အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် (PNLO) ၏ ဒုတိယအကြိမ် ညီလာခံကို ၂၀၁၇ အောက်တိုဘာအတွင်း ကျင်းပရန် ဆုံးဖြတ်ကြောင်း PNLO က မေလ ၂၀ ရက်၌ ထုတ် ပြန်သည်။
PNLO ဗဟိုကော်မတီကို မေလ ၁၈ ရက်မှ ၂၀ ရက်အထိ ကျင်းပ၍ ညီလာခံကျင်းပမည့် ရက်ကို သတ်မှတ်ခြင်းဖြစ်ပြီး လာမည့်ညီလာခံတွင် ခေါင်းဆောင်ကို ပြန်လည်ရွေးချယ်မည်ဖြစ် ကြောင်း PNLO ဥက္ကဋ္ဌ ခွန်မြင့် ထွန်းက ပြောသည်။
လက်ရှိတွင် PNLO ကို ဗဟို အလုပ်အမှုဆောင်ခုနစ်ဦး၊ ဗဟို ကော်မတီဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
‘‘ညီလာခံထဲမှာတော့ ဥက္ကဋ္ဌ တို့၊ အတွင်းရေးမှူးတို့ ရွေးတာ တော့ရှိတာပေါ့။ ဒါပေမဲ့ ကျွန် တော်က ဦးဆောင်နာယကဆို တော့ အဲဒီနေရာတွေမှာပါတော့ မှာ မဟုတ်ဘူး။ အရွေးခံမှာလည်း မဟုတ်ဘူး။ လက်ရှိဦးဆောင်နေ တဲ့ အဖွဲ့တွေပဲ သူတို့အချင်းချင်း ပြန်ရွေးမှာပေါ့။ ကျွန်တော်က တော့ ဦးဆောင်နာယကနေရာက ပံ့ပိုးပေးမယ်လို့ စိတ်ကူးထားပါ တယ်’’ဟု PNLO ဦးဆောင်နာယ က ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြော ကြားသည်။
ဆက်လက်၍ ၎င်းက ‘‘ညီ လာခံလုပ်မယ်ဆိုရင် ကျွန်တော် တို့ သုံးနှစ်အတွင်းမှာရှိတဲ့ အခြေ အနေတွေ ပြန်သုံးသပ်မှာပေါ့။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အ ကောင်အထည်ဖော်တဲ့ ဟာကို လည်း ပြန်သုံးသပ်မှာပေါ့။ မအောင်မြင်သေးတဲ့ဟာကို ဆက် လုပ်မယ်။ အောင်မြင်ပြီးသားကို ဘယ်နေရာမှားတယ်၊ ဘယ်နေရာ အားနည်းတယ်ဆိုတာ သုံးသပ် မယ်’’ဟု ဆိုသည်။
PNLO ကို ၂၀၀၉ တွင် ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌတာဝန်ကို ဗိုလ်မှူးကြီး ခွန်ဥက္ကာက တာဝန်ယူခဲ့ သည်။ ၂၀၁၃ တွင် ကျင်းပသည့် PNLO ပထမအကြိမ် ညီလာခံ တွင် ခွန်မြင့်ထွန်းက ဥက္ကဋ္ဌတာဝန် ယူခဲ့သည်။
အစိုးရနှင့် PNLO တို့သည် ၂၀၁၂ တွင် ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေး ဆောင်ရွက်ခဲ့ သည်။ ၂၀၁၅တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရာ၌လည်း PNLO အဖွဲ့ သည် အခြားတိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့နှင့်အတူ ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။
===================
251/End
၂၂ မေ ၂၀၁၇ - ၁၈:၅၂
News ID: 831249
ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် (PNLO) ၏ ဒုတိယအကြိမ် ညီလာခံကို ၂၀၁၇ အောက်တိုဘာအတွင်း ကျင်းပရန် ဆုံးဖြတ်ကြောင်း PNLO က မေလ ၂၀ ရက်၌ ထုတ် ပြန်သည်။