အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဂျပန်အစိုးရက မြို့ကြီးငါးမြို့နှင့် နေပြည်တော်တို့၌ လုပ်ဆောင်နေသော လေထုအရည်အသွေးတိုင်းတာမှုတွင် မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခွင့်ပေးရန် ကမ်းလှမ်းခဲ့ကြောင်း သယံဇာ တနှင့် သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဝန်ကြီးဌာန ညွှန်ကြား ရေးမှူး ဦးမင်းမော်က ပြောကြား သည်။
‘‘ကမ်းလှမ်းတာပဲ ရှိပါသေး တယ်။ သဘောတော့ မတူရသေး ပါဘူး’’ဟု ၎င်းကပြောသည်။
လေထုအရည်အသွေးတိုင်း တာရေး စီမံကိန်းသည် ဂျပန်ယန်း သန်း ၁,၀၀၀ ခန့်ကုန်ကျမည့် စီမံ ကိန်းဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မုံရွာနှင့် ပုသိမ်မြို့များ တွင် တိုင်းတာရန် ကမ်းလှမ်းထား ခြင်းဖြစ်သည်ဟု ဦးမင်းမော်က ပြောသည်။
မြန်မာအစိုးရ၏ သဘောတူ ညီချက်ရရှိပါက အဆိုပါ မြို့ကြီး ငါးမြို့နှင့် နေပြည်တော်တို့၏ ပတ် ၀န်းကျင်လေထုအရည်အသွေး စစ်ဆေးမှုများကို နှစ်အလိုက် လုပ် ဆောင်မည်ဟု သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့၏ လေထုအရည်အသွေးတိုင်းတာမှု ကို ရန်ကုန်စည်ပင်သာယာရေး ကော်မတီက လုပ်ဆောင်နေပြီး လှည်းတန်း၊ မင်္ဂလာဒုံ၊ မြို့တော်ခန်းမရှေ့တို့တွင် နေ့စဉ်တိုင်းတာနေ သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့ကလည်း သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအဖွဲ့များနှင့်ပူးပေါင်း၍ ရန်ကုန်မြို့၏ လေထု ညစ်ညမ်းမှုနှင့် စွန့်ပစ်အမှိုက်များ ကို စီမံခန့်ခွဲရန် စီစဉ်နေသည်။
အဆိုပါ ကဏ္ဍများ စနစ်တ ကျထိန်းသိမ်းလုပ်ဆောင်ရန် ပြည်တွင်းသဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးအဖွဲ့ ၂၇ ဖွဲ့မှ ကိုယ်စားလှယ်သုံးဦးကို ၂၀၁၆ အောက်တို ဘာ ၁၃ ရက်တွင် ရန်ကုန်မြို့၌ သီးသန့်တွေ့ဆုံခဲ့သည်။
===================
251/End
မြို့ကြီးငါးမြို့နှင့် နေပြည်တော်တွင် လေထုအရည်အသွေးတိုင်းတာမှု ပူးပေါင်းဆောင်ရွက်ခွင့်ပြုရန် ဂျပန်အစိုးရကမ်းလှမ်း
၁၇ မေ ၂၀၁၇ - ၁၄:၂၃
News ID: 830315
ဂျပန်အစိုးရက မြို့ကြီးငါးမြို့နှင့် နေပြည်တော်တို့၌ လုပ်ဆောင်နေသော လေထုအရည်အသွေးတိုင်းတာမှုတွင် မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခွင့်ပေးရန် ကမ်းလှမ်းခဲ့ကြောင်း သယံဇာ တနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ညွှန်ကြား ရေးမှူး ဦးမင်းမော်က ပြောကြား သည်။