၁၆ မေ ၂၀၁၇ - ၁၄:၁၄
အကျိုးတူလယ်ယာစနစ်တွင် လယ်သမားများမနစ်နာအောင် အစိုးရဌာနများ ပူးပေါင်းရန် လိုအပ်ဟု ဒုသမ္မတပြောကြား

အကျိုးတူ ကန်ထရိုက် လယ်ယာစနစ်ကို ဆောင်ရွက်ရာ တွင် လယ်သမားများ နစ်နာဆုံး ရှုံးမှုမရှိစေရန် အလေးချိန်၊ အခြင် အတွယ်စနစ်များ မှန်ကန်ရေး အစိုးရဌာနများက ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီး ယူက ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အကျိုးတူ ကန်ထရိုက် လယ်ယာစနစ်ကို ဆောင်ရွက်ရာ တွင် လယ်သမားများ နစ်နာဆုံး ရှုံးမှုမရှိစေရန် အလေးချိန်၊ အခြင် အတွယ်စနစ်များ မှန်ကန်ရေး အစိုးရဌာနများက ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီး ယူက ပြောကြားသည်။

အကျိုးတူ ကန်ထရိုက်လယ် ယာစနစ်ကို အကောင်အထည် ဖော်နိုင်မည်ဆိုပါက အာမခံဈေး ကွက်နှင့် အာမခံဈေးနှုန်းကို ဖော်ဆောင်ပေးနိုင်မည်ဟု ဒုသမ္မတက ပြောကြားသည်။

မေလ ၁၅ ရက် ဧရာဝတီ တိုင်း ကျိုက်လတ်မြို့နယ်တွင် ပြုလုပ်သည့် MAPCO Golden Lace ဆန်စက်ဖွင့်ပွဲနှင့် ဧရာဝတီ တိုင်း၊ ဖျာပုံခရိုင်အတွင်း ၂၀၁၇ မိုးရာသီ အကျိုးတူကန်ထရိုက် လယ်ယာစနစ် စတင်ဆောင်ရွက် ခြင်းအခမ်းအနား၌ ဒုတိယသမ္မတ က ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လယ်ယာကဏ္ဍအ တွက် ပြည်တွင်း၊ ပြည်ပ ရင်းနှီး မြှုပ်နှံမှုများကို အစိုးရက ဖိတ်ခေါ်မည်ဖြစ်ပြီး အကျိုးတူ ကန်ထရိုက်လယ်ယာစနစ်ဖော်ဆောင်ရေးကို အားပေးမည်ဟု ၎င်းက ပြောကြား သည်။

မြန်မာနိုင်ငံ လယ်ယာစီးပွား ရေး အများပိုင်ကော်ပိုရေးရှင်း လီမိတက်နှင့် ကျိုက်လတ်မြို့နယ် အခြေစိုက် ရွှေဇာခြည် (Golden Lace) ကုမ္ပဏီတို့ အကျိုးတူပူး ပေါင်း၍ အကျိုးတူကန်ထရိုက် လယ်ယာစနစ်ဖော်ဆောင်ရန် တောင်သူလယ်သမား ၁,၈၅၀ဦးကို စိုက်ပျိုးစရိတ်ထောက်ပံ့မှု ကျပ်ငွေ ၁ ဒသမ ၂ ဘီလီယံကျော်ကို မေလ ၁၅ ရက်က စတင်ပံ့ပိုး ပေးခဲ့သည်။

သီးနှံအရည်အသွေးပိုင်း မြင့်တက်လာစေရန်နှင့် လယ်သမား များလိုလားသည့် အာမခံချက်ရှိ သော ဈေးကွက်သို့ သွားနိုင်ရန် လာမည့် မိုးစပါးရာသီ၌ ဆန်စပါး အဓိကစိုက်ပျိုးသည့် ဒေသများရှိ လယ်မြေဧက သုံးသိန်းတွင် ကန် ထရိုက်လယ်ယာစနစ်ကို အကောင်အထည်ဖော်မည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြားသည်။

MAPCO Golden Lace ဆန်စက်တည်ဆောက်ဖွင့်လှစ် ခြင်းနှင့်ပတ်သက်၍ အရည်အ သွေးမြင့်ဆန်ကြိတ်ခွဲနိုင်ရန်၊ စပါးကြိတ်ခွဲမှုမှ ဆန်သာမက ဖွဲနုဆီစက်များ၊ စပါးခွံသုံးဓာတ်အားပေးစက်ရုံများ တည်ဆောက်အ ကောင်အထည်ဖော်ရန် စီစဉ်ထားသည်ဟု မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေး ရှင်းလီမိတက် အုပ်ချုပ်မှုဒါရိုက် တာ ဦးရဲမင်းအောင်က ပြောသည်။

အကျိုးတူ ကန်ထရိုက်လယ် ယာစနစ်သည် ယနေ့ လယ်သမား များ ကြုံတွေ့နေရသည့် စပါးပေါ် ချိန်တွင် ဈေးနှုန်းကျဆင်းမှု၊ သီးနှံ အထွက်နှုန်းလျော့နည်းနေမှုတို့ အတွက် ကုစားချက်တစ်ခုဖြစ်လာ နိုင်သည်ဟု ဘိုကလေးမြို့နယ်နေလယ်သမားဦးကျော်မြင့်က ပြော ကြားသည်။

သီးနှံပေါ်ချိန်တွင် ဈေးနှုန်း ကျဆင်းမှုကြောင့် လယ်သမား များ နှစ်စဉ်အခက်အခဲဖြစ်နေရ ၍ ဈေးနှုန်းအာမခံချက်တစ်ခု တည်းကပင် မျှော်လင့်ချက် ကောင်းဖြစ်နေသည်ဟု ၎င်းက ဆိုသည်။

ဖွဲနုဆီစက်များအတွက် ရင်း နှီးမြှုပ်နှံမှုကို စက်ရုံတစ်ရုံလျှင် ကန်ဒေါ်လာ နှစ်သန်းခန့်ရှိ၍လက် ရှိမြို့နယ်ငါးခုတွင် တည်ဆောက် အကောင်အထည်ဖော်မည်ဟု သိရသည်။

 စပါးခွံသုံး ဓာတ်အားပေး စနစ်ကို တည်ဆောက်အကောင် အထည်ဖော်ခြင်းနှင့်ပတ်သက်၍ ဧရာဝတီတိုင်းတွင် မိုးစပါးနှင့် နွေ စပါး နှစ်ခုပေါင်း စိုက်ဧကငါးသန်းကျော် နှစ်စဉ်စိုက်ပျိုးနေကာစပါး ခွံထွက်ရှိမှုပမာဏ များပြား သည်။ ယင်းစပါးခွံများသည် စွန့်ပစ်ရန်ခက်ခဲ၍ မီးဘေးအန္တရာယ် စိုးရိမ်ရခြင်း၊ မြစ်ချောင်းများထဲ စွန့်ပစ်ပါက ရေနေသတ္တဝါများ ထိခိုက်သေကျေမှု၊ ရေနေသတ္တဝါ များ သေဆုံးမှုများဖြစ်ရကြောင်း ဒုတိယသမ္မတက ပြောကြားသည်။

 ထို့ကြောင့် စပါးခွံကို မီးရှို့ ၍ လျှပ်စစ်ထုတ်သည့် စနစ်မျိုး မဟုတ်ဘဲ Boiler-Turbine စနစ် ဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက် မှု အနည်းဆုံးဖြစ်အောင် နည်း ပညာများအသုံးပြုကာ လျှပ်စစ် မဂ္ဂါဝပ် ၂၀ မှ ၃၀ ကြား ထုတ်လုပ်ရန် စီစဉ်မည်ဟု ဒုတိယသမ္မတက ပြောကြားသည်။

===================
251/End