အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ညီညွတ်သော တိုင်းရင်း သားလူမျိုးများဖက်ဒရယ်ကောင် စီ(UNFC)မှ နုတ်ထွက်ရန် စာတင် ထားကြောင်း ကချင်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ (KIO)ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက အတည်ပြုပြောကြားသည်။
တစ်နိုင်ငံလုံး အပစ်ရပ်စာ ချုပ်(NCA)လက်မှတ်ထိုးနိုင်ရေး အစိုးရ၏ငြိမ်းချမ်းရေး ကော်မရှင် နှင့် UNFC ၏နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ (DPN)တို့ ဧပြီ ၂၈ ရက်က တွေ့ဆုံပြီးနောက် ဧပြီ ၂၉ ရက်တွင် KIO က UNFC မှ နုတ် ထွက်ရန် စာတင်ခဲ့ခြင်းဖြစ်သည်။
‘‘စာတင်ထားတာပဲ။ ထွက်မှာ၊ မထွက်မှာက UNFC Confe-rence မှာမှ ဆုံးဖြတ်တဲ့ ဟာမျိုး ဖြစ်တယ်’’ ဟု အဆိုပါ KIO ထိပ်ပိုင်းခေါင်းဆောင်က ဆက်လက် ပြောသည်။ သို့ရာတွင် KIO က UNFC မှ နုတ်ထွက်ရသည့် အကြောင်းကိုမူ ရှင်းလင်းစွာ မသိရှိရ သေးပေ။
UNFC ညီလာခံကို မူလက ၂၀၁၇ မတ်လတွင် ကျင်းပရန် သတ်မှတ်ထားသော်လည်း နိုင်ငံ ရေး၊ စစ်ရေးအခြေအနေများအရ ညီလာခံကို ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းထားသည်။ လက်ရှိ အချိန်ထိ ညီလာခံကျင်းပမည့်အ ချိန် သတ်မှတ်ခြင်းမရှိသေးပေ။
KIO သည် UNFC ၏ဦး ဆောင်အဖွဲ့အစည်းဖြစ်ပြီး KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ သည် UNFC ဥက္ကဋ္ဌအဖြစ် ၂၀၁၁ ကတည်းက ယခုအချိန်ထိ တာဝန် ယူခဲ့သည်။
KIO အနေဖြင့် တစ်ဖက်တွင်NCA မထိုးဘဲ ‘ဝ’လက်နက်ကိုင် အဖွဲ့ (UWSA) ဦးဆောင်သည့် ကော်မတီဖြင့် နိုင်ငံရေးဆွေးနွေး မည်ဆိုသော ပန်ဆန်းညီလာခံဆုံး ဖြတ်ချက်တွင် ပါဝင်သည်။ ယင်းညီလာခံဆုံးဖြတ်ချက်တွင် ကော်မတီဝင်အဖွဲ့အစည်းများအနေဖြင့် အစိုးရနှင့်ဆွေးနွေးပါက တစ်ဖွဲ့ ချင်းမဆွေးနွေးဘဲ မြောက်ပိုင်း လက်နက်ကိုင် ခုနစ်ဖွဲ့ပါသော ကော်မတီဖြင့်သာ ဆွေးနွေးမည် ဟု ပါရှိသည်။
သို့ရာတွင် KIO အနေဖြင့် အစိုးရနှင့် တိုက်ရိုက်တွေ့ဆုံဆွေး နွေးရန် ညှိနှိုင်းနေကြောင်း UNFC တွဲဖက်အထွေထွေအတွင်းရေး မှူး ဦးထွန်းဇော်က မေလ ၁ ရက် တွင် ပြောကြားသည်။
‘‘ကျွန်တော်တို့ကြားတာက တော့ ‘ဝ’ က သူနဲ့အတူတူ ရပ်ချင်လည်း ရပ်၊ မရပ်ဘူးဆိုလည်း ကိုယ့်သဘောနဲ့ ကိုယ်လုပ်ပါပေါ့။ ရပ်မယ်ဆိုရင်တော့ ခုနစ်ဖွဲ့လုံး အတူတူတွေ့ပါလို့ မေတ္တာရပ်ခံ တယ်လို့ ကြားတယ်။ အဲဒါကြောင့်ကေအိုင်အိုအနေနဲ့ ဒီဘက်က ထွက်တာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ကေအိုင်အိုအနေနဲ့ခေါင်း ဆောင်မှုကို ၂၀၁၁ က ယူလာခဲ့ တာ ခြောက်နှစ်မှာ သူတို့ခေါင်း ဆောင်မှုကို ဖယ်လိုက်တဲ့ သဘောလို့ မှတ်ယူရမလိုဖြစ်နေတယ်’’ ဟု ငြိမ်းချမ်းရေးဆွေးနွေးရေးလုပ် ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေ သူတစ်ဦးက KIO အဖွဲ့ UNFC မှ နုတ်ထွက်ခြင်းအပေါ် သုံးသပ် သည်။
ကေအိုင်အိုအဖွဲ့ UNFC မှ နုတ်ထွက်ရသည့် အကြောင်း အရင်းနှင့်ပတ်သက်၍ အခြားရှု ထောင့်မှ သုံးသပ်မှုများရှိသည်။
‘‘ကေအိုင်အို ၂၉ ရက်စွဲနဲ့ နုတ်ထွက်ခွင့်စာပို့ထားတယ်။ အဲဒီလို သတင်းကြားတယ်။ လက်မှတ်ထိုးတာကတော့ ကေအိုင်အို လက်ရှိအတွင်းရေးမှူးပေါ့။ ဆရာကြီးလနန်ဆိုတာရှိတယ်။ သူကတော့UNFC က ထွက်ချင်နေတာကြာ ပြီ။ UNFC က ညီလာခံမခေါ်ဘဲနဲ့ ရွှေ့ဆိုင်းနေတော့ သူတို့အနေနဲ့ စောင့်ရတာ ခက်တာပေါ့ဗျာ။ UNFC က ထွက်မယ်။ ‘ဝ’ဘက်မှာလည်း မပါတော့ဘူး။ ဒီအစိုးရနဲ့သတ်သတ်နှစ်ဖွဲ့ချင်း အစည်းအဝေးလုပ်နိုင်တာပေါ့’’ဟု ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်ပအိုဝ်းအဖွဲ့ PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
ကေအိုင်အိုအနေဖြင့် အစိုးရသစ်နှင့် ဆွေးနွေးရန် အမြဲတမ်း ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ်ဦးဆောင်၍ ဆယ်ဦးပါသည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ကို ဖွဲ့ စည်းထားကြောင်း သတင်းရရှိ သည်။ ဦးဆွမ်လွတ်ဂမ်သည်ယခင်အစိုးရလက်ထက်တွင် ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ကို ဦးဆောင်ခဲ့သည်။
UNFC ကို ၂၀၁၁ က စတင် ၍ တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့နှင့်ဖွဲ့စည်းခဲ့သည်။ ၂၀၁၄ တွင် ကျင်းပသည့် UNFC ညီလာခံကာလ၌ အဖွဲ့၏ဖွဲ့စည်းပုံနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှု ဖြစ်ပေါ်ရာမှတစ်ဆင့် ကရင်လက်နက်ကိုင်အဖွဲ့ KNU က UNFC တွင် ပါဝင်မှု ယာယီရပ်ဆိုင်းခဲ့ သည်။
၂၀၁၅ တွင် NCA လက်မှတ် ရေးထိုးခဲ့သော ပအိုဝ်းလက်နက် ကိုင်အဖွဲ့ (PNLO)နှင့် ချင်းလက် နက်ကိုင်အဖွဲ့(CNF)တို့ကို UNFC က အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းခဲ့ သည်။ ၂၀၁၆ တွင် တအာင်းလက်နက်ကိုင်အဖွဲ့(TNLA)နှင့် ကိုးကန့် လက်နက်ကိုင်အဖွဲ့ (MNDAA) တို့က UNFC မှ နုတ်ထွက်ခွင့်တောင်းဆို၍ အဖွဲ့၏လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင် ရွက်ခြင်းမပြုတော့ပေ။ လက်ရှိတွင် UNFC အဖွဲ့ဝင်ခုနစ်ဖွဲ့ ကျန်ရှိနေရာ KIO က ယခုကဲ့သို့ နုတ် ထွက်စာတင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ UNFC အဖွဲ့များသည် KIO ၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ(KNPP)၊ ရခိုင် ပြည်အမျိုးသားကောင်စီ(ANC)၊ ‘ဝ’အမျိုးသားအဖွဲ့ချုပ် (WNO)၊ လားဟူဒီမိုကရက်တစ်အစည်းအ ရုံး(LDU)တို့ဖြစ်သည်။ UNFC အဖွဲ့ဝင်အားလုံးသည် NCA ကို လက်မှတ်ရေးထိုးထားခြင်း မရှိသေး ပါ။
===================
251/End
၇ မေ ၂၀၁၇ - ၁၆:၄၄
News ID: 828379
ညီညွတ်သော တိုင်းရင်း သားလူမျိုးများဖက်ဒရယ်ကောင် စီ(UNFC)မှ နုတ်ထွက်ရန် စာတင် ထားကြောင်း ကချင်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ (KIO)ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက အတည်ပြုပြောကြားသည်။