အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-၂၁ ရာစုပင်လုံဒုတိ ယအစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်မည် ကိစ္စများနှင့်ပတ် သက်၍ မူဝါဒပိုင်းဆိုင်ရာ စုစည်း ရန်ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ကဖွဲ့စည်းထားသည့် လုပ် ငန်းကော်မတီငါးခု အစည်းအ ဝေးများကို မေလ ၇ ရက်ကစ တင်၍ နေပြည်တော်၌ ကျင်းပနေ သည်။
နိုင်ငံရေး၊ စီးပွားရေး၊လူမှု ရေး၊ လုံခြုံရေး၊ မြေယာနှင့်သဘာ ဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စ ရပ်များ စသည့်လုပ်ငန်း ကော်မ တီငါးခု၏ အစည်းအဝေးကို မေလ၉ ရက်အထိသုံးရက်ကြာ ကျင်းပမည်ဖြစ်သည်။
‘‘တိုင်းဒေသကြီးနဲ့ပြည်နယ် တွေမှာ အမျိုးသားအဆင့်နိုင်ငံ ရေးဆွေးနွေးပွဲတွေကနေ ဆွေး နွေးပြီးတက်လာတဲ့ စာတမ်းကို လုပ်ငန်းကော်မတီမှာ ပြန်ထိုင်ကြ တာပဲ။ ဒီကနေပြီးတော့မှ မူဝါဒ ရွေးချယ်စရာတွေကို ကျွန်တော် တို့ လုပ်ငန်းကော်မတီကနေ ရွေး ချယ်ပြီး UPDJC အတွင်းရေးမှူး အဖွဲ့ကနေတစ်ဆင့် UPDJC ကိုတင်ရမှာပေါ့။ အဲဒီမှာ UPDJC က ဆုံးဖြတ်ပြီးတော့ ညီလာခံကို ဘာတွေတင်မလဲ၊ ဘယ်လိုပုံစံနဲ့ ဆွေးနွေးမလဲ၊ ဘယ်လိုဆုံးဖြတ်မ လဲဆိုတာ နောက်ဆုံးတော့ UPDJC မှာပဲအပြီးသတ်ဆုံးဖြတ်မှာ’’ ဟု UPDJC အတွင်းရေးမှူးဦး လှမောင်ရွှေကပြောသည်။
နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆွေးနွေးမည့် အကြောင်းအရာ အပေါ် အခြေခံ၍စနစ်တကျစီမံ ဆောင်ရွက်နိုင်ရန် လုပ်ငန်း ကော် မတီငါးခု ဖွဲ့စည်းထားပြီး သက် ဆိုင်ရာလုပ်ငန်း ကော်မတီတစ်ခု လျှင်အစိုးရ၊တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အစည်းများနှင့် တရားဝင်နိုင်ငံရေးပါတီများမှ ၂၁ရာစုပင်လုံညီလာခံကိုယ်စား လှယ်လေးဦးစီနှင့် UPDJC အ တွင်းရေးမှူးအဖွဲ့ဝင်သုံးဦး၊ စုစု ပေါင်း ၁၅ ဦးစီဖြင့် ဖွဲ့ စည်းထား သည်။
အဆိုပါလုပ်ငန်းကော်မတီ များသည် အမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲများမှ တင်ပြလာ သော အကြံပြုချက်နှင့် အဆိုပြု ချက်များကိုအကျေအလည် စေ့ စပ်ညှိနှိုင်းဆွေးနွေးပြီး ရွေးချယ် ရန်နည်းလမ်းသုံးခုထက်မပိုသော မူဝါဒအဆိုပြုလွှာများ စိစစ်ရွေး ချယ်ပြုစု၍ UPDJC အတွင်းရေး မှူးအဖွဲ့သို့ ပေးပို့ရမည်ဖြစ် ကြောင်းသိရသည်။
လုပ်ငန်းကော်မတီတစ်ခုအ တွင်း (သို့မဟုတ်) ကော်မတီများ အကြားမဖြေရှင်းနိုင်သည့် သ ဘောထားကွဲလွဲမှုများရှိလာပါက UPDJC အတွင်းရေးမှူးမှတစ် ဆင့် UPDJC သို့တင်ပြ၍ဆုံးဖြတ် ချက်ရယူရမည်ဖြစ်ကြောင်း၊ အ ဆိုပါကော်မတီများအနေဖြင့်လုပ် ငန်းများ ဆောင်ရွက်ရာ၌ တစ်နိုင် ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေး သဘောတူစာချုပ်နှင့်နိုင်ငံ ရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် တွင် ပြဋ္ဌာန်းထားသည့် ပြဋ္ဌာန်း ချက်များနှင့်အညီ ဆောင်ရွက်ရ မည်ဖြစ်ကြောင်း သတ်မှတ်ထား သည်။
အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများမှ ရရှိလာသည့် အ ချက်အလက်များအပေါ် မူတည် ၍ ညီလာခံသို့ တင်ပြနိုင်ရေး စု စည်းချက်ရယူနိုင်ရန် လုပ်ငန်း ကော်မတီ အစည်းအဝေးများ ကျင်းပနေခြင်းဖြစ်သည်ဟု စီးပွား ရေး လုပ်ငန်းကော်မတီဝင် ဒေါ် စောမြရာဇာလင်းက ပြောကြား သည်။
ရခိုင်လက်နက်ကိုင်အဖွဲ့ (ALP)ကိုယ်စားလှယ် ဒေါ်စောမြ ရာဇာလင်းက ‘‘နိုင်ငံရေးကဏ္ဍ ဆိုရင်လည်း နိုင်ငံရေးကဏ္ဍအလိုက်ပေါ့။ ဥပမာ- ဖက်ဒရယ် ပြည်ထောင်စုကို ဘယ်လိုမူဝါဒနဲ့ တည်ဆောက်မလဲ၊ တန်းတူရေး ဆိုရင်လည်း အမျိုးသား တန်းတူ ရေးနဲ့ ကိုင်ပိုင်ပြဋ္ဌာန်းခွင့်ကို ဘယ် လိုအဓိပ္ပာယ်ဖွင့်မလဲ စသည် အားဖြင့် ပါနိုင်တာပေါ့။ ပြီးရင် ပြည်နယ်တွေကို တည်ဆောက် တဲ့အခါ ရှစ်ပြည်နယ်လား၊ ၁၄ ပြည်နယ်လား စသည့်အားဖြင့် စဉ်းစားစရာရှိပါတယ်။ ထိုနည်း လည်းကောင်း လူမှုရေးကဏ္ဍ ဆိုရင်လည်း လူမျိုးတစ်မျိုးစီရဲ့ စာပေယဉ်ကျေးမှုကို ဘယ် လိုဖော် ဆောင်မလဲ၊ ဓလေ့ထုံးတမ်း တွေ၊ သမိုင်းဆိုင်ရာတွေကို ဘယ် လိုဖော်ဆောင်မလဲ စသည်အား ဖြင့်ရှိမှာပေါ့’’ ဟု ပြောသည်။
===================
251/End
၁၁ မေ ၂၀၁၇ - ၁၄:၂၀
News ID: 829190
ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-၂၁ ရာစုပင်လုံဒုတိ ယအစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်မည် ကိစ္စများနှင့်ပတ် သက်၍ မူဝါဒပိုင်းဆိုင်ရာ စုစည်း ရန်ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ကဖွဲ့စည်းထားသည့် လုပ် ငန်းကော်မတီငါးခု အစည်းအ ဝေးများကို မေလ ၇ ရက်ကစ တင်၍ နေပြည်တော်၌ ကျင်းပနေ သည်။