အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အဝေးသင်တက္ကသိုလ် လက် ရှိပညာသင်နှစ်အတွက် အောင်စာ ရင်းထုတ်ပြန်ပေးရန် ယခင်နှစ်များ ထက်နောက်ကျနေခြင်းသည် စာ စစ်သည့်ပုံစံ ပြောင်းလဲလိုက်ခြင်း ကြောင့်ဖြစ်၍ အချိန်မီထုတ်ပြန် ပေးမည်ဟု ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
‘‘အခုဟာ ဒီနှစ်မှာ ဟိုဘက် က ကျောင်းတွေက ဆရာ၊ ဆရာမ တွေက အလုပ်တွေများနေတဲ့အ တွက် Digital Format နဲ့ လုပ် လိုက်တယ်။ ဒီနှစ်မှ စလုပ်တဲ့အ တွက် အဲဒီဟာကို ပြန်စိစစ်ရတဲ့ အတွက် ရန်ကုန်အဝေးသင်မှာ ကြာမယ်။ အဲဒါကြောင့် ဒီ Formula လေးတွေကို ပြန်လည် စိစစ်ပြီးတော့ ထုတ်ပြန်ရမှာ။ အဲဒီ တော့ ကြန့်ကြာတာက အဲ့ဒီရုံးချုပ် တွေမှာ ကြန့်ကြာနေတာ။ သက် ဆိုင်ရာကျောင်းက လုပ်ပေးပြီးပြီ’’ ဟု အဆင့်မြင့်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက ပြောသည်။
အဝေးသင်တက္ကသိုလ် သိပ္ပံ တွဲဘာသာများ ဖြေဆိုထားသူများ အတွက် အောင်စာရင်းထုတ်ပြန်ထားပြီဖြစ်သော်လည်း ၀ိဇ္ဇာတွဲ ဘာသာရပ် ဖြေဆိုထားသူများအ တွက် အောင်စာရင်းထုတ်ပြန်ရန် ကျန်နေသေးသည်ဟု ၎င်းက ပြောသည်။
‘‘၀ိဇ္ဇာဘာသာရပ်တွေကို ကျောင်းအပ်ချိန်အမီ ထုတ်ပြန် ပေးနိုင်မှာပါ’’ဟု ဒေါက်တာသိန်း ၀င်းက ပြောသည်။
အဝေးသင်တက္ကသိုလ် သိပ္ပံ ဘာသာရပ်များ၏ အောင်စာရင်း ကို ဖေဖော်ဝါရီနောက်ဆုံးအပတ် တွင် ထုတ်ပြန်ခဲ့သော်လည်း ၀ိဇ္ဇာ ဘာသာရပ်များကို ဧပြီလကုန်အ ထိ ထုတ်ပြန်နိုင်ခြင်း မရှိသေး၍ ကျောင်းသားများက စိုးရိမ်မှုများ ရှိနေသည်။
‘‘ထုတ်ပြန်ရာမှာလည်း နောက်ကျတယ်။ သိပ္ပံတွဲတွေ တောင် ကျောင်းပြန်တက်ခါနီး တစ်ပတ်လောက်အလိုထိ မသိတဲ့ သူတွေက မသိသေးဘူး’’ဟု ပဲခူး တိုင်းဒေသကြီးမှ ဒုတိယနှစ် အဝေးသင်တက္ကသိုလ်ကျောင်းသူ တစ်ဦးက ပြောသည်။
ထို့အပြင် အောင်စာရင်းထုတ်ပြန်ရာတွင် ဘာသာရပ် တစ်ခုစီ၏ သတ်မှတ်နှစ်များအ လိုက် (ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်)ခွဲကာ ထုတ်ပြန်ခြင်းမဟုတ်ဘဲ ရောနှော ထုတ်ပြန်ခဲ့သည်ဟုဆိုသည်။
‘‘အရင်တုန်းက Botany ဆို ရင် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် အားလုံးအတူတူထွက် တယ်။ အခုဟာ အဲဒီလို မဟုတ် ဘူး။ Botany က ပထမနှစ်ပါ လိုက်၊ Zoology က တတိယနှစ်ပါ လိုက်နဲ့ အဲဒီလိုမျိုးတွေထွက်တာ’’ ဟု သူက ပြောသည်။
ယခင်နှစ်များက သိပ္ပံဘာ သာရပ်များအောင်စာရင်းသည် ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် ထုတ်ပြန်လေ့ရှိပြီး ၀ိဇ္ဇာဘာသာ ရပ်အောင်စာရင်းများသည် မတ် လဆန်းတွင် ပုံမှန်ထုတ်ပြန်သည် ဟု သိရသည်။
===================
251/End
၃ မေ ၂၀၁၇ - ၁၈:၄၅
News ID: 827619
အဝေးသင်တက္ကသိုလ် လက် ရှိပညာသင်နှစ်အတွက် အောင်စာ ရင်းထုတ်ပြန်ပေးရန် ယခင်နှစ်များ ထက်နောက်ကျနေခြင်းသည် စာ စစ်သည့်ပုံစံ ပြောင်းလဲလိုက်ခြင်း ကြောင့်ဖြစ်၍ အချိန်မီထုတ်ပြန် ပေးမည်ဟု ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။