(၅၁)အမေး ။ စလာမ်...
ဆရက် အမျိုးသမီး နှင့် ဆရက် မဟုတ်သည့် အမျိုးသား နေကာ ပြုပိုင်ခွင့်ရှိပါသလား?
ဖြေ ။ ။ ဟုတ်ရှိပါသည်။ မည်သည့် ရှီအာ အေမာမ်မီယာ မွဂ်ျသဟစ် မှ မပြုရဟု ဖသ်ဝါ မပေးထားချေ။ သို့သော် ဟဇရတ် အာယာသွလ်လ္လာဟ် အလ်အွဇ်မာလွတ်ဖ် ဖွလ်လ္လာဟ် ဆွာဖီ ဂိုလ်ဗိုင်ဂန်နီ အနေဖြင့် ဆရက် မဟုတ်သည့် အမျိုးသားသည် မိမိ၏ ဇနီးသည် ဆရက် အမျိုးသမီး အား အရမ်းအရိုအသေ၊လေးစား မှု ပြုပေးရမည်ဟု မိန့်ထားပါသည်။
(၅၂)အမေး ။ စလာမ်...
မွတ်စလင်အမျိုးသား အနေဖြင့် မွတ်စလင်မဟုတ်သည့် အမျိုးသမီးနှင့် လက်ထပ်ပိုင်ခွင့်ရှိပါသလား ?
ဖြေ ။ ။ မွတ်စလင်မဟုတ်သည့် အမျိုးသမီးသည် ကာဖေရ် ဖြစ်လျှင် လုံးဝ မပိုင်ချေ။ အဟ်လေကေသာဗ် (ခရစ်ယာန်နှင့်ရဟူဒီ) ဖြစ်ပါက ယာယီနေကာ(မိုသာ) ဖတ်နိုင်ပေသည်။
ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာဆရက်အလီ ခါမေနာအီ ၊ အေစ်သေဖ်သာအ်
(၅၃)အမေး ။ စလာမ်...
မဟာတမန်တော်မြတ်ကြီး (ဆွ) ၏ စွန္နတ်တော်များအားလုံးသည့် ကျွန်တော်တို့အတွက် စံပြဖြစ်တော်မူ ကြောင်း ကျမ်းတော်မြတ် ကုရ်အာန်တွင် မိန့်တော်မူထားပါသနည်း ?
အဖြေ ။ ။ ဟုတ်ကဲ့ မိန့်တော်မူထားပါသည်။
စူရဟ် အဟ်ဇာဗ် စူရစ်အမှတ်တော် ၃၃ ၊ အာယတ်တော်အမှတ် ၂၁ ဖြစ်ပါသည်။
(၅၄)အမေး ။ စလာမ်...
( 1 ) မီးဘာဖြစ်လို့ နှင်းတာလဲ
( 2 )sonat လက်မခံဘူးဆိုရင်ဘာကြောင့် katanat ဘာကြောင့်လုပ်ရတာလဲ
( 3) ဘာအတွက်ကြောင့် roazar တွေထား ရတာလဲ
( 4) မော်လာနာတွေ ဘာကြောင့် ခြေမျက်စိ အုတ်ပြီးတော့ဝတ်ရတာလဲ
( 5 ) နာမားဇ် တွေဘာကြောင့် ပေါင်းဖတ်ရတာလဲ eg: (မဂ်ရ် နဲ့ အီရှာရ်)
( 1 ) မီးနှင်းတာနှင့်ပတ်သက်ပြီးသာသနာ့ အမေးအဖြေတွင် ဖြေထားပြီး ဖြစ်ပါသည်။အချိန်ပေးပြီးရှာဖတ်ပေးပါ။
( 2 )sonat လက်မခံဘူး လို့ ဘယ်ရှီအာ ပညာရှင်က ပြောဖူးရေးဖူးပါသနည်း ? ရှီအာတွေ စွန္နတ်ကို လက်ခံ မခံဆိုတာ စာတတ်သူတိုင်းသိပါတယ်။ အကြောင်းက ရှီအာ ထိပ်တန်းအာလင်မ် ပညာရှင် ဟဇရတ် အာယာသွလ်လ္လာဟ် ဆရက် သဗါသဗါအီး (သဖ်စီမီးဇန် ကျမ်းရှင်) အနေဖြင့် ((စွန်နတ် နိုနဘီ (ဆွ) ဆိုသည့် ကျမ်းကို ပြုစုရေးသားထားပါတယ် ။ ဖွာရစီ ၊အူရ်သူ ဘာသာများဖြင့်လည်း ဘာသာပြန်ပြီးသွားပါပြီ။ အင်ရှာအလ္လာဟ် မြန်မာလိုလဲ ထွက်လာဖို့ ရှိပါတယ်။ဒါကြောင့် katanat ဘာကြောင့်လုပ်ရတာလဲ ဆိုသည့် မေးခွန်းဟာ အဓိပ္ပာယ်မဲ့ သွားပြီး ။
( 3) roazar ကို အလ္လာဟ် ဟို အရှင်မြတ်၏ အမိန့်ကြောင့်ထားပါတယ်။
( 4) ဘယ် မောင်လာနာတွေ ခြေမျက်စိ အုပ်ပြီး တော့ဝတ်တာလဲ? အတိအကျဖော်ပြပေးပါ။နောက် ခိုင်လုံသည့် ရှီအာကျမ်းမှ မဝတ်ရဘူး ၊ဝတ်ရမယ်ဆိုသည့် ဟဒီးစ်တော်အား ဖော်ပြပေး နိုင်ပါသလား?
( 5 ) မဂ်ရ် နဲ့ အီရှာရ် နာမားဇ် တွေဘာကြောင့် ပေါင်းဖတ်ရတာလဲဆိုတော့ စွန္နတ် သေရစူလ်(ဆွ)ကြောင့်ပါ။
ဟုတ်မဟုတ်သေချာအောင် ဟဇရတ်အဗ်နေအာဘာစ်(ရ.သွေ့) ဆင့်ပြန်ထားသည့် ဘုခါရီကျမ်းပါအောက်ဖော်ပြပါ ဟဒီးစ်တော် တစ်ခု နှင့်ပင် လုံလောက်ပါသည်။
انّ النّبی صلّی الله علیه وسلّم بالمدینة سبعاً و ثمانیاً الظّهر و العصر و المغرب والعشاء ؛ فقال أیّوب :
لعلّه فی لیلةٍ مطیرةٍ ، قال : عسی
انظر : صحیح بخاری کتاب مواقیت الصلواة ج 1 ص 137 حدیث 543
(၅၅)အမေး ။ စလာမ်...
ဟေဂျဗ်မ၀တ်ထားတဲ့ မုစ္စလင်မ် အမျိုးသမီးများရဲ့ ဓါတ်ပုံတွေကို ရှီအာ ၀က်ဘ်ဆိုက် တခုကဖေါ်ပြ ထားပါတယ်..
အဲဒီ့ ၀က်ဘ်ဆိုက် အုံနာနဲ့ ပါဝင်ကူညီနေသူ တွေဂိုနာရနိုင်ပါသလား?
အဖြေ ။ ။ ထိုအ မျိုးသမီးများသည် လူ(ရှီအာများ)သိနေသူများဖြစ်မည် (သို့) သိရန် အတွက် ဖော်ပြမည်ဆိုလျှင် ၎င်းတို့၏ ဓာတ်ပုံ အား ဟေဂျဗ် မပါဘဲ တင်ထားလျှင် ပြဿနာ ရှိပေ သည်။(ဂိုနာရပေမည်)
(တိုက်ရိုက်မိုဗိုင်း ဖြင့် မေး ၁၀ ၊၁ ၊၂၀၁၃ ဒေသစံတော်ချိန် မနက် ၈ နာရီ ၄၅မိနစ် ခန့် )
ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာဆရက်အလီ ခါမေနာအီ ရုံး ၊ကွမ်း
(၅၆)အမေး ။ စလာမ်...
အိလ်မေကလမ်ရဲ့ အဓိပ္ပာယ်ကို ပြောပြပေးစေချင်ပါတယ်။
အဖြေ ။ ။ အိလ်မေ ကလမ်၏ အဓိပ္ပာယ် ဖွင့်ဆိုချက်အခွဲအလွဲရှိပေသည်။ သို့သော် တိုတိုတုတ်တုတ် သိထားရမည့်အချက်မှာ အလ္လာဟ်ဟို အရှင်မြတ် တည်ရှိမှု ၊ အရှင်၏ဂုဏ်တော်များ၊လုပ်ရပ်တော်များ ဆိုင်ရာ ကိစ္စ နှင့် သာသနာ ဆိုင်ရာ အကာယေသ် များ အကြောင်း ကို ရှင်းပြသည့် ပညာရပ်ကို ခေါ်ဆို ပါသည်။
(၅၇)အမေး ။ စလာမ်...
အလ္လာဟ်ဟိုအရှင်မြတ်သခင်သည် အဘယ်ကြောင့် နမာဇ် ကို ကောင်းမှု အရာများ အားလုံးကိုလက်ခံဖို့ အတွက် သော့ချက်အဖြင့် သတ်မှတ်ထားရပါသနည်း၊ ရှင်းသွားရန် ပမာပေး နိုင်ပါသနည်း?
အဖြေ ။ ။ စစ်မှန်သည့် ဟဒီးစ်တော်အရ အလ္လာဟ်ဟိုအရှင်မြတ်သခင်သည် နမာဇ် ကို ကောင်းမှုအရာများ အားလုံး ကိုလက်ခံဖို့ အတွက် သော့ချက်အဖြင့် သတ်မှတ်ထားပါသည်။
ဟဒီးစ်တော်အား ဝဆာအေလွရှ်ရှီအာ အတွဲ ၃ စာမျက်နှာ ၂၂ ဟဒီးစ်တော် အမှတ် ၁ တွင် လေ့ လာနိုင်ပါသည်။
ရှင်းသွားရန်ပမာပေးရမည်ဆိုလျှင်ကားမောင်းသမားအားယဉ်ထိန်းရဲများမှတရားဝင်ယဉ်မောင်းလိုင်စင် တောင်းခံလျှင် အိမ်ဂရံ ၊ ဘွဲ့လက်မှတ် ၊ အိမ်အရောင်းအဝယ် စာချုပ်၊မှတ်ပုံတင်၊ပတ်စပို့တ်စသည်ဖြင့် ပြလျှင်လက်ခံမည်မဟုတ်သကဲ့သို့ အလ္လာဟ်ဟိုအရှင်မြတ်သခင်သည်လည်းတရားဝင်နမာဇ်ကိုကောင်းမှုအရာ များ အားလုံး ကိုလက်ခံဖို့ အတွက် သော့ချက်အဖြင့် သတ်မှတ်ထားရာ တရားဝင် နမာဇ် ကိုလက်မခံ မခြင်း အခြား ကောင်းမှု အရာများကို လက်ခံမည် မဟုတ်ချေ။
(၅၈)အမေး ။ စလာမ်...
အလ္လာဟ်ဟိုအရှင်မြတ်သခင်သည် ကျွန်တော်တို့၏ အေဗာဒသ်လို အပ်ပါသလား ?
အဖြေ ။ ။ ကျမ်းတော်မြတ် ကုရ်အာန် စူရဟ် အီးဗရာဟီးမ် အာယတ်တော်အမှတ် ၈ တွင်မိန့်တော် မူထားသည်။အဓိပ္ပာယ်မှာ - ထိုပြင်ဟဇရတ်မူဆာ(အ.စ)အနေဖြင့်မိန့်ကြားသည်မှာ - အကယ်၍ အားလုံးသော လူသားများအနေဖြင့် ကာဖေရ် ဖြစ်သွားကြမည် ဆိုလျှင်လည်း အနည်းငယ် မျှပင် အလ္လာဟ်ဟိုအရှင်မြတ်အတွက် အကျိုးသက်ရောက်မည်မဟုတ်ချေ။အကြောင်းမှာ ဧကန်မလွဲ အရှင်မြတ်သည် လူသား အားလုံးထံ မှ လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသည့်အတွက် ဖြစ်ပေသည်။
အထက်ပါအာယတ်တော်အရ အလ္လာဟ်ဟိုအရှင်မြတ်သခင်သည် ကျွန်တော်တို့၏ အေဗာဒသ်မလို အပ်ချေ။ အေဗာဒသ် ပြုလျှင်ကျွန်တော်တို့အတွက်သာ အကျိုးရှိမည်ဖြစ်ပြီး ၊မလုပ်ပါက အကျိုးယုတ် မည်သာဖြစ်ပေသည်။
ရှီအာတွေက အလီ(ရ) နဲ့ မှားယွင်းပြီး တမန်တော်မိုဟ္မဒ်(ဆွ)အားနဗူးဝသ်ပေးခြင်း ဟုယုံကြည်လက်ခံသူများဖြစ်ကြောင်း နင့် တမန်တော်မြတ်ထက် အလီသခင်ကိုသာ အမြတ်တနိုးဖြစ်ပြီး ကျန်ဆွဟာဗာ နှင့် ခလီဖရချေဒိန် ကိုလည်းမကောင်းပြောကြောင်းကြားသိရပါသည်။ဟုတ် မဟုတ် ပြန်ကြားပေးပါရန် ။ကျေးဇူးတင်ပါသည်။
(၅၉) မေးမြန်းသူ - noorkyawtint@gmail.com
.....................................................
အဖြေ
ရှီအာများ အနေဖြင့် ဟဇရတ်အလီ (အ.စ) နှင့် မဟာတမန်တော်မြတ်ကြီး (ဆွ)အား နဗူဝသ် မှားပေးဆိုသည် ယုံကြည်မှု ထားရှိသည်ဆို သည်မှာ လုံးဝမဟုတ်မကန်ပါ။
ရှီအာ ရန်သူများ ၏ လုပ်ကြံ မကောင်းဝါဒ ဖြန့် မှု သာ ဖြစ်ပါသည်။
ဟဇရတ်အလီ(အ.စ) ကို အမြတ်တနိုးထားတာတော့ လုံးဝ မှန်ပါတယ်။
တမန်တော်မြတ်ကြီး (ဆွ) ပြီးနောက် ကျန် ဆွာဟာဗာ များ ထက် ပိုပြီး
မြင်ြ့မတ်သည်ဟုလည်း ခံယူထားပါတယ်။
ကျန်မည်သည့် သာဝဝကတော်များ (အစစ်) ကို မကောင်း မပြော ၊လအ်နတ်မပို့ပါ။
ပြီးတော့ စစ်မှန်သည့်ရီဝါယတ်တော်များ ၊သမိုင်းများ ကို တင်ပြသည့်အခါ
သာဝသတော်များ ၊ခိုလာဖာ ကိုရှီအာများက မကောင်းပြောတယ် ၊ဘာညာ စသည့် သမုတ်ရင်တော့ မတတ်နိုင်ပါဘူး။ဒါဆိုရင်
စစ်မှန်သည့်ရီဝါယတ်တော်များ ၊သမိုင်းများ ကိုတင်ပြခဲ့ကြသည့် ၊တင်ပြနေသည့် အိုလမာ ၊အာလင်မ်များ ဟာ ရှီအာတွေ
အရင်ထိမှာဆိုတာကို သတိပြုသင့်ပါတယ်။
ဖြေ ။ abna myanmar
ကြည့်ရန် - http://abna.ir/data.asp?lang=18&id=374908
(၆၀)မေး။ ရှီအာများအမည်ဖြင့်လစဉ်ဘာ သာရေးစာစောင်ထုတ်ခြင်းနှင့်တစ်နှစ်တစ် ကြိမ်သွေးလှူဒါန်းခြင်း သည်မည်သည့်လုပ်ရပ်ကပို မွန်မြတ်ပါ သနည်း ?
အဖြေ ။ ။ လုပ်ရပ် နှစ်ခု စလုံးကောင်းမွန်ပါသည် ။ သို့သော် ရှီအာများ နှင့် မွတ်စလင်များအတွက် ပိုမိုပြီး အကျိုး အမြတ် ကို ဖြစ်ထွန်း စေသည့် လုပ်ရပ်က ပိုမိုပြီး မွန်မြတ်ပါသည်။ (စာစောင်သည် ရာနှင့်ချီပြီးရှီအာများထံရောက်နေပြီးဖတ်နေကြပါသည်။…)ဤအတွက်ကြောင့် စာစောင်ထုတ်ခြင်း သည် ပိုမိုပြီး မြင့်မြတ်ပါသည်။
(တိုက်ရိုက်မိုဗိုင်း ဖြင့် မေး ၂၈ ၊၁၀ ၊၂၀၁၂ ဒေသစံတော်ချိန် မနက် ၉ နာရီ ခွဲ ခန့် )
ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာဆရက်အလီ ခါမေနာအီ ရုံး ၊ကွမ်း
(၆၁)အမေး ။ စလာမ်
အစ္စလာမ်မှာအေမာမ် ဟိုစိုင်း (န) (အ.စ) အတွက် ရည်စူးပြီး သွေးလိုအပ်နေသော ကာဖရ် လူနာ ဝေဒနာရှင်များအတွက် ကျတော်တို့ရှီအာတွေသွေးလှူဒါန်းခွင့်ရှိ ပါသလား?
အဖြေ ။ ။ ကာဖေရ် အနေဖြင့် မွတ်စလင်များ ၏ (အသက်၊စည်းစိမ် ၊သိက္ခာ .. ) အတွက် အန္တရာယ်မဖြစ်စေသူ ဆိုလျှင် အကြောင်းမဟုတ်ချေ။
(တိုက်ရိုက်မိုဖိုင် ဖြင့် မေး ၂၈ ၊၁၀ ၊၂၀၁၂ ဒေသစံတော်ချိန် မနက် ၉ နာရီ ခွဲ ခန့် )
ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာဆရက်အလီ ခါမေနာအီ ရုံး ၊ကွမ်း
(၆၂)မေး ။ ။ တက္ကသိုလ်ကျောင်းသား၊သူများအနေဖြင့် ပေါင်းပြီး အပျော်ခရီး ထွက်မည်ပြီးနောက် ၊အပျော်ခရီးစဉ်အတွက်ကစားနည်းများ( ဥပမာ ရေခဲများဖြင့် တစ်ယောက်ကို တစ်ယောက် ပစ်ပေါက်ကစားခြင်း စသည်ဖြင့် ) ကစားမည်၊ပြီးနောက်ဤလုပ်ရပ်ကိုလည်း ပိုင်သည်ဟု သတ်မှတ် ထားကြသည်။ ဤလုပ်ရပ်သည် ပြဿနာ ရှိပါသလား?
အဖြေ ။ ။ ဤလုပ်ရပ်သည် မပိုင်ချေ။
ဟဇရတ် အာယာသွလ်လ္လာဟ် အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး ၊ကွမ်း၏အေစ်သေဖ်သာအ် မှ ကော်နှုတ်
(၆၃)မေး ။ ။ စွန်နီ ကောင်လေးများ နှင့် ရှီအာ ကောင်မလေးများ နေကာ ပြုခွင့်ရှိပါသလား? ရှီအာကောင်လေး အနေဖြင့် စွန်နီ ကောင်မလေး နှင့် နေကာ ပိုင်ပါသလား?
အဖြေ ။ ။ အကီဒါ(ရှီအာဖေရ်ကာ၏ သက်ဝင်ယုံကြည်မှုများ) လမ်းလွဲသွားဖို့ မစိုးရိမ်ရလျှင် အကြောင်းမဟုတ်ချေ။ စိုးရိမ်ရလျှင် မပိုင်ချေ။
ဟဇရတ် အာယာသွလ်လ္လာဟ် အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး ၊ကွမ်း၏အေစ်သေဖ်သာအ် မှ ကော်နှုတ်
(၆၄)မေး ။ ။ ဗလီတစ်လုံးမှာ ဝဇူလုပ်ပြီး အခြား ဗလီတစ်လုံးမှာ နမာဇ် သွားဖတ်ခွင့် ရှိပါသလား? အကယ်၍ တစ်ဦးတစ်ယောက် သည် ယနေ့အထိ ဤကဲ့သို့ပြုခဲ့မည် ဆိုလျှင် မည်သည့် တာဝန်ရှိပါ သနည်း ?
ဖြေ ။ ။ မပိုင်ချေ။ အနည်းဆုံး ဝဇူပြုထားသည့်ဗလီ တွင် ထိုင်ပြီး ကုရ်အာန် တမျက်နှာ ဖတ်ခြင်း၊ ၂ ရကတ်နမာဇ် ဖတ်ခြင်းကို ပြုသင့်ပေသည်။ အကယ်၍ တစ်ဦးတစ်ယောက် သည် ယနေ့အထိ ဤကဲ့သို့ပြုခဲ့မည် ဆိုလျှင်၎င်း၏နမာဇ်များ ပိုင်ပါသည်။ သို့သော် ရှေ့လျှောက်မဖြစ်ရန် ထိန်းရပေမည်။
ဟဇရတ် အာယာသွလ်လ္လာဟ် အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး ၊ကွမ်း၏အေစ်သေဖ်သာအ် မှ ကော်နှုတ်
(၆၅)မေး ။ ။ အင်တာနက်ဆိုင်ဖွင့်ထားပါသည်။ အင်တာနက်ထိုင်သူများသည် (ဟလ္လာဟ် ၊ဟရမ်) ကို အသုံးပြုကြပါသည်။မည်သည် အမိန့်ရှိ ပါသနည်း ?
ဖြေ ။ ။ အကယ်၍ ဟရမ်များ အသုံးမပြုရန် ထိန်းနိုင်လျှင်အကြာင်းမဟုတ်ချေ။(ဖွင့်စားလို့ ရပါသည်။)
ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်အွဇ်မာဆရက်အလီ စစ်သာနီ ရုံး
ဘာသာရေးဆိုင်ရာ မေးခွန်းများ နှင့် အဖြေများ (၂)
(၆၆)မေး ။ ။ အကယ်၍ နေရာတစ်နေရာ ၁၀ ရက်နေရန် နီယသ် ပြုထားပြီးခရီးထွက်ခဲ့မည်။ ၎င်းနေရာ အား စဟိုရ်နမာဇ် အာဇန် ပြီးမှ ရောက်မည် ဆိုလျှင် ၎င်းခရီးသည်၏ ရိုဇာ ပိုင်ပါသလား?
စသည်ဖြင့် အဖိုးတန် မေးခွန်းများ နှင့် အဖြေများကို အောက်ပါအတိုင်းလေ့လာ နိုင်မည် ဖြစ်ပါတယ်။
(၆၇)မေး ။ ။ အကယ်၍ နေရာတစ်နေရာ ၁၀ ရက်နေရန် နီယသ် ပြုထားပြီးခရီးထွက်ခဲ့မည်။ ၎င်းနေရာ အား စဟိုရ်နမာဇ် အာဇန် ပြီးမှ ရောက်မည် ဆိုလျှင် ၎င်းခရီးသည်၏ ရိုဇာ ပိုင်ပါသလား?
ဖြေ ။ ။ ။ ၎င်း၏ရိုဇာ မပိုင်ချေ ။ ၁၀ နေမည့်နေရာ သို့ မလွဲမသွေ စဟိုရ်နမာဇ် အာဇန် မတိုင်မည်ရောက်နေ ရပေမည် ။
အေစ်သေဖ်သာအ် ၊ဟဇရတ် အာယာသွလ်လ္လာဟ် ခါမေနာအီ(ကောက်နှုတ်)
(၆၈)မေး ။ ။ စလာမ်
ထီးတိုးလို့ ရပါသလား
ဖြေ ။ ။ မရချေ။ ဟရမ်ဖြစ်ပေသည်။
(တိုက်ရိုက်မေး ၁၆ ၊၇ ၊၂၀၁၂ ဒေသစံတော်ချိန် နေ့လည် ၁နာရီခန့် )
ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်အွဇ်မာ ခါမေနာအီ ရုံး ၊ကွမ်း
(၆၉) မေး ။ ။ စလာမ်
ကျွန်တော်တိုမြန်မာနိုင်ငံတွင် ရှီအာတစ်ယောက်သည် ရှီအာမဟုတ်သူနှင့် အိမ်ထောင်ပြုပြီး ဇာတ်ပျက်သွားပါသည်။ပြီးနောက်လူအများအရှေ့ သောကြာနေ့တွင် ဂျိုမာနမာဇ်တွင် ပြန်ပြီး သောင်ဗာ လုပ်ပြီး ရှီအာ ပြန်ဖြစ်လာခဲ့ ပါသည်၊ သို့ဖြစ်ပါ၍ ဤကိစ္စ နှင့်ပတ်သက်ပြီး မည်ကဲ့သို့ ဟဇရတ်အာယာ သွလ်လ္လာဟ် အလ်အွဇ်မာ ဆရက် ခါမေနာအီ ၏အမြင်တွင် ရှိပါသနည်း
ဖြေ ။ ။ (အင်ရှာအလ္လာဟ်)၎င်း၏သောင်ဗာပိုင်ပါသည်။၎င်းဇာတ်ပျက်ချိန်တွင် မဖတ်ခဲ့သည့်နမာဇ်များ ၊
မထားခဲ့သည်ရိုဇာ များ ကို ပြန်ပြီးကဇာ(ပြန်အစားထိုးဖတ်ခြင်း၊ထားခြင်း ) ကို ပြုရပါမည်။
(တိုက်ရိုက်မေး ၁၆ ၊၇ ၊၂၀၁၂ ဒေသစံတော်ချိန် နေ့လည် ၁နာရီခန့် )
ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်အွဇ်မာ ခါမေနာအီ ရုံး ၊ကွမ်း
(၇၀)အမေး ။ စလာမ်
အမျိုးသမီးတစ်ဦးသည်မိမိခင်ပွန်းသည်နှင့်ကာမဆက်ယှက်မည်။ပြီးနောက်သူမ၏ သားအိမ်အတွင်း သုတ်ရည်ကျန်နေမည်၊သူမသည်ချက်ချင်းဂိုစ်ပြုမည်၊ဂိုစ်ပြီးနောက် သူမ၏သားအိမ်မှသုတ်ရည်ပြန် ထွက်လာမည်ဆိုလျှင်သူမ၏ဂိုစ်ပိုင်ပါသလား?
ဂိုစ်အပြီးသုတ်ရည်ပြန်ထွက်လာရာ၎င်းသုတ်ရည်သည်ပါက်သို့မဟုတ်နဂျစ်ဖြစ်ပါသလား?
ထပ်ပြီးအသစ်တဖန်ဂိုစ်လေဂျနာပတ်သ်ပြုဖို့လိုပါသလား?
ဖြေ ။ ။ သူမ၏ဂိုစ်ပိုင်ပါသည်။
ဂိုစ်အပြီးထွက်လာသည့်အရည်သည်သုတ်ရည်ဖြစ်ပါက နဂျစ်ဖြစ်ပေသည်။
အကယ်၍ခင်ပွန်းသည်၏သုတ်ရည်ဖြစ်ပါက ထပ်ပြီးအသစ်တဖန်ဂိုစ်လေဂျနာ ပတ်သ်ပြုဖို့ မလိုအပ်ချေ။
ကြည့် - အေစ်သေဖ်သာအ် ၊ဟဇရတ် အာယာသွလ်လ္လာဟ် ခါမေနာအီမေးခွန်း အမှတ်၁၇၃
(၇၁)အမေး ။ ။ နမာဇ်အီးဒ်ဖေသ်ရ်ကဇွာရှိပါသလား?
ဖြေ။ ။ မရှိပါ။
ကြည့် - အေစ်သေဖ်သာအ် ၊ဟဇရတ် အာယာသွလ်လ္လာဟ် ခါမေနာအီမေးခွန်း အမှတ်၆၇၃
(၇၂)မေး ။ ။ စလာမ်
နာမဟ်ရမ်ကြည့်နေသည့်နေရာတွင်အမျိုးသမီးအနေဖြင့်ဝဇူပြုနိုင်ပါသလား?
ဖြေ။ ။မပြုနိုင်ချေ။ အကယ်၍ဝဇူပြုခဲ့လျှင်လည်းသူမ၏ဝဇူသည်ပိုင်ပေသည်။(ဝဇူမပျက်၊ဂိုနာရှိသည်။)
ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး
(၇၃)အမေး ။ စလာမ်
တစ်ဦးတစ်ယောက်သည်မိမိရိုဇာကဇာဖြည့်ဖို့ကျန်သေးပါသည်။
သို့သော်သေဆုံးသွားသူအတွက်အခကြေးငွေယူပြီးထားပေးနိုင်ပါသလား?
ဖြေ ။။ပြဿနာမဟုတ်ချေ။
ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး
(၇၄)အမေး ။ ။ စလာမ်
အရက်ကြေငြာပါသည့်အဝတ်များကိုဝတ်ပိုင်ခွင့်ရှိပါသလား
ဖြေ။ ။ခွင့်မရှိချေ။
ကြည့် - အေစ်သေဖ်သာအ် ၊ဟဇရတ် အာယာသွလ်လ္လာဟ် ခါမေနာအီမေးခွန်း အမှတ်၁၃၈၃
(၇၅)အမေး ၊စလာမ်
အချို့မွတ်စလင်များသည်ခရစ်စမတ်နေ့တွင်ဂျရှ်ပြုလုပ်ကြသည်။ဤလုပ်ရပ်မှန်ကန် ပါသလား?
ဖြေ။ဟဇရတ်အီဆာ(အ.စ)မွေးနေ့အထိမ်းအမှတ်အဖြင့်ခရစ်စမတ်နေ့တွင်ဂျရှ်ပြုနိုင်ပါသည်။
ပြဿနာမဟုတ်ချေ။
ကြည့် - အေစ်သေဖ်သာအ် ၊ဟဇရတ် အာယာသွလ်လ္လာဟ် ခါမေနာအီမေးခွန်း အမှတ်၁၃၈၂
(၇၆)မေး ။ စလာမ်
ကျမ်းတော်မြတ်ကုရ်အာန်၏အမြင်၌ ဂိုနာ ကို ဖြစ်စေသည့် အကြောင်းအရင်းများ ကိုဖော်ပြပေးပါ။
အဖြေ ။ ။ ကျွန်တော်၏လေ့လာသုံးသပ်ချက်အရ ကျမ်းတော်မြတ်ကုရ်အာန်၏အမြင်၌ ဂိုနာ ကို ဖြစ်စေသည့် အကြောင်းအရင်းများမှာ - ၁၃ ချက်ရှိပါသည်။
၁ ။ မသိနားမလည်မှုကြောင့်
၂။နဖ်စ်စေအမာရာကြောင့်
၃။ အလ္လာဟ်ဟိုအရှင်မြတ်သခင်အားမေ့လျောနေမှုကြောင့်
၎။ ဂျဟန္နမ်အားလက်မခံသသည့်အတွက်ကြောင့်
၅။ ရှိုင်တွန်၏သွေးဆောင်ဖျားယောင်မှုကြောင့်
၆။ လောကီအတွက်မက်မောမှုများကြောင့်
၇။ သက်သာချောင်ချိမှုကြောင့်
၈။ မန်မာနကြောင့်
၉။ လောကအချစ်ကြောင့်
၁၀။ မသင့်မြတ်သည်နေရာများကြောင့်
၁၁။ အခြေအမြစ်မရှိသည် အထင်အမြင်များကြောင့်
၁၂။ မနာလို သဝန်တိုမှုကြောင့်
၁၃။ရက်စက်မှုနှင့်အကျင့်ပျက်မှုကြောင့်
ကြည့် - ဂိုနာ ဝါ အာမေရ်ဇေရှ် အဇ်မန်(န)ဇရ် ကုရ်အာန် - အလီရေဇာအဆ်ရာနီ၊ စာမျက်နှာ ၂၇ မှ ၃၆
(၇၇)မေး ။ စလာမ်
သေဆုံးသူ မိဘအတွက် သားအကြီးဆုံးမှ နမားဇ်ကဇွာ ဖတ်ပေးရသည်ဟု သိထားပါသည်။
အကယ်၍ အိမ်ထောင်ပြုခြင်းမရှိဘဲ ဆုံးပါးသွားသူ လူပျို၊ အပျိုများအတွက်မူ ကဇွာ ဖြည့်ရန် မည်သူ့အပေါ်တွင် တာဝန်ရှိပါသနည်း။
ဖြေ ။ ။ အကယ်၍ ဝစီယတ် သေတမ်းတွင် မိမိပိုင်ဆိုင်မှုများမှ ကဇွာနမာဇ်၊ရိုဇာဖတ် ပေး၊ထားပေးပါဟုမှာခဲ့လျှင် အမှာခဲ့ခံရသူအပေါ်လုပ်ပေးရန်ဝါဂျဗ်ဖြစ်ပါသည်။ မမှာခဲ့ပါက ဆွေမျိုးများ (အစ်ကို ၊အစ်မ၊ညီ၊ညီမ၊တူ၊တူမများ )အပေါ် လုပ်ပေးရန် မိုစ်သဟဗ် ဖြစ်ပါသည်။
ဖြေပေးသည့်ရက် ၁၇၊ ၆၊ ၂၀၁၂ အီရန်ဒေသစံတော်ချိန် ၅း၁(ညနေခင်း)
ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာ ဆရက် အလီ ခါမေနာအီရုံး၊ကွမ်း
(၇၈)မေး။ စလာမ်
အာဇန် ပေးရာတွင် "အရှပ်ဟန်ဒို အန်နအမီးရန်မိုမေနီး နအလီရန် ဝလီရိုလာ" သည် မိုစ်သဟဘ် ဆိုတာ ဟုတ်ပါသလား။
ဖြေ ။ ။ "အရှပ်ဟန်ဒို အန်နအမီးရန်မိုမေနီး နအလီရန် ဝလီရိုလာ" သည် အာဇန် နှင့်အကာမတ် ၏ အစိတ်အပိုင်းမဟုတ်ချေ။ ရှဟဒတ်သေရေစာလသ် ဗိုင်ဂမ်ဘရ် (ဆွ) ပေးပြီးနောက် ၊ကိုဘသမ်အေလာလ္လာဟ် ဖြင့်ဖတ်လျှင် ကောင်းပေသည်။
ကြည့် - သောင်ဇီးလ်ဟိုလ်မဆာအေကျမ်း အေမာမ်ခိုမေနီ (ရ.ဟ) (အီရန် သက္ကရာဇ် ၁၃၈၆ ထုတ်)
ဒုတိယ အကြိမ် ပုံနှိပ် ၊ တီဟီရန် ၊ စာမျက်နှာ ၂၀၄
(၇၉)မေး ။ ။ စလာမ်
အမျိုးသမီးများ ဟိုင်းဇ်အချိန်တွင် ကျမ်းတော်မြတ်ကွရ်အာန်၏ အာယတ် (၇၀) ဖတ်လျှင် မက္ကရူဟု ဆိုပါသည်။
ထိုအချိန်ကာလတွင် ကျမ်းတော်မြတ်ကွရ်အာန်ကို စာသားမထိပဲ ဖတ်ရွတ်ခွင့်ရှိ သည်ဟုလည်း သိထားပါသည်။
ကျမ်းတော်မြတ်ကွရ်အာန်တစ်ဂျွဇ်မှာ အာယတ်(၇၀)ထက်ပိုပါသည်။ ထိုသို့ဆိုလျှင် ထိုအမျိုးသမီးတို့ အနေဖြင့် ဖတ်သင့်ပါသလား။ အာယတ်(၇၀)တွက် တစ်ခါ မက္ကရူ ဖြစ်ခြင်းလား။
ရှင်းပြပေးစေချင်ပါသည်။
ဖြေ ။ ။ အမျိုးသမီးများ ဟိုင်းဇ်လာနေသည့် အချိန်တွင် ကျမ်းတော်မြတ်ကွုရ်အာန်၏ အာယတ် ၁ အာယတ်ဖတ်ဖတ် ၊၁ အာယတ်ထက် ဖတ်ဖတ် ၊ဖတ်လျှင်ပင် မက္ကရူဖြစ်ပါသည်။
ဟိုင်းဇ်လာနေချိန်တွင် ၁အာယတ်ဖတ်ဖတ် ၊အာယတ် (၇၀) ဖတ်ဖတ် ခြုံ၍ပြောရလျှင် မက္ကရူဖြစ်ချေသည်။
စေဂ်ျဒါ ဝါဂျဗ်ဖြစ်သည်အာယတ်တော်များဖတ်ရွတ်ခြင်းသည် ဟရမ်ဖြစ်ပါသည်။
ဖြေပေးသည့်ရက် ၆၊ ၆၊ ၂၀၁၂ အီရန်ဒေသစံတော်ချိန် ၆း၅၉(ညနေခင်း)
ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာ ဆရက် အလီ ခါမေနာအီရုံး၊ကွမ်း
(၈၀)မေး ။ ။ စလာမ် မွန် အလိုင်ကွမ်း
တစ်ချို့လူများသည် ဇေယာရတ် သည်ဟဂ်ျထက် အရင်လုပ်ရမည် ပို၍အရေးကြီးသည်ဆိုတာ ဟုတ်ပါသလား။ မဟုတ်ဘူးဆိုရင် အဲဒီလူများကို အကောင်းဆုံးနဲ့အထိရောက်ဆုံးအဖြေ လေးပြောပြပါလား။
ဖြေ ။ ။ ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာ ဆရက် အလီ ခါမေနာ ၏ အမြင်၌ ဟဂ်ျမပြုခင်ဖြစ်ဖြစ် ၊ပြုပြီးမှ ဖြစ်ဖြစ် ဇေယာရတ် ပြုခြင်းသည်အရမ်းစဝါဗ်ရှိပြီး၊မွစ်သဟဗ်ဖြစ်ပါသည်။ နှစ်မျိုးလုံးကောင်းပါသည်။
သို့သော်ဟဂ်ျမပြုခင် ဇေယာရတ် ပြုလျှင် ပို၍ကောင်းပေသည်။
ဖြေပေးသည့်ရက် ၆၊ ၆၊ ၂၀၁၂ အီရန်ဒေသစံတော်ချိန် ၆း၅၉(ညနေခင်း)
ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာ ဆရက် အလီ ခါမေနာအီရုံး၊ကွမ်း
(၈၁) မေး ။ ။
စလာမ် မွန် အလိုင်ကွမ်း
ဖြေကြားပေးပါခင်ဗျာ ။
ရှီအာ မဟုတ်သူများအတွက် မဂျလစ်အစီအစဉ် နှင့် ကုရ်အာန် ခါနီ ပြုပေးခြင်း သည် ရှရီအတ်တွင်
မည်သည့် အမိန့် ရှိပါသနည်း ? ယုတ်စွ ရှီအာ မဟုတ်သူများသည့် မိဘ နှစ်ပါး ပင် ဖြစ်နေပါစေ။
ဖြေ ။ ။ စလာမ် မွန် အလိုင်ကွမ်း
အကယ်၍ အဟ်လေ့ဘိုက်(အ.စ) အား အမုန်း ၊ရန်ငြိုးမထားသူများ အတွက်ဆို လျှင် ပြဿနာ မဟုတ်ချေ။
ဖြေပေးသည့်ရက် ၂၉ ၊ ၅ ၊ ၂၀၁၂ အီရန်ဒေသစံတော်ချိန် ၁၀ (မနက်)
ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး
(၈၂)မေး ။ ။ စလာမ်အလိုင်းကွမ်း....
ဂျွမ်အဟ်ဆွလာသ်သည်အိမာမီယာရှီအာ(ဂျမာအသ်)များအပေါ်မည့်သို့တာဝန် ရှိသနည်း။
အာလင်မ်များအပေါ်မည်သို့တာဝန်ရှိသနည်း။
မရာဂျေ့ အပေါ်မည်သို့ တာဝန်ရှိသနည်း။
ရဲဟ်ဘရေမိုအဇ္ဖမ်အပေါ်မည်သို့တာဝန်ရှိသနည်း။
ဖြေ ။ ။ စလာမ် မွန် အလိုင်ကွမ်း
မဆာအေ အမှတ် ၆၇၁ - သောကြာနမာဇ်သည် ၂ ရကတ် ဖြစ်ပါသည်။ သောကြာနေ့တွင် ဇဟိုရ်နမာဇ်၏အစားဖြစ်ပါသည်။ တမန်တော်မြတ်(ဆွ)၊အေမာမ်မာစူမ်(အ.စ)နှင့်အထူးရွေးချယ်ခြင်း ခံထားရသည့် နိုင်ဗေအေမာမ် (အ.စ)တို့ အချိန်ကာလ တွင် ဝါဂျစ်ဗ်ဗေ အိုင်နီ ဖြစ်ပါသည်။
သို့သော် ဂိုင်ဗသ် သေ ဂိုဗ်ရာ အချိန်ကာလ (ယနေ့ကာလ) တွင် ဝါဂျစ်ဗ်ဗေ သခီရီ ဖြစ်ပါသည်။ အဓိပ္ပာယ် မှာ သောကြာနမာဇ် နှင့် ဇဟိုရ်နမာဇ် အကြား ရွေးပိုင်ခွင့် ရှိပေသည်။သို့သော် တရားတမျှတ သည့် အစ္စလာမ်မီ အစိုးရ အုပ်ချုပ်နေသည့် အချိန် ဖြစ်ပါ က အေသေရာသ် အရ သောကြာနမာဇ် ကို မစွန့်သင့်ချေ။
ဖြေပေးသည့်ရက် ၂၈ ၊ ၅ ၊ ၂၀၁၂ အီရန်ဒေသစံတော်ချိန် ၅း၂၇ ( ညနေ )
ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး
(၈၃) မေး ။ ။ စလာမ်မွန်း အလိုင်ကွမ်း
ကျွန်တော်တို့ နိုင်ငံ ( မြန်မာ ) ရှိ ရှီအာ များအကြား အစဉ်အလာတစ်ခု ရှိပါသည်။ မရက်သ် ကို သဖ်နာ ပြီးနောက် ၊ မရ်ဟွမ် အတွက် ကွယ်လွန်သည့် နေ့ ၇ ရက်ပြည့်သည်နေ့ (သို့) ရက် ၄၀ (သို့) တစ်နှစ် (သို့) နှစ်တိုင်း ကုရ်အာန် ခတမ် (ကုရ်အာန်ခါနီ ) လုပ်ပါသည်။
ထို့ အတွက်ကြောင့်ဤလုပ်ရပ်သည်ရှရီအတ် အမြင်တွင် မည်ကဲ့သို့ ရှိ ပါသနည်း???
ကျေးဇူးတင်လျက်
ဖြေ ။ ။ စလာမ်မွန်း အလိုင်ကွမ်း
ဤလုပ်ရပ်သည် (ကုရ်အာန်ခါနီ ) သည် ရှရီအီ အမိန့် တစ်ခု အဖြစ် မရှိချေ။ ထို့ပြင် လူထုများအကြားမရက်သ် အား ရိုသေလေးစားပြီး ၊ကျန်ရစ်သူများကို သတိပေးခြင်း အဖြင့် ကျော်ကြားသည့် အစဉ်အလာ တစ်ခု ဖြစ်ပါသည်။
ဤအစဉ်အလာ ကို ပြုခြင်းသည် ပြဿနာ မရှိချေ။ ။ထို့ပြင်ကောင်းသည့်လုပ်ရပ် တစ်ခုပင် ဖြစ်ပါသည်။
ဖြေပေးသည့်ရက် ၂၇ ၊ ၅ ၊ ၂၀၁၂ အီရန်ဒေသစံတော်ချိန် ၆း ၅၆ ( ညနေ )
ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး
(၈၄)မေး ။ ရှေ့ဆောင်ဝတ်ပြုသူ အေမာမ် မေ ဂျမာအတ်၏ စည်းကမ်းများ ကို သိပါရစေ?
ဖြေ ။ ။ ရှေ့ဆောင်ဝတ်ပြုသူ အေမာမ် မေ ဂျမာအတ်၏ စည်းကမ်းများ မှာ -
၁ ။ အရွယ်ရောက်ပြီးသူ ဖြစ်ရမည်
၂။ အသိဥာဏ်ရှိသူ ဖြစ်ရမည်
၃ ။ အေမာမ် မီယေ ဖြစ်ရမည်
၎ ။ တရားမျှတသူ ဖြစ်ရမည်
၅ ။ ဟလ္လာဟ်ဇာဒေ ဖြစ်ရမည်
၆ ။ နမာဇ်အတွက် ကေရာအသ် မှန်သူ ဖြစ်ရမည်
၇ ။ အမျိုး သား ဖြစ်ရမည်
ကြည့် - သောင်ဇီးလ်ဟိုလ်မဆာအေကျမ်း အေမာမ်ခိုမေနီ (ရ.ဟ) (အီရန် သက္ကရာဇ် ၁၃၈၆ ထုတ်)
ဒုတိယ အကြိမ် ပုံနှိပ် ၊ တီဟီရန် ၊ စာမျက်နှာ ၃၁၁၊
(၈၅) မေး ။ ။ ကွယ်လွန်သွားသည် မိုဂ်ျသဟစ် ၏ သက်္ကလီးဒ် ပြုလုပ်လို့ ရပါသလား?
ဖြေ ။ ။ ၁ - ပထမဦးစွာ သိထားရမည်မှာ ကွယ်လွန်သူ၏ သက်္ကလီးဒ် လုပ်ခွင့် မရှိချေ။
၂ - ၎င်း ၏သက်္ကလီးဒ် ကို လူသား(မိုမေနီ၊မိုမေနတ်များ) ပြုနေသည့် မိုဂ်ျသဟစ် တစ်ဦးတယောက်သည် အကယ်၍ ကွယ်လွန်သွားမည်ဆိုလျှင် မလွဲမသွေ သက်္ကလီးဒ် ကို သက်ရှိထင်ရှားရှိနေသည့် အကြီးဆုံး မိုဂ်ျသဟစ် ထံ မှ ပြန်လည်း လုပ်ရပေမည်။ ပြီးနောက် ၎င်း ၏ ခွင့်ပြုချက်ဖြင့် ကွယ်လွန်သွားသည့် မိုဂ်ျသဟစ် အပေါ် နေနိုင်ပါသည်။
ကြည့် - သောင်ဇီးလ်ဟိုလ်မဆာအေကျမ်း အေမာမ်ခိုမေနီ (ရ.ဟ) (အီရန် သက္ကရာဇ် ၁၃၈၆ ထုတ်)
ဒုတိယ အကြိမ် ပုံနှိပ် ၊ တီဟီရန် ၊ စာမျက်နှာ ၁၄ ၊
(၈၆)မေး ။ ။ စလာမ်...
ဝါဂျိဘ် ဂွစ်လ်များ ပြုလုပ်ပြီးနောက် တန်း၍ နမားဇ်ဖတ်နိုင်သည်။ ၀ူဇူ ထပ်မံလုပ်ပါက ဟရမ် ဖြစ်သည်ဆိုသည်မှာဟုတ်ပါသလား ?
ဖြေ ။ ။ ၀ါဂျိဘ် ဂွစ်လ်များအားလုံး၊ပြီးနောက် ထိုနည်းတူစွာ မွစ်သဟဗ် ဂွစ်လ်များသည် မှန်ကန်သည့် အထောက်အထားများဖြင့် သက်သေထူလိုရပါသည်။ ( ဥပမာ - ဂွစ်လ်လေ ဂျွန်မာ ၊ ဂွစ်လ်လေ အဲဟ်ရမ် ၊ ဂွစ်လ်လေရှဗ်ဗေကဒဲရ် ည များ စသည်ဖြင့် ) ဂွစ်လ်ထည့်ပြီး ဝဇူ ပြုရန် မလိုချေ။
ဂွစ်လ်လေဂျနာဗသ် ပြုပြီး ဝဇူပြုခြင်းသည် ဗေဒ်အတ် နှင့် ဟရမ် ဖြစ်ပါသည်။
ဖြေပေးသည့်ရက် ၈ ၊ ၅ ၊ ၂၀၁၂ အီရန်ဒေသစံတော်ချိန် ၃း ၄၅
ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး
(၈၇)မေး ။ ။ ဝါဂျိဗ် ဂိုစ်လ်(ဂိုစိုလ်) များ ကိုဖော်ပြ ပါ။
ဖြေ ။ ။ ဝါဂျိဗ် ဂိုစ်လ်(ဂိုစိုလ်) များ မှာ (၇) မျိုး ရှိပါသည်။
၁ ။ ဂိုစ်လေ ဂျနာဗသ်
၂ ။ ဂိုစ်လေ ဟိုင်းဇ်
၃ ။ ဂိုစ်လေ နေဖာစ်
၎ ။ ဂိုစ်လေ အစ်သေဟာဇေ
၅ ။ ဂိုစ်လေ မတ်စ် စေမယသ်
၆ ။ ဂိုစ်လေ မယသ်
၇ ။ ဂိုစ်လေ နဇ်ရ် (သို့ ) ကစမ်
ကြည့် - သောင်ဇီးလ်ဟိုလ်မဆာအေကျမ်း အေမာမ်ခိုမေနီ (ရ.ဟ) (အီရန် သက္ကရာဇ် ၁၃၈၆ ထုတ်)
ဒုတိယ အကြိမ် ပုံနှိပ် ၊ တီဟီရန် ၊ စာမျက်နှာ ၇၉ ၊
(၈၈)။ မေး ။ ။ စလာမ်
ရှေးယခင် လူကြီးများသည် ၀ူဇူပြုလုပ်ရာတွင် မည်သည့်အစိတ်အပိုင်းကို မဆို (၃)ကြိမ် (၃)ခါ ပြုလုပ်ကြသော်လည်း ယခုအခါတွင် ၀ါဂျိဘ်အစိတ်အပိုင်းများကို (၃)ကြိမ် ပြုလုပ်ပါက ဟရာမ် ဖြစ်သည်ဟု ဆိုသည်မှာ အဘယ်အကြောင်းကြောင့်ပါနည်း။ အမှန်တကယ် သိရှိလိုပါသည်။
ဖြေ ။ ။ ရှေးယခင် လူကြီးများသည် ၀ူဇူပြုလုပ်ရာတွင် မည်သည့်အစိတ်အပိုင်းကို မဆို (၃)ကြိမ် (၃)ခါ ပြုလုပ်ကြသော်လည်း ယခုအခါတွင် ၀ါဂျိဘ်အစိတ်အပိုင်းများကို (၃)ကြိမ် ပြုလုပ်ပါက ဟရာမ် ဖြစ်သည်ဟု ဆိုခြင်းမှာ လက်ရှိ ဖေက်ပညာရှင်များ(မရဂျေများ)၏ ((အစ်သင်ဗာသ် သေ အဟ်ကမ်မေ ရှရီအီ )) ၏ ရလာဒ်ကြောင့် ဖြစ်ပါသည်။
(၈၉)မေး ။ ကျမ်းတော်မြတ် ကုရ်အာန် အကျယ်ဖွင့်ဆို သည့်သုခမိန် (မိုဖရ်စေ) ဘယ်နှစ်မျိုး ရှိ ပါသနည်း
ဖြေ ။ ။ ။ ကျမ်းတော်မြတ် ကုရ်အာန် အကျယ်ဖွင့်ဆို သည့်သုခမိန် (မိုဖရ်စေ)နှစ်မျိုး ရှိ ပါသည်။
၁ ။ မိုဖရ်စေရန်နေ မာစူမ် ၊ ကျမ်းတော်မြတ် ကုရ်အာန် အကျယ်ဖွင့်ဆို သည့် မာစူမ် သုခမိန် များဖြစ်ပါသည်။ ဥပမာ တမန်တော်မြတ်ကြီး(ဆွ) နှင့်အဟ်လေ့ဘိုက်(အ.စ)
၂ ။ မိုဖရ်စေရန်နေ ဂိုင်ရေ မာစူမ် ၊ ကျမ်းတော်မြတ် ကုရ်အာန် အကျယ်ဖွင့်ဆို သည့် မာစူမ် မဟုတ်သည့် သုခမိန် များ၊ဥပမာ အိုလမာ
ကြည့် - ဒရ်စ်နာမေယေ အာရှနာယီ ဗာ မဗာနီ ဝါ ကဝါအစ်ဒ် သဖ်စီးရ် ကုရ်အာန် (ခိုလာဇာ)ကျမ်းစာမျက်နှာ ၇၂
(၉၀)မေး ။ ။ စွန္နတ် ၏ ခက်ဆစ်အဓိပ္ပါယ် လေးကို သိပါရစေခင်ဗျာ
ဖြေ ။ ။ စွန္နတ် ၏ ခက်ဆစ်အဓိပ္ပါယ်ကို ဘာသာရပ် ဆိုင်ရာ အလိုက် သိနိုင်ပေသည်။ ဘာသာရပ်အလိုက် အနက် အဓိပ္ပါယ် ပါ ပြောင်းသွားပါသည်။
စွန္နတ် ဆိုသည် စကားလုံးအား ရီဝါယတ်တော်တွင် သုံးထားပါက အကယ်၍ အလ္လာဟ်ဖက်မှ ဆိုလျှင် ((ဖရီဇာ)) ဟု အဓိပ္ပါယ်ရပြီး ၊တမန်တော်မြတ်ကြီး (ဆွ) ဖက်မှ ဆိုလျှင် ((ဝါဂျစ်ဗ်)) ဟု အဓိပ္ပါယ်ရပါ သည်။
အကယ်၍ ဖေက်ဘာသာရပ်တွင် သုံးထားပါက ((မိုစ်သဟဗ်)) ဟု အဓိပ္ပါယ်ရ ပြီး၊အူစူလေဖေက် ဘာသာရပ်တွင် သုံးထားပါက ((ပင်မအဓိက အခြေခံ လေးခု (ကုရ်အာန် ၊စွန္နတ် ၊အေဂ်ျမယ ၊အက်လ်) မှ တစ်ခု )) ဟု အဓိပ္ပါယ်ရပါသည်။
ထိုပြင် အေလ်မေ ကလာမ် ဘာသာရပ်တွင် သုံးထားပါက ((စွန်နီ်)) ဟု အဓိပ္ပါယ် ရပါသည်။
ကွမ်းမြို့ အေမာမ်ခိုမေနီ (ရ.ဟ) တက္ကသိုလ် ၏ ကတိက ဟွဂ်ျစွလ်အစ္စလာမ် ဝလ်မွတ်စလေမီး အာဂါယေ မဟ်ဒီ ဒေလေဟ်ရီ ၏ ပို့ချချက်မှ
(၉၁)မေး ။ ။ မနုဿလူသား ၏ ကောင်းမှု ကုသိုလ်များ ကို ပျက်ပယ်စေသည့် အရာ များကိုဖော်ပြပါ။
ဖြေ ။ ။ မနုဿလူသား ၏ ကောင်းမှု ကုသိုလ်များ ကို ပျက်ပယ်စေသည့် အရာ များကို ကျမ်းတော် မြတ် ကုရ်အာန် နှင့် မာစူမီးမ် (အ.စ) ၏ ဟဒီးစ်တော်များအရ ဆိုလျှင် အောက်ပါအတိုင်း ဖြစ် ပါသည်။
၁။ကုဖ်ရ်
ကြည့် - စူရဟ် မာအေဒါဟ် ၊အာယတ်တော် ၆
၂။ ရှေးရ်က်
ကြည့် - စူရဟ် အန်အာမ် ၊အာယတ်တော် ၈၈
၃။ မိမိ အသံ ကို တမန်တော်မြတ်ကြီး(ဆွ) ၏ အသံထက် ကိုကျယ်အောင်ပြုခြင်း
ကြည့် - စူရဟ် ဟွဂ်ျဂျာရာသ် ၊အာယတ်တော် ၆
၎ ။ အီမာန်မရှိခြင်း
ကြည့် - စူရဟ် အဲဟ်ဇာဗ် ၊အာယတ်တော် ၁၉
၅ ။ အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) အား လိမ်လည်ခြင်း
ကြည့် - စူရဟ် အာရဖ် ၊အာယတ်တော် ၁၄
၆ ။ မိုရ်သဒ်ဖြစ်သွားခြင်း(ဇာတ်ပျက်သွားခြင်း)
ကြည့် - စဝါလာသ် ဝါ ဂျဝါဗသ် မိုကာဗေလေ မအာရေဖ် ကုရ်အာန် (အူရ်သူ)စာမျက်နှာ -၁၀
(၉၂)မေး ။ ။ မနုဿလူသား ၏ မကောင်းမှု အကုသိုလ်များ ကို ပျက်ပယ်စေသည့် အရာ များကိုဖော်ပြပါ။
ဖြေ ။ ။ မနုဿလူသား ၏ မကောင်းမှု အကုသိုလ်များ ကို ပျက်ပယ်စေသည့် အရာ များကို ကျမ်းတော် မြတ် ကုရ်အာန် နှင့် မာစူမီးမ် (အ.စ) ၏ ဟဒီးစ်တော်များအရ ဆိုလျှင် အောက်ပါအတိုင်း ဖြစ် ပါသည်။
၁။ သောင်ဗာ (ဝန်ချတောင်းပန်မှု)
ကြည့် - စူရဟ် မာအေဒါဟ် ၊အာယတ်တော် ၃၉
၂။ ဂိုနာယေ ကဗီရာများ မှ ရှောင်ခြင်း
ကြည့် - စူရဟ် နေစာ ၊အာယတ်တော် ၃၁
၃ ။ရှဖာအတ်
ကြည့် - စူရဟ်နဂ်ျမ် ၊အာယတ်တော် ၃၂
၎။ကောင်းမြတ်သည်လုပ်ရပ်များ
ကြည့် - စဝါလာသ် ဝါ ဂျဝါဗသ် မိုကာဗေလေ မအာရေဖ် ကုရ်အာန် (အူရ်သူ)စာမျက်နှာ - ၉၉
(၉၃)မေး။ ။ စလာမ် … ဂျဟန္နမ် ငရဲသားများ အ ဝတ် သည် မီးထည် ဆို သည်မှာ ဟုတ်ပါသလား
ဖြေ ။ ။ မှန်ပါသည် ။ ကျမ်းတော်မြတ် ကုရ်အာန် စူရဟ်အီဗရာဟီးမ်(အ.စ) အာယတ်အမှတ်တော် ၅၀ ကိုဖတ်ရွတ် ကြည့်လျှင် လုံလောက်ပါသည်။
(၉၄)မေး ။ စလာမ် - အဟ်ကမ် ဆိုသည်မှာဘာလဲ ဆိုတာရှင်းပြပေးပါ။
ဖြေ ။ အဟ်ကမ်ဆိုတာ အလ္လာဟ်ဟိုအရှင်မြတ် ပြငှာန်းထားသည့် ဆောင်ရန်၊ရှောင့်ရန်များကို ခေါ်ဆိုပါသည်။ပိုမိုပြီးတိကျသွာဖြေရမည် ဆိုလျှင်လူသားတိုင်း၏ အလုပ်တိုင်းဟာ ၊အောက်ဖော်ပြပါ
(၅) ချက်အတွင်းမှာဘဲရှိနေပါသည်။ဒါကြောင့် မိမိလုပ်ရပ်တွေကို အော်ဖော်ပြပါ အချက်တွေထဲမှ ဘယ်အချက်ဖြစ်လဲဆိုတာ သိဖို့လိုပြီး ကျင့်သုံးဖို့ လိုအပ် ပါသည်။
အချက် (၅ )ချက်
၁။ဝါဂျစ် (မပြုမနေရ၊မပြုလျှင် ဂိုနာဖြစ်ပေမည်)
၂။ မိုစ်သဟဗ် ( ပြုလျှင် ပိုကောင်း၏ ၊မပြုလျှင်အကြောင်းမဟုတ်ချေ)
၃။ ဟရမ် (မရှောင့် မနေရ၊မရှောင့် လျှင် ဂိုနာဖြစ်ပေမည်)
၎ ။ မက်ကရူ ( မပြုလျှင် ပိုကောင်း၏ ၊ပြုလျှင်အကြောင်းမဟုတ်ချေ)
၅ ။ မိုဗာ ၊ပြုပြု၊ရှောင့် ရှောင့် အတူတူပင်
(၉၅)မေး ။ စလာမ် ...
ကျွန်တော်တို့၏နိုင်ငံ မြန်မာ နိုင်ငံတွင် အစိုးရ ကျောင်းများ ၊တက္ကသိုလ်များ ၊ အခြားနေရာများ တွင် အလေးပေး၊ရိုသေလေးစားသည့်အနေဖြင့် နိုင်ငံတော်အလံ အရှေ့တွင်အလံတော်အား ဦးညွတ်ပြီးအလေးပြုကြပါသည်။
ဤအတွက်ကြောင့်ရှရီအတ် ၏ အမြင်အရ ပြဿနာ ရှိပါသနည်း? (သို့) မရှိပါသနည်း ?
ဖြေ ။ ။ ဖီးနဖ်စေဟီ ၊ ပြဿနာ မရှိချေ။
ဟဇရတ် အာယာသွလ်လ္လာဟအလ်မွဇ်မာဆရက် အလီ ခါမေနာအီရုံး ၊ တီဟီရန်မြို့
(၉၆)မေး ။ ။ စလာမ်
အစ္စလာမ်ဘာသာဝင်တွေဟာ မွေးနေ့ ကိတ်မုန့်မလှီးခင် Happy Birthday လို့အနောက်တိုင်းပုံစံပြုလုပ်လျှင် ဂိုနာရနိုင်ပါသလား။
ဖြေ ။ ။ အကယ် ၍ မွေးနေ့ ပွဲတွင် အရက်သေစာ ၊ သီချင်း ၊အခုန်အက မပါ (ဟရမ်အရာများ ) မပါဝင်လျှင် အကြောင်း မဟုတ်ချေ။
ဟဇရတ် အာယာသွလ်လ္လာဟအလ်မွဇ်မာဆရက် အလီ ခါမေနာအီရုံး ၊ ကွမ်း မြို့
(၉၇)မေး ။ ။ စလာမ်
ရှီအာတယောက်သည် စွန်နီဗလီမှာနမားဇ်ဖတ်ခွင့်ရှိပါသလား။
ဖြေ ။ ။ ဖတ်ပိုင်ခွင့်ရှိပါသည်။
ဟဇရတ် အာယာသွလ်လ္လာဟအလ်အွဇ်မာဆရက် အလီ ခါမေနာအီရုံး ၊ ကွမ်း မြို့
(၉၈)မေး ။ ။ အကယ်၍ မဟ်ရမ် အမျိုးသမီးများထဲမှ အမျိုးသမီး တစ်ယောက်အတွက် ၊၎င်း၏မဟ်ရမ် အမျိုးသား မှ ဟေဂျဗ် မဝတ် သည့်အတွက် ၊၎င်းကို ရိုက်နက်မည်ဆိုလျှင် ရိုက်နက်ပိုင်ခွင့် ရှိပါသလား၊အကြောင်းသည်ကား ထို အမျိုးသမီးဟေဂျဗ်ဝတ်လာရန် နည်းလမ်း အမျိုးမျိုးကို အများကြီးအား ၎င်း အတွက် လက်ခံ၊လာစေရန် အသုံးပြုပြီး ဖြစ်ပေသည်။
ဖြေ ။ ။ အကယ်၍ ((အမရ်ဗင်မာရူးဖ် ၊နဟီးအဇ်မွန်ကရ်)) (ကောင်းမှုကိုညွှန့်ပြီး၊
မကောင်းမှုကိုတားမြစ်ရန်) ရည်ရွယ်ပါက ဟာကေမ်မေရှရအ် ခွင့် ပြုချက်မရှိဘဲမရေချေ။
ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး
(၉၉)မေး ။ ။ စလာမ်
တမန်တော် အီဆာ(အ.စ)သည် ဒီဇင်ဘာလ(၂၅)ရက်နေ့မှာမွေးဖွားခဲ့တယ်ဆိုတာ ဖြစ်ပါသလား
ဖြေ။ ။ တမန်တော်မြတ် ဟဇရတ် အီဆာ (အ.စ) ၏မွေးဖွားချိန်နှင့် နေရာနှင့် ပတ် သက်ပြီး အကွဲအလွဲရှိပါသည်။ ထိုပြင် အတိအကျ မသိရပေ။
ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး
(၁၀၀)အမေး - အမျိုးသားနှင့်အမျိုးသမီး (လင်နှင့်မယား) အတူ ဂျမာအတ် နာမာဇ်ဖတ်လို့ ရပါ သလား။
အဖြေ - ခင်ပွန်းသည်အနေဖြင့် ရှေ့ဆောင်အဖြစ် ဖတ်ခွင့်ရှိပါသည်။ ရှီအာထိပ်တန်း အာလင်မ်တစ်ပါးလည်းဖြစ်၊ မိုဖာစေရွလ်ကုရ်အာန်လည်းဖြစ် ၊ ယေဘုယျအားဖြင့်သာသနာစာပေ ၃၀၀ကျော်ရေးသား သီးကုံးထားသည် အလာမာ ဆိုင်ယိဒ် ဇီရှမ်း ဟိုင်ဒရ် ဂျဝါဒီ(ရ.ဟ)သည် မိမိအိမ်တွင်ရှေ့ဆောင်အဖြစ် ဇနီး ၊သားသမီးများကို ဦးဆောင်ကြောင်းလေ့လာထားရပါသည်။
============================
251 / End