၂၆ စက်တင်ဘာ ၂၀၂၆ - ၁၁:၀၁
အီရန် နှင့် လေကြောင်းခရီးစဉ် ကန့်သတ်ချက်များ မရုပ်သိမ်းပါက အီရတ်လေဆိပ်များတွင် ထိုင်သပိတ်ပြုလုပ်မည်

အီရတ်နိုင်ငံရှိ အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှု အန်နဂျဘာ ၏ အထွေထွေအတွင်းရေးမှူးရှိက်ခ် အက်ကရမ် အလ်ကအ်ဘီ က အီရတ် နှင့် အစ္စလာမ်မစ် အီရန်သမ္မတနိုင်ငံအကြား လေကြောင်းခရီးစဉ်များအပေါ် ဆက်လက်ကန့်သတ်ထားမှုကို ကန့်ကွက်ခဲ့ပြီး၊ ယင်းကိစ္စကို ဖြေရှင်းခြင်းမရှိပါက အီရတ်ပြည်သူများ၊ ဟိုစိုင်းန်နီ စတုဒိသာ များနှင့် ဇေယာရသ် ပြုသူ များအား ဝန်ဆောင်မှုပေးနေသူများကို အီရတ်နိုင်ငံရှိ လေဆိပ်များတွင် ထိုင်သပိတ်ပြုလုပ်ရန် ဖိတ်ခေါ်မည်ဟု သတိပေး ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မီယာဒီးန်သတင်းဌာနကို ကိုးကား၍ ဖော်ပြရာတွင် ရှိက်ခ် အက်ကရမ် အလ်ကအ်ဘီ က အီရတ် နှင့် အစ္စလာမ်မစ် အီရန်သမ္မတနိုင်ငံ အကြား လေကြောင်းခရီးစဉ်များ ဆက်လက်ကန့်သတ်ထားမှုကို ဝေဖန်ခဲ့ပြီး၊ ယင်းကန့်သတ်ချက်များကို ရုပ်သိမ်းကာ အဆုံးသတ်ရန် နှင့် “အမေရိကန်၏ လွှမ်းမိုးချုပ်ကိုင်မှု”** ဟု ခေါ်ဆိုသည့် အခြေအနေကို အီရတ်နိုင်ငံအပေါ်မှ အဆုံးသတ်ရန် တောင်းဆိုခဲ့ပါတယ်။

၎င်းက “အီရတ်နိုင်ငံဟာ ရွာငယ်လေးတစ်ရွာအဖြစ် ပြောင်းလဲသွားပြီး ‘ရာဇဝတ်မှုကျူးလွန်သော အမေရိကန်’** က ထိန်းချုပ်ထားသည့် အခြေအနေမျိုးတွင် အချုပ်အခြာအာဏာအကြောင်း ပြောဆိုခြင်းသည် စံနှုန်းနှစ်မျိုးထားရှိခြင်းဖြစ်ပြီး၊ ယင်းအခြေအနေကို လက်ခံနိုင်မည်မဟုတ်” ဟု ပြောကြားခဲ့ပါတယ်။

အီရတ်နိုင်ငံ ၏ အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှု အန်နဂျဘာ ၏ အထွေထွေအတွင်းရေးမှူးက အီရတ်နိုင်ငံရှိ နိုင်ငံရေးအဖွဲ့များနှင့် မတူညီသော နိုင်ငံရေးလမ်းကြောင်းများမှ အဖွဲ့များကို ရည်ညွှန်းပြောကြားရာတွင် “ဤဝမ်းနည်းဖွယ်ရာ ရပ်တည်ချက်များကို လက်ခံနိုင်မည်မဟုတ်” ဟု ဆိုပါတယ်။

အလ်ကအ်ဘီက ဆက်လက်၍ “မွတ်စလင်လူမျိုးတစ်ရပ်ကို ၎င်းတို့က ပုန်ကန်သူများ၊ မယုံကြည်သူများနှင့် ရာဇဝတ်သားများဟု ခေါ်ဆိုသည့် အင်အားစုများ၏ ဝိုင်းရံပိတ်ဆို့မှုအောက်တွင် ရှိနေခြင်းကို မည်သို့ လက်ခံနိုင်မည်နည်း” ဟု မေးခွန်းထုတ်ခဲ့ပါတယ်။

၎င်းက ယင်းအခြေအနေသည် တရားမျှတမှုမရှိသော ဝိုင်းရံပိတ်ဆို့မှုတွင် ပါဝင်ခြင်းနှင့် နိုင်ငံနှစ်နိုင်ငံမှ သန်းပေါင်းများစွာသော ပြည်သူများအား မြင့်မြတ်သောနေရာများသို့ ဘုရားဖူးသွားလာခြင်းမှ တားဆီးခြင်းကို ဖြစ်ပေါ်စေပြီး၊ အီရတ်နိုင်ငံ၏ စီးပွားရေးနှင့် ဝိညာဉ်ရေးရာအခြေအနေကို ထိခိုက်စေကြောင်း ပြောကြားခဲ့ပါတယ်။

အလ်ကအ်ဘီက အန်နဂျဘာလှုပ်ရှားမှုသည် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေမည်မဟုတ်ကြောင်း  အလေးပေးပြောကြားခဲ့ပါတယ်။ ယင်းကိစ္စကို မဖြေရှင်းပါက၊ အမေရိကန်၏ လွှမ်းမိုးချုပ်ကိုင်မှု အဆုံးမသတ်ပါက ၊ အီရန်အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ နှင့် ပုံမှန်လေကြောင်းခရီးစဉ်များ ပြန်လည်စတင်ခြင်းမရှိပါက “လွတ်လပ်သော အီရတ်ပြည်သူများ၊ အေမာမ် ဟိုစိုင်းန် (အ.စ) အတွက် ဝန်ဆောင်မှုပေးနေသော  စတုဒိသာ များ နှင့် အေမာမ် ရေဇာ (အ.စ)  ၏ ဇေယာရသ် ပြုသူ များအား အီရတ်လေဆိပ်များတွင် ထိုင်သပိတ်ပြုလုပ်ရန် ပြင်ဆင်ထားကြရန် ကျွန်ုပ်တို့ တောင်းဆိုထားကြောင်း  ထိုသို့ပြုလုပ်ခြင်းဖြင့် ဤမတရားပြီး အမေရိကန်ဆန်သော ဆုံးဖြတ်ချက်ကို ချိုးဖျက်မည်ဟု ပြောကြားခဲ့သည်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha