေ့ ဦးစွာ စလာမ် စ ပေးခြင်း

(၃) မှန်နေသည့်တိုင်အောင် ရန်ဖြစ်မှု ကို ရှောင့်ကြဉ်ခြင်း

(၄)မိမိ၏သီလ၊သမာဓိကို ချီးမွမ်းသည်ကို မနှစ်သက် ခြင်း တို့ ဖြစ်ပါသည်။

 ကြည့် - စဖီးနသိုလ်ဗေဟာရ် ကျမ်း

 

(၂၁)မေး ။လက်ဆောင်ပေးခြင်းသည်ကောင်းမြတ်သည့် အလုပ် ဖြစ်ပါသလား ?

ဖြေ ။ ။ ဖြစ်ပါသည်။ အကြောင်းမှာ အကြင်မသည်သူမဆို အရာတစ်ခုခု ကို ရင်းနှီးအကျွမ်းဝင်မှု ကို တိုးမြှင့်ရန် အလိုငှမိမိ၏ဆင်းရဲသသည့်မိုမင်ကို ဖြစ်စေ ချမ်းသာ သည့် မိုမင်ကို ဖြစ်စေ ပေးဆောင်ခြင်းဖြစ်ပါသည်။အကယ်၍ မြတ်အလ္လာဟ် နှစ်မြို့ မှု အတွက်ဆိုသည့်နီယသ် နှင့်ပေးလျှင် အမြင့်မြတ်တကာ အမြင့်မြတ်ဆုံး အေဗာဒသ်များမှ အေဗာဒသ် တစ်ခု ကို ပြုခြင်းမည်လေ၏။

 ကြည့် - အာယာသွလ္လာဟ် ရှဟီးဒ် ဒက်စ်သဂိုင်ဗ်ရှီးရာဇီး (ရ.ဟ) ၏ဂိုနာဟာယေကဗီးရဟ်ကျမ်း

 အမီးရွလ်မိုမေနီဟဇရသ် အလီ (အ.စ) မိန့်တော်မူလေသည်။

((အကယ်၍ကျွန်ုပ်အနေဖြင့် မိမိ မိုမင်ဘိုင်ကို လက်ဆောင်အဖြစ် အရာတစ်ခုခုပေးဆောင်ရခြင်းကို ဆဒ်ကာပေးရခြင်းများစွာ နှစ်သက်ပေသည်။ ))

ကြည့် - ကာဖီကျမ်း အတွဲ၅ စာမျက်နှာ၁၄၄

 

(၂၂)မေး ။ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကိုယ်ထမင်းကို စားပြီး စကားအပေးအယူ ပြုတဲ့သူတွေ ရှိပါတယ် ...သူတို့ကို ရှရီအသ် တရားတော်အရ မည်ကဲ့သို့ ဆက်ဆံရမည်နည်း?

ဖြေ ။ ။ ၎င်းတို့ကို ဆက်ဆံရန် အိုလမာယေ ရှီအာ အနေဖြင့်နည်းလမ်းများ မိန့်ကြား၊ရေးသားထား ပါသည်။ဤနေရာတွင်ကျွန်တော်အနေဖြင့် အီရန်နိုင်ငံ ရှိသာသနာ့ပညာရှင်များက သင်ရိုးညွန်းတန်း အဖြစ်သီးကုံးထားသည့် (အာဒါဗ်ဗေအစ္စလာမ်မီ ကျမ်း )အတွဲ (၁) မှအချို့ အချက်ကို ကောက် နှုတ်ဖော်ပြပါမည်။

(၁)၎င်းသည်ရရှီအသ်အမြင်အရဖာစေက်ဖြစ်ရာ သူ၏စကားကိုအသေအချာ မလေ့လာဘဲ လက်မခံ သင့်ချေ။

(၂)၎င်းကိုဆိုဆုံးမရပေမည်။

(၃)၎င်းသည်မြတ်အလ္လာဟ်၏ရန်သူဖြစ်ရာမိမိရန်သူအဖြစ်သတ်မှတ်ရပေမည်။

(၄)ကုန်းတိုက်ကုန်းချော၊စကားအပေးအယူလုပ်သည်ဆိုသည်မှာတရားတော်အရ တစ်ဦး တစ်ယောက်ကပြောလိုက်သည့် မကောင်းသည့်စကား၊မကောင်းသည့်အတွေးကို (အပြောခံ ရသူ(သို့)အခြား သူတစ်ပါးထံ) သတင်းပို့ခြင်းကို ခေါ်ဆိုကြောင်း သိထားရမည်။ (ဤကဲ့သို့သော်သူများနှင့်ရှောင်ကြဉ်ရမည်။)

 (၅) ကုန်းတိုက်ကုန်းချောသူပြောသည့်စကားမှန်းသိလျှင် သူပြောတဲ့သူထံတွင်သူပြောသည့်အတိုင်း ဟုတ်မဟုတ် စိစစ်လေ့လာ ဖို့မလိုချေ။

 

(၂၃)မေး ။ရှိင်တွာန်အနေဖြင့် လူသားတွေအပေါ်လုပ်သည့် သံသယ၊ဇဝေဇဝါ ဘယ်နှစ်မျိုး ရှိပါသနည်း ?

ဖြေ ။ ။ သုံးနည်း ရှိပါသည်။

(၁) အတွေးအခေါ်အယူအဆ တွင် သံသယ၊ဇဝေဇဝါဖြစ်အောင်ပြုခြင်း (သာဓက အားဖြင့် ကိုယ်နားမလည်သည့် ဘာသာရေးကိစ္စများ၊အကီဒါများတွင် သက်ဆိုင်ရာအိုလမာကိုမမေးမမြန်းဘဲ ကိုယ်ပိုင် အတွေးချဲ့ ပြီး ထင်ရာမြင်ရာ အဖြေထုတ်ခြင်း စသည်ဖြင့်)

 (၂) လက်တွေလုပ်ဆောင်မှု တွင် သံသယ၊ဇဝေဇဝါဖြစ်အောင်ပြုခြင်း (သာဓက အားဖြင့် အပေါ့အလေးသွားပြီးလျှင် ရေများများ အသုံးပြုလျက်နှင့် အမှန်တကယ် သန့်စင်သွားပြီးလား ၊မသန့်စင်သေးဘူးလား ဟုဒွဟဝင်ခြင်း စသည်ဖြင့်)

 (၃) လူမှုပေါင်းသင်းဆက်ဆံရ တွင် သံသယ၊ဇဝေဇဝါဖြစ်အောင်ပြုခြင်း (သာဓက အားဖြင့် ကိုယ်အသေအချာ မသိဘဲ လူတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို ကြည့်နေတာမြင်လျင် အသေအချာမစိစစ် တော့ဘဲ စွပ်စွဲပုတ်ခေတ်ခြင်း၊ စသည်ဖြင့် (ဟွဂ်ျဂျသွလ်အစ္စလာမ် ဒေါက်တာ ရဖီးအီး ဟောကြားထားသည့် ((دام های شیطان )) အမည်ဖြင့် ဝါဇ်မှ ကောက်နှုတ် တင်ပြလိုက်ရပါသည်။

 

(၂၄)မေး ။ အေမာမ်ဟိုစိုင်း(န) (အ.စ) သခင်ကို ကရ်ဗလာမသွားရန် အေမာမ်(အ.စ)အားမေတ္တာ ရပ်ခံခဲ့သည့်အုပ်စုများကို မည်ကဲ့သို့ ခွဲခြားနိုင်ပါသနည်း?

ဖြေ ။ ။ ။ အေမာမ်ဟိုစိုင်း(န) (အ.စ) သခင်ကို ကရ်ဗလာမသွားရန် အေမာမ်(အ.စ)အားမေတ္တာ ရပ်ခံခဲ့သည့်အုပ်စုများကို အောက်ပါအတိုင်းအုပ်စု (၃)ခု အဖြစ်ခွဲခြားနိုင်ပါသည်။

 ပထမအုပ်စု ။ ။ အချစ်မေတ္တာကြောင့် ဥပမာ ဟဇရသ်အွမ်မေစလ်မာ(ရ.သွေ့) သခင်မ…

ဒုတိယအုပ်စု ။ ။ နိုင်ငံရေးအရ ဥပမာ ဟဇရသ်အဗ်သွလ္လာဟ်အဗ်နေအုမရ် …

တတိယအုပ်စု ။ ။ အထောက်အထားသက်သေများပြ၍ ဥပမာ ဟဇရသ်ဂျာဗေရ် အဗ်နေအဗ်ဒွလ္လာဟ် အန်ဆွာရီ (ရ.သွေ့) …….တို့ဖြစ်ပါသည်။

 ၁၂၊၁၂၊၂၀၁၃ တွင်ထုတ်လွှင့်ခဲ့သည်ရေဒီယိုရေကွမ်း၏ ဟွဂ်ျဂျသွလ်အစ္စလာမ် ဒေါက်တာ ရဖီးအီး ၏တရားဟောပွဲမှ ကောက်နှုတ် တင်ပြလိုက်ရပါသည်။

 

(၂၅)မေး ။ အေမာမ်ဇမန် (အ.ဂျ) အနေဖြင့် မိမိ၏ရှီအာများထံ မှဘာအလိုရှိပါ သလားဆိုတာ သိပါရစေခင်ဗျား ?

အေမာမ်ဇမန် (အ.ဂျ) အနေဖြင့် မိမိ၏ရှီအာများထံ မှ အလိုရှိသည်မှာ အောက်ပါ အတိုင်းဖြစ် ပေသည်။

 

၁။ အိုလမာ(မရ်ဂျာသက်္ကလီးဒ်များ) နှင့်သာသနာပညာတတ်ကျွမ်းသူများ(အာလင်မ်များ) နှင့် အဆက်အသွယ်ရှိနေရန်

 

၂။ နမာဇ်များကို ၎င်းနမာဇ်များ၏အချိန် အတွင်း  ပထမဆုံးအချိန်၌်ဖတ်ရန်

 

၃ ။ လူသားများ၏ ရပိုင်ခွင့်များကို ဂရုပြုတာဝန်ကျေရန်

 

၎။( အမြန်ဆုံး )ကိုယ်တော်(အ.ဂျ) ဖူးပွင့်ရန်အတွက်ဒိုအာ ပြုရန် တို့ဖြစ်ပါသည်။

 

ညွန်း - ဗေဟာကျမ်း အတွဲ ၅၃ ၊စာမျက်နှာ ၁၈၀ ၊ဟဒီးစ်တော်အမှတ် ၁၀

 

        ရှိက်ခ်စူသူက်(ရ.ဟ)၏ ကမာလွဒ်ဒီးန်ကျမ်း အတွဲ ၂ ၊စာမျက်နှာ ၄၈၅ ၊ဟဒီးစ်တော်အမှတ် ၎

 

(၂၆)မေး ။ နောက်ဆုံးခေတ်ကာလ ရောက်လာချိန်တွင် သားသမီးများအနေဖြင့် မိမိတို့၏ မိဘနှစ်ပါးကိုဆက်ဆံပုံလေးကို သိပါရစေ.. ?

 

ဖြေ ။ နောက်ဆုံးခေတ်ကာလ ရောက်လာချိန်တွင် သားသမီးများအနေဖြင့် မိမိတို့၏ မိဘနှစ်ပါးကို ဆက်ဆံ ပုံလေးနှင့် ပတ်သက်ပြီး တင်ပြရမည်ဆိုလျှင် ကိုယ်တော် မြတ်ကြီး ဟဇရသ် မိုဟမ္မဒ် (ဆွ) မိန့်တော်မူထားပါသည်။

(( (ထိုခေတ်အချိန်အခါ တွင် )လူသားအနေဖြင့်မိမိတို့မိဘ နှစ်ပါးအပေါ် ညှဉ်းပန်းနှိပ်စက် ၊ရက်စက်ကြ ပေမည်သို့သော်မိမိတို့၏ မိတ်ဆွေသူငယ်ချင်း များအပေါ်အချစ်မေတ္တာ ထားပြီးကောင်းမွန်စွာ ဆက် ဆံကြ ပေမည်။ ))

 

ညွန်း - ဖရ်ဟန်က်ကေမရ်သွမ် မေဒွန်ယာ ကဗ်အဇ် ဇဟူရ် စာမျက်နှာ ၄၅

 

(၂၇) ။ ။ မေး ။ နောက်ဆုံးခေတ်ကာလ ရောက်လာချိန်တွင် ရိုသေလေးစားမှု ဂါရဝတရား နှင့် ပတ်သက်ပြီး သိပါစေခင်ဗျား ?

ဖြေ ။ ။ နောက်ဆုံးခေတ်ကာလ ရောက်လာချိန်တွင် ရိုသေးလေးစားမှုဂါရဝတရား နှင့် ပတ်သက်ပြီး တင်ပြရမည်ဆိုလျှင် ကိုယ်တော်မြတ်ကြီး ဟဇရသ် မိုဟမ္မဒ် (ဆွ)မိန့်တော်မူထားပါသည်။

((ထိုခေတ်အချိန်အခါ တွင် ကလေးငယ်များအပေါ် သနားကြင်နာ ယုယကြမည် မဟုတ်၊လူကြီးများ ကိုလည်းရိုသေလေးစားဂါရဝပြုကြမည်မဟုတ်ချေ။ ))

ညွန်း - ဖရ်ဟန်က်ကေမရ်သွမ် မေဒွန်ယာ ကဗ်အဇ် ဇဟူရ် စာမျက်နှာ ၄၇၊၄၈

 

(၂၈)မေး ။ အေမာမ်ဇမန် (အ.ဂျ) ၏ဟူကူးက် (ရပိုင်ခွင့်များ) နှင့်ပတ်သက်ပြီး ကျွန်တော်တို့ ရှီိအာများပေးဆပ် ရမည့်တာဝန်ဝတ္တရား ရှိပါသလား?

ဖြေ။။ရှိပါသည် ။ဒိုအာယေ နိုသ်ဗာ တွင် တောင်းဆိုထားပါသည်။ ဒိုအာ၏ဆိုလိုချက်ကတော့

((အိုအလ္လာဟ်ဟိုအရှင်မြတ်သခင် ကျွန်တော်မျိုးတို့ကို အေမာမ်ဇမန် (အ.ဂျ) ၏ဟူကူးက် (ရပိုင်ခွင့် များ) ပေးဆပ်ထမ်းဆောင်တာဝန်ကျေနိုင်ရာရောက်ရန်အလိုငှ ကိုယ်တော်(အ.ဂျ)၏အမိန့်များ လိုက် နာ ကျင့်သုံး နိုင်ရန် ကြိုးစားမှုစွမ်းအား နှင့် ကိုယ်တော်(အ.ဂျ) ၏ အမိန့်များကို မသွေးဖီ၊ မဆန်ကျင့် ရန် စွမ်းအားပေး သနား တော်မူပါ။)) ဟူ၍ဖြစ်ပါသည်။

 အေမာမ်(အ.ဂျ) ၏ဟူကူးက် (ရပိုင်ခွင့်များ) နှင့်ပတ်သက်ပြီးကျွန်တော်တို့ ရှီိအာများပေးဆပ် ရမည့် တာဝန်ဝတ္တရားမှာ နှစ်မျိုးနှစ်စားရှိပါသည်။ပထမအမျိုးအစားမှာ ဝါဂျစ်ဗ် မပြုမနေတာဝန်ဝတ္တရား ဖြစ်ပြီး ၊ဒုတိယ အမျိုးအစားမှာ မိုစ်သဟဗ် (ပြုလျှင်ပြုကောင်းသည်) ဟူ၍ဖြစ်ပါသည်။

 ညွန်း - အဟ်ကာမ်မေမွန်သဇေရာန်ကျမ်း ၊စာမျက်နှာ ၁၇

 

(၂၉)မေး ။ အေမာမ်ဇမန် (အ.ဂျ) ၏ဟူကူးက် (ရပိုင်ခွင့်များ) နှင့်ပတ်သက်ပြီး ကျွန်တော်တို့ ရှီိအာများပေးဆပ် ရမည့်တာဝန်ဝတ္တရား ရှိပါသလား?

ဖြေ။။ရှိပါသည် ။ဒိုအာယေ နိုသ်ဗာ တွင် တောင်းဆိုထားပါသည်။ ဒိုအာ၏ဆိုလိုချက်ကတော့

((အိုအလ္လာဟ်ဟိုအရှင်မြတ်သခင် ကျွန်တော်မျိုးတို့ကို အေမာမ်ဇမန် (အ.ဂျ) ၏ဟူကူးက် (ရပိုင်ခွင့် များ) ပေးဆပ်ထမ်းဆောင်တာဝန်ကျေနိုင်ရာရောက်ရန်အလို့ ငှာ ကိုယ်တော်(အ.ဂျ)၏အမိန့်များ လိုက် နာ ကျင့်သုံး နိုင်ရန် ကြိုးစားမှုစွမ်းအား နှင့် ကိုယ်တော်(အ.ဂျ) ၏ အမိန့်များကို မသွေးဖီ၊ မဆန်ကျင့် ရန် စွမ်းအားပေး သနား တော်မူပါ။)) ဟူ၍ဖြစ်ပါသည်။

 အေမာမ်(အ.ဂျ) ၏ဟူကူးက် (ရပိုင်ခွင့်များ) နှင့်ပတ်သက်ပြီးကျွန်တော်တို့ ရှီိအာများပေးဆပ် ရမည့် တာဝန်ဝတ္တရားမှာ နှစ်မျိုးနှစ်စားရှိပါသည်။ပထမအမျိုးအစားမှာ ဝါဂျစ်ဗ် မပြုမနေတာဝန်ဝတ္တရား ဖြစ်ပြီး ၊ဒုတိယ အမျိုးအစားမှာ မိုစ်သဟဗ် (ပြုလျှင်ပြုကောင်းသည်) ဟူ၍ဖြစ်ပါသည်။

 ညွန်း - အဟ်ကာမ်မေမွန်သဇေရာန်ကျမ်း ၊စာမျက်နှာ ၁၇

 

 (၃၀)မေး ။ အေမာမ်ဇမန် (အ.ဂျ) ဖူးပွင့်ဖို့ အဘယ်ကြောင့် ကြာနေရပါသနည်း?

 

ဖြေ ။ ။ အေမာမ်ဇမန် (အ.ဂျ) ကိုယ်တော်တိုင် မိန့်တော်မူသည်။

 

(( အသင်တို့၏ ဂိုနာအပြစ်တစ်ခု သည် ကျွန်ုပ် ဖူးပွင့်ဖို့ ရက် (၄၀) ကို ကြံ့ကြာစေလေသည်။))

 

ကြည့် - ကေသာဗ် ဗိုလ်ကာအေမ် (အ.စ) ကျမ်း စာမျက်နှာ ၂၅၀

 

(၃၁)မေး ။ သူငယ်ချင်း စိတ်ဓာတ် ဆိုတာ ဘယ်လိုလဲ ဆိုတာ ကို သိပါရစေခင်ဗျား …

 

ဖြေ ။ ။ အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အ.စ) မိန့်တော်မူသည်။

 

(( သူငယ်ချင်းစိတ်ဓာတ် ၏ နယ်နိမိတ်မှာဤသို့ဖြစ်ချေသည်။ အသင်၏ သူငယ်ချင်း(အစစ်)သည် အသင်၏ဂုဏ်သိက္ခာ ကို မိမိဂုဏ်သိက္ခာ အဖြစ် ခံယူပြီး အသင်၏ ချို့ယွင်းချက် ကို မိမိ ၏ ချို့ယွင်းချက် ဟု ခံယူလေသည်။ ))

ကြည့် - အလ်ကာဖီ ကျမ်း အတွဲ ၂ စာမျက်နှာ ၆၃၉

 

 (၃၂)မေး ။ အကယ်၍ မည်သည့် ခင်ပွန်းသည်မဆို မိမိ၏ဇနီးသည် အား သာသနာ့ နှင့်ရှရီအီ အလုပ်များကို စွဲစွဲမြဲမြဲ ပြုရန် မပြုနိုင်လျှင် ဖာစေက် (သာသနာ့စည်းမျဉ်း များကို ဖောက်ပျက်သူ) စာရင်းဝင်သွားပါသလား?

ဖြေ ။ ။ အကယ်၍ နဟီးအဇ်မွန်ကရ် (မကောင်းရာကိုတားမြစ်ခြင်း) ပြုနိုင်လျက် မပြုခဲ့လျှင်ဖာစေက် ဖြစ် ပေသည်။

 ဟဇရတ် အာယာသွလ်လ္လာဟ် အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီး (ကွမ်း)

 

(၃၃)မေး ။ ။ တစ်ချို့ဘာသာရေး လုပ်သူတွေ ကို တွေ့ရပါတယ် ...ဥပမာ နိုင်ငံတကာ ကျမ်းတော်မြတ်ကုရ်အာန် ပြပွဲစသည်ဖြင့်... မြန်မာ ရှီအာများ ထုတ်ဝေခဲ့သည့် စာအုပ်စာတန်းတွေ နိုင်ငံတကာက ကြည့်ရှု နိုင်ရန် ခင်းကျင်း ပြသရပါတယ်... ဒါပေမဲ့ တစ်ချို့ စာအုပ်တွေ ကို ဥပမာ msm စာစောင် ၊နောက်အချို့ မောင်လာနာ များ၏ ဘာသာပြန်စာအုပ်များ ၊ အရင်ကထွက်ဝေ ခဲ့သည့် စာစောင်၊စာအုပ်များကို မခင်းကျင်းမပြထားပါဘူး…  ဘာကြောင့်ပါလဲ ခင်ဗျား …?

ဖြေ ။ ။ ရှင်းပါတယ် … အချက် (၃)ခုမှ တစ်ခုခု ကြောင့်ပါ….(သို့မဟုတ်) ၂ခု ကြောင့် (သို့မဟုတ်) ၃ခုစလုံးကြောင့်ပါ။ ပိုပြီးအတိအကျတော့ မြတ်အလ္လာဟ်နှင့် ပြုလုပ်သူ အသိဆုံးပါဘဲ

(၁) မေ့သွားသည့်အတွက်ကြောင့်

(၂) စာအုပ်၊စာစောင်ရှားပါး၍ မရနိုင်တော့သည့်အတွက်ကြောင့် နှင့် ရှိသော်လည်း အဝေးရောက်နေသည့်အတွက်ကြောင့်

(၃) မနာလိုဝန်တိုပြီး ၊ပုဂ္ဂိုလ်ရေး၊လူမှုရေးအစွဲကြောင့်

 

(၃၄)မေး ။ ။ အကြင်မည်သူမဆို လိမ်၍ ၊မုသားဆို၍ ကဆမ်စားမည် ပြီးနောက် ရှက်ပြီး (နောင်တ) ရမည်ဆိုဆိုလျှင် ၎င်းအတွက် မည်သည့်တာဝန် ရှိပါသနည်း ?

ဖြေ ။ ။ ၎င်းအနေဖြင့်သောင်ဗာ ပြုလုပ်ရပေမည်၊ပြီးနောက် ဤကဲ့သို့သော် မကောင်းမှုများကို ချေဖျက် နိုင်ရန်(အစားထိုးနိုင်ရန်) အလိုငှာ ကောင်းမြတ်သည့် အလုပ်များကို ပြုလုပ်ရပေမည်။

 ဟဇရတ် အာယာသွလ်လ္လာဟ် အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီး (ကွမ်း)

 

 (၃၅)မေး ။ မှတ်သားစရာ စကားလေးတစ်ခုလောက် သိပါရစေခင်ဗျား …?

ဖြေ။ ။ မှတ်သားစရာ ကတော့ အများကြီးပါ။ လတ်တလောအတွက်အကောင်းဆုံးစကားကလေး တစ်ခွန်းကတော့ အီရတ် နိုင်ငံနဂျဖ်မြို့မှာ ၈ နှစ်ကျော် ပညာသင်ယူနေတဲ့ ကျွန်တော်ရဲ့မိတ်ဆွေများမှ တစ်ဦး ဖြစ်တဲ့ ဟွဂ်ျဂျသွလ်အစ္စလာမ် မောင်လာနာ ဆရက်ဒ် မိုဒရ်စေရ် (အိန္ဒိယ) ၏ စကား လေး တစ်ခွန်းပါ။ ဒါလဲ့သူအနေဖြင့် မောင်လာအလီ (အ.စ) ၏ သြဝါဒတော် တစ်ခု ကို တင်ပြထားတာပါ။ ထိုသြဝါဒကတော့  (( လောက၌အကောင်းတကာ အကောင်း ဆုံး သူမှာ ၎င်း အတွက် လူတွေ ငိုကြသူဖြစ်ပြီး လောက၌အဆိုးတကာအဆိုး ဆုံးသူ မှာ ၎င်း ကြောင့် လူတွေငိုရသူ ဖြစ်ပါသည် … )) ဟုဖြစ်လေသည်။

(၃၆) မေး ။။ထမင်းစားပွဲမှကျသည့်အရာများကိုကောက်၍စားခြင်းကြောင့်ဘာအကျိုး ရနိုင် ပါသနည်း?

 

ဖြေ ။ ။ (( အကြင်မည်သူမဆို ထမင်းစားပွဲမှ ကျသည့် အရာ(ထမင်း၊စားစရာများ) ကောက်၍ စား မည်ဆိုလျှင်၎င်း၏ သားသမီးများသည် လှပ၊ချောမောပြီး တောင်းတ မှုမှ ကင်းကြမည်ဖြစ်ပေသည်။

((မဟာတမန်တော်မြတ်ကြီး (ဆွ)  / ညွှန်း - مدارج النّبوة

ဤအတွက်ကြောင့် အထက်ပါ ဟဒီးစ်တော်ကို ရှုစားပြီး အကျိုးအမြတ် ကိုရှင်းလင်းစွာသိနိုင်ပေသည်။

 

(၃၇)မေး ။  အို အမာရ် … အသင်အားဇွာလင်မ် နှင့် သူပုန် အုပ်စုမှသတ်ဖြတ် လိမ့်မည်ဟု မဟာတမန်တော်မြတ်ကြီ(ဆွ) မိန့်တော်မူခဲ့တာမှန်ပါသလား?

ဖြေ ။ ။ ဟုတ်ကဲ့ မှန်ပါသည်။ ဤဟဒီးစ်တော်သည် ဟဒီးစ်တော်များဆိုင်ရာ ပညာရပ်အရ(မိုသာဝါသေရ်) အဆင့်အဖြစ်လာရှိတော်မူပြီး၊ ဆွာဟာဗာသာဝက တော်ပေါင်း ၃၄ပါးမှ ဆင့်ဆိုခဲ့ကြပါသည်။

ညွှန်း - الخصائص الكبرى، ج 2، ص 140

 

(၃၈)မေး ။ အစ္စလာမ်အတွက် အန္တရာယ်ကျရောက်လာချိန်တွင် မိဘ နှစ်ပါး၏ ခွင့်ပြုခြင်းမယူ ဘဲ ကာကွယ်ရန် ထရပ်ခြင်းနှင့်ပတ်သက်ပြီး လူကြီးမင်း မည်သည့် ဟွက်မ် ရှိပါသနည်း ?

 

 

ဖြေ ။ ။အစ္စလာမ်နှင့်မွတ်စလာမ်များကိုကာကွယ်ပေးရမည်မှာဝါဂျစ်ဗ်မလုပ်မနေရ ဖြစ်ပေသည်။ ဤလုပ်ရပ်အတွက် မိဘ နှစ်ပါး ထံမှာခွင့်ပြုချက်ယူဖို့မလိုအပ်ချေ။ သို့သော်တတ်နိုင်သလောက် မိဘနှစ်ပါး ကျေနပ် ၊သဘောတူ ခွင့်ပြုလာအောင် ကြိုးစား ရပေမည်။

 

ဟဇရတ်(သ) အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ ၏ ဆိုက်ဒ်  (အူရ်ဒူ ) ကဏ္ဍ အေစ်သေဖ်သာအ် မှ

 

(၃၉)မေး ။ အချို့ ဆိုက်ဒ် နှင့်အင်တာနက် သတင်းဌာနများတွင် ကိုယ်တော်မြတ် (ဆွ) ၏ ကြင်ယာတော် (၂ပါး) နှင့်ပတ်သက်ပြီး မဖွယ်မရာ ၊မသင့်တော်သည့် စကားများရေးသား၍ကြင် ယာ တော်များ ၏ စာရိတ္တ နှင့်နွယ်ပြီး မသင့်တော်သည့် စွပ်စွဲမှုများ ပြုကြပါသည်။ ၎င်းတို့နှင့် စပ် လျဉ်း ပြီးလူကြီးမင်း၏ ဖသ်ဝါ ကို သိပါရစေ ခင်ဗျား ?

ဤကဲ့သို့သော် ပုတ်ခပ်စော်ကားမှုများကြောင့်အစ္စလာမ်မီဖေရ်ကာများအားလုံးနှင့် မဇ်ဟဗ် အဟ်လေ့ဘိုက် (အ.စ) အကြား အပြင်းအထန်း မတည်ငြိမ်မှုများ၊ စိုးရိမ်ရမှုများ ၊မလုံခြုံမှုများ ၊စိတ်ဓာတ်ပိုင်းဆိုင်ရာဖိစီးခံရမှုများနှင့်ရင်ဆိုင်နေရ ကြောင်းလူကြီးမင်းအသိပင်၊ဖုံးဖိထားစရာ ပင်မလိုပါ ခင်ဗျား …

ဖြေ။။အဟ်လေ့စွန္နတ်ညီနောင်များအလေးအမြတ်ထားသည့်အရာများကိုစော်ကား ခြင်း၊ပုတ် ခတ်ခြင်းသည်ဟရမ်ဖြစ်ချေသည်။ကိုယ်တော်မြတ်(ဆွ)၏ကြင်ယာ တော်များ ကိုစွပ်စွဲခြင်းသည်အလွန်  တရာ ကြီး မားလေးလံသည် အပြစ်ဖြစ် ပေသည်။ ဤကဲ့သို့သော်လုပ်ရပ်သည်တမန်တော်မြတ်များ(အ.စ) အားလုံး ၏ကြင်ယာတော်များ အထူးသဖြင့် ကိုယ်တော်မြတ် (ဆွ) ၏ ကြင်ယာတော်များ အတွက် တားမြစ်ထားချေသည်။

 

ဟဇရတ်(သ) အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ ၏ ဆိုက်ဒ်  (အူရ်ဒူ ) ကဏ္ဍ အေစ်သေဖ်သာအ် မှ

 

 

(၄၀)အမေး ။  ဆဒ်ကာ နှင့်ပတ်သက်သည့် အဟ်ကမ်လေး သိပါရစေခင်ဗျား ?

အဖြေ ။ ဆဒ်ကာ နှင့်ပတ်သက်သည့် အဟ်ကမ်လေး မှာ အောက်ပါအတိုင်း ဖြစ်ပါသည် ။

(၁) ဆဒ်ကာပေးလျှင် နီယသ်သည် မြတ်အလ္လာဟ် တစ်ပါးတည်းအတွက်တည်းအတွက်သာဖြစ်ရမည်။ (ဆိုလိုသည်မှာ မည်သည့် ပြစားမှုမျှမပါရ ။ )

ညွန်း - သဟ်ရီးရွလ်ဝစီလာ(အေမာမ်ခိုမေနီး (ရ.ဟ)   အတွဲ ၂ ၊စာမျက်နှာ ၉၀

(၂) ဆဒ်ကာကို ပြန်ယူခွင့်မရှိချေ။

ညွန်း - သဟ်ရီးရွလ်ဝစီလာ(အေမာမ်ခိုမေနီး (ရ.ဟ)   အတွဲ ၂ ၊စာမျက်နှာ ၉၀

( ၃) ဆဒ်ကာ ဆရက်ဒ် ကို လည်းပေးနိုင်သည်။ သို့သော် ဆရက်ဒ် မဟုတ်သူ၏ ဇကာသ် သည် ဆရက်ဒ် အတွက်ဟရမ် ဖြစ်ချေသည်။

 

 

ညွန်း - သဟ်ရီးရွလ်ဝစီလာ(အေမာမ်ခိုမေနီး (ရ.ဟ)   အတွဲ ၂ ၊စာမျက်နှာ ၉၁

 

( ၄ ) တမန်တော်မြတ်ကြီး (ဆွ) ကို မကောင်းမပြောသည့်အပြင် မွတ်စလင်များနှင့် စစ်မ တိုက်နေသူ ကာဖေရ် ကို ဆဒ်ကာပေးနိုင်ပါသည်။

 

 

  ညွန်း - သဟ်ရီးရွလ်ဝစီလာ(အေမာမ်ခိုမေနီး (ရ.ဟ)   အတွဲ ၂ ၊စာမျက်နှာ ၉၁

 

( ၅ ) ဆဒ်ကာကို လှို့ဝှက်စွာ ပေးသင့်သည်။ သူတစ်ပါးအား အားပေး၊အားမြှောက် ပြုသည့် သည်အနေဖြင့်လည်း အတိအလင်း ပေးနိုင်သည်။ သို့သော် ဇကာသ် ကို အတိအလင်း ပေးရ လေမည်။

 

ညွန်း - သဟ်ရီးရွလ်ဝစီလာ (အေမာမ်ခိုမေနီး (ရ.ဟ)  အတွဲ ၂ ၊စာမျက်နှာ ၉၁

 

(၆) တောင်းစားခြင်းနှင့်တောင်းစားသူကိုမပေးကမ်းခြင်း(မြန်မာလိုကန်တော့ (သို့)မအ်ဖ်လုပ်ပါ) ဆိုပြီး ပြန်လွတ်ခြင်းသည် မက်ရူ ဖြစ်ပေသည်။

 

ညွန်း - သဟ်ရီးရွလ်ဝစီလာ(အေမာမ်ခိုမေနီး (ရ.ဟ)   အတွဲ ၂ ၊စာမျက်နှာ ၉၁

 

(၄၁)အမေး  ။  Salaaam......MSM.. ဘာသာရေးအဆောက်အအုံတွင်းကျင်းပ သောအခန်းအနားများ(eg..Majalis,Milard,Mawlood) တွင်ဘာသာရေးနှင့် မဆိုင်သောတခြားသူတယောက်အားပုပ်ခက်ပြောဆိုခွင်.ရှိ.ပါသလား? မိသားစုသားရေးသမီးရေး ရှင်းလင်းပွဲပုံစံပြုလုပ်ခွင်.ရှိပါသလား?

  1. တွင်ဖြေကြားပေးစေလိုပါသည်.......wasalam

 

အဖြေ ။ ။ အကယ်၍ သာသာနာနှင့်သက်ဆိုင်နေပြီး အများအတွက် အကျိုး ရှိမည်၊ ရက်ကွက်အတွက် ၊ နိုင်ငံ အတွက် အကျိုး ရှိမည် ၊ ဆိုလျှင် ပြဿနာ မဟုတ်ချေ။ ဤကဲ့သို့ မဟုတ်ပါက ခွင့်မရှိချေ။

 

ဖြေပေးသည့်ရက် ၁၂၊ ၅၊ ၂၀၁၃ အီရန်ဒေသစံတော်ချိန် ၅း၅၇(ညနေခင်း)

 ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာ ဆရက် အလီ ခါမေနာအီရုံး၊ကွမ်း

 

 

 (၄၂)အမေး ။ စလာမ်...

နဂျာဗေ မိုဟမ္မဒ် ဗင် အဘီ ဗက်ရ် လုပ်ကြံခံ ရသည် သတင်း ဂျနာဗေ အာအေရှာ ထံရောက်ပြီး နောက် ကိုယ်တော်(ဆွ) ၏ကြင်ယာတော် အနေဖြင့် အလွန်တရာ နေမရထိုင်မရ ဝမ်းနည်းပြီး နမာဇ်တိုင်း ကိုနူးဒ်ဖတ်တိုင်း (ဒိုအာတောင်းတိုင်း) မိုအာဝေယာ နှင့် အမရ်ဗင်အာ(စ်) တို့အပေါ် လာအ်နတ် ပို့ သည်ဆိုသည်မှာ မှန်ပါသလား ဟုတ်ပါသလား ?

ဖြေ ။ ။ ဟုတ်မှန်ပါသည်။ ဤအကြောင်းအရာ ကို လေ့လာနိုင်သည့်ကျမ်းကိုးများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

 ၁။သာရီခ်ခေသွဗ်ဗရီ အတွဲ ၆ စာမျက်နှာ ၆၀ ၂။ ကာမေလ် အေဗ်နေ အစီးရ် အတွဲ ၃ စာမျက်နှာ ၁၅၅ ၃။ သာရီခ် အေဗ်နေ ကစီးရ် အတွဲ ၇ စာမျက်နှာ ၃၁၄ ၄။ ရှရ်ဟေ နဲဟ်ဂျိုဗလာဂါ ကျမ်း အေဗ်နေအဗ်အဘီ အလ် ဟဒီးဒ် အတွဲ ၂ စာမျက်နှာ ၃၃

 

(၄၃)အမေး ။ စလာမ်...

နာမဟ်ရမ် အဖွားကြီးများ နှင့် လက်ဆွဲ နှုတ်ဆက်ခွင့် ရှိပါသလား?

ဖြေ ။ ။ အကယ်၍ တဏှာ စိတ် (အရသခံလိုသည့်စိတ်) မပါလျှင် အကြောင်း မဟုတ်ချေ။

 ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်အွဇ်မာ ဗဲဟ်ဂျက်(သ) (ရ.ဟ) ၊ ၎င်း၏ သောင်ဇီးလ် ဟွလ်မဆာအေလ် ကျမ်း မစ်စအာလာအမှတ် ၁၉၄၃

 ခွင့်မရှိချေ ။ (မပိုင်ချေ။)

ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်အွဇ်မာ အေမာမ်ခိုမေနီ (ရ.ဟ) နှင့် အခြား အခြား မရ်ဂျာတော် များဖြစ်သည့် နူရီးဟမ်ဒါနီ ၊ ဖွာဇေလ်လန်ကရာနီ ၊ မကာရေမ် မိုရှီးရာဇီး

 ကြည့် - အလ်အိုရ်ဝါသိုလ် ဝတ်စ်စကာ ကျမ်း အတွဲ ၂ နေကာအခန်း မစ်စအာလာအမှတ် ၃၅

 

(၄၄)အမေး  ။  စလာမ်...

 

သူငယ်ချင်း အဖြင့် နာမဟ်ရမ် ယောက်ကျား လေး နှင့် မိန်းကလေး တို့ သည်  စာ (သို့) ဖုန်း ဖြင့် တစ်ဦး နှင့် တစ်ဦး အပြန် အလှန် ဆက်သွယ်ခွင့် ရှိပါသလား?

 

ဖြေ ။ ။ အကယ်၍ အရသခံလိုသည့် ရည်ရွယ်ချက် ရှိမည် ၊ပြီးနောက် ကာမ စိတ်ကို ညွတ်ကိုင်းစေ မည် ဆိုလျှင် မပိုင်ချေ။ (ခွင့်မရှိချေ။)

ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာ ဆရက် အလီ ခါမေနာအီမပိုင်ချေ။

ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်အွဇ်မာဆရက်အလီ စစ်သာနီ နှင့် ဟဇရတ် အာယာသွလ်လ္လာဟ် အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီး

ကြည့် - ဟွဂ်ျဂျသွလ် အစ္စလာမ် ဆရက် မော်(အ)စင်မဟ်မူဒီ ၏ မဆာအေလေ ဂျဒီးဒ် ကျမ်း၊ အတွဲ (၅) ၊ စာမျက်နှာ ၅၃ ၊၅၄

 

(၄၅)အမေး ။ စလာမ်...

ကျွန်တော် လူကြီးမင်း ၏ မိုကလစ် ဖြစ်ပါသည်။ အခြားမရ်ဂျာများ၏ ရှရီအီ အဖြေများ ကို အသုံးပြုလိုရပါသလား? လိုက်နာကျင့်သုံးဖို့ရန်ကော် အရေးကြီးပါသလား? ဖြေကြားပေးပါ။

 ဖြေ ။ ။ မိုကလစ်တိုင်း မိမိ၏ မရ်ဂျာများ၏ ဖသ်ဝါ အတိုင်း ကျင့်ဆောင်ရပေမည်။ မိမိ၏ မရ်ဂျာ အနေ ဖြင့် မဆ်အာလာ တစ်ခု၏ ဖသ်ဝါ တွင် (အဟ်သေယာသ် သေ ဝါဂျစ် ) အဖြင့်မိန့်ထားသည်အခါ အခြား မရ်ဂျာများ ၏ ဖသ်ဝါကိုလည်း ကျင့်သုံး နိုင်ပေသည်။

 မေးလ်ဖြင့်ဖြေ ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာ ဆရက် အလီ ခါမေနာအီရုံး ၊ကွမ်း (၂၀၊၃၊၂၀၁၃)

 

(၄၆)အမေး  ။  စလာမ်...

စလာမ်

 ယခုအခါတွင် တစ်ဝမ်းကွဲ ညီအကို မောင်နှမများ နီကာ ပြုနေကြသည်။

 တ၇ားတော် အရ ခွင့်ပြုထားပါသလား။

 မည်သည့် သွေးသားအဆင့်ထိ နီကာပြုပိုင်သနည်း။

ဖြေ ။ ။ ခွင့်ရှိပါသည်။ မောင်လာအလီ (အ.စ) ၊ဘီဘီဖွာတေမာ (အ.စ) သည်လည်း မောင်နှမ တစ်ဝမ်းကွဲများ ဖြစ်ကြပါသည်။ သွေးသားဆွေမျိုးများတွင် ရှအီအတ်မှ မဟ်ရမ် ဟု သတ်မှတ် ပေးထားသူတိုင်း တရားဝင် လက်ထပ်နိုင်ပါသည်။

 

(၄၇)အမေး  ။  စလာမ်...

 

စလာမ်

 မိုင်ယသ် အိမ်တွင်ပူဆွေးမှုအနေဖြင့် သုံးရက် မီးမမွှေးမချက်ပြုတ်စေရန် ဆွေမျိုးမိတ်သင်္ဂဟများက စားသောက်ဖွယ်ရာများ ပို့ပေးရမည်ဆိုတာ အစ္စလာမ်မှာရှိပါသလား။

ဖြေ ။ ။ မိုက်ယတ်(သ) အိမ်တွင် မီးမွှေး၊ချက်ပြုတ်ခြင်းသည် မက်္ကရူး ဖြစ်ပါသည်။

ဖြေပေးသည့်ရက် ၂၆၊ ၂၊ ၂၀၁၃ အီရန်ဒေသစံတော်ချိန် ၅း၅၅(ညနေခင်း)

ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာ ဆရက် အလီ ခါမေနာအီရုံး၊ကွမ်း

 

(၄၈)အမေး  ။  စလာမ်...

စလာမ်

 သေသူ၏ ၀ိဥာဉ်သည် ဒွန္နယာသို့ပြန်လာသည် ဟူသော အဆိုများသည် မှန်ကန်ပါသလား။

 

ဖြေ ။ ။ အစ္စလာမ် ဘာသာအရ လူသားသည် အသက်ထွက်သည့်နှင့် ကေယာမတ်နေ့တိုင်အောင် အာလမ်မေဗရ်ဇတ်(ခ်)တွင် ခရီးဆက်ရမည် ဖြစ်သည့် အတွက် ဤ အဆိုများ မမှန်ချေ။

ဟွဂ်ျဂျသွလ်အစ္စလာမ် စအီးဒီ( အေရဖ်ဖန် နေ အစ္စလာမ်မီ)

 

(၄၉)အမေး  ။  စလာမ်...

စလာမ်

 မိုင်ယဒ် အပေါ်ပန်းတင်ခြင်း။ ထမ်းစင်ပေါ်ပန်းတင်ခြင်း၊ လွမ်းသူပန်းခွေချခြင်း ခွင့်ပြုထားပါသလား။

ဖြေ ။ ။ အကြောင်းမဟုတ်ချေ။

ဖြေပေးသည့်ရက် ၂၆၊ ၂၊ ၂၀၁၃ အီရန်ဒေသစံတော်ချိန် ၅း၅၅(ညနေခင်း)

 ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာ ဆရက် အလီ ခါမေနာအီရုံး၊ကွမ်း

 

(၅၀)အမေး  ။  စလာမ်...

 

စလာမ်

 မိုင်ယဒ် ကဖန် ထုပ်ပြီးနောက်အနားတွင် ကျမ်းမြတ် ကုရ်အာန်ဖတ်ခြင်းကို ခွင့်ပြုထားပါသလား။

 

ဖြေ ။ ။ ရှိပါသည် ။ စဝါဗ်ရသည့်အလုပ်ပင် ဖြစ်ပါသည်။

 

ဖြေပေးသည့်ရက် ၂၆၊ ၂၊ ၂၀၁၃ အီရန်ဒေသစံတော်ချိန် ၅း၅၅(ညနေခင်း)

 ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာ ဆရက် အလီ ခါမေနာအီရုံး၊ကွမ်း

 ============================

251 / End