၉ မေ ၂၀၁၇ - ၁၈:၁၆
ဒေါ်အောင်ဆန်းစုကြည်ကို လန်ဒန်မြို့တော် ကောင်စီက ဂုဏ်ထူးဆောင်ဆုချီးမြှင့်

ဒေါ်အောင်ဆန်းစု ကြည်သည် လန်ဒန်မြို့တော်ဝန် နှင့် ကောင်စီအဖွဲ့ကချီးမြှင့်သော ဂုဏ်ထူးဆောင်ဆုကို မေလ ၈ ရက်က Guildhall Art Gallery အဆောက်အအုံ၌ လက်ခံယူ နေချိန်တွင် အဆောက်အအုံအ ပြင်ဘက်၌ အဖွဲ့အစည်းအချို့၏ ဆန္ဒပြမှုဖြစ်ပေါ်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ဒေါ်အောင်ဆန်းစု ကြည်သည် လန်ဒန်မြို့တော်ဝန် နှင့် ကောင်စီအဖွဲ့ကချီးမြှင့်သော ဂုဏ်ထူးဆောင်ဆုကို မေလ ၈ ရက်က Guildhall Art Gallery အဆောက်အအုံ၌ လက်ခံယူ နေချိန်တွင် အဆောက်အအုံအ ပြင်ဘက်၌ အဖွဲ့အစည်းအချို့၏ ဆန္ဒပြမှုဖြစ်ပေါ်ခဲ့သည်။

လန်ဒန်မြို့တော် ဂုဏ်ထူး ဆောင်လွတ်လပ်မှုဆုကို ဒီမိုက ရေစီအတွက် ဒေါ်အောင်ဆန်းစုကြည်၏ နှစ်ပေါင်းများစွာ အ ကြမ်းမဖက်ရုန်းကန်တိုက်ပွဲဝင်မှု၊ ငြိမ်းချမ်းလုံခြုံပြီး လွတ်လပ်မှုရှိရှိ ပြည်သူလူထုနေထိုင်နိုင်မည့် လူ့ အဖွဲ့အစည်းတစ်ရပ် ဖန်တီးရန် ၎င်း၏ သစ္စာရှိရှိ ရည်စူးနှစ်မြှုပ် ဆောင်ရွက်မှုတို့အတွက် အသိအ မှတ်ပြု ချီးမြှင့်ခြင်းဖြစ်ကြောင်း လန်ဒန်မြို့တော်ကောင်စီအဖွဲ့ ကြေညာချက်၌ ဖော်ပြထားသည်။

ထိုဆုကို တော်ဝင် မိသားစု ၀င်များ၊ နိုင်ငံ့အကြီးအကဲများနှင့် ကမ္ဘာလုံးဆိုင်ရာ ပုဂ္ဂိုလ်ကျော် များသာ ပေးလေ့ရှိသည်ဟု ရေးသားထားသည်။ ထိုဆုရရှိဖူး သူများအနက် တောင်အာဖရိက ခေါင်းဆောင် နယ်လ်ဆင်မန်ဒဲ လား၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ၊ ကမ္ဘာကျော် သိပ္ပံပညာရှင် စတီဗင်ဟော့ကင်း၊ ဝေလမင်းသမီးဒိုင်ယာနာ၊တောင် အာဖရိကဘုန်းတော်ကြီး ဒယ် မွန်တူးတူး စသူတို့ပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဆုပေးပွဲပြုလုပ်နေချိန်တွင် ခန်းမ အပြင်ဘက် လမ်းတစ်ဖက်ခြမ်း ၌ပြည်ပအခြေစိုက် ကချင်အမျိုး သားအစည်းအရုံး (KNO)၊ ဘား မီးစ် ရိုဟင်ဂျာအသင်းယူကေ (BROUK)အပါအ၀င် အဖွဲ့အ စည်းငါးခုမှ လူလေးဆယ်ခန့်က ‘နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်’၊ ‘လူမျိုးတုံး သတ်ဖြတ်မှု ရပ်’ အစရှိသည့် စာတန်းများကိုင် ဆောင်၍ ဒေါ်အောင်ဆန်းစုကြည် ကို ဆန္ဒထုတ်ဖော်ခဲ့ကြသည်။၎င်းတို့ကို ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူများကလည်း တန်ပြန်ဆန္ဒပြခဲ့ကြသည်။

တစ်ရက်တည်းမှာပင် ဒေါ် အောင်ဆန်းစုကြည်သည် ဗြိတိန် ကာကွယ်ရေးဝန်ကြီး Michael Fallon နှင့်လည်း တွေ့ဆုံခဲ့ သည်။ ဆွေးနွေးမှုအသေးစိတ်ကို ထုတ်ပြန်မှုမရှိသေးပေ။

===================
251/End