၂၆ မေ ၂၀၁၇ - ၁၆:၁၀
ငြိမ်းချမ်းရေးအတွက် တရုတ်၏ ကြားဝင်စေ့စပ်မှုကို များစွာမျှော်လင့်ထားကြောင်း TNLA ဒုဥက္ကဋ္ဌပြောကြား

ငြိမ်းချမ်းရေးအ တွက် တရုတ်နိုင်ငံ၏ကြားဝင်စေ့ စပ်မှုကို များစွာမျှော်လင့်ထား သည်ဟု ၂၁ ရာစုပင်လုံညီလာခံ သို့ အထူးဖိတ်ကြားသူအဖြစ် တက် ရောက်လာသည့်တအာင်းလက် နက်ကိုင်အဖွဲ့ (TNLA) ဒုဥက္ကဋ္ဌ တာဂျုတ်ဂျားက ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ငြိမ်းချမ်းရေးအ တွက် တရုတ်နိုင်ငံ၏ကြားဝင်စေ့ စပ်မှုကို များစွာမျှော်လင့်ထား သည်ဟု ၂၁ ရာစုပင်လုံညီလာခံ သို့ အထူးဖိတ်ကြားသူအဖြစ် တက် ရောက်လာသည့်တအာင်းလက် နက်ကိုင်အဖွဲ့ (TNLA) ဒုဥက္ကဋ္ဌ တာဂျုတ်ဂျားက ပြောကြားသည်။

TNLA အဖွဲ့သည် လတ်တ လောတွင် ရှမ်းပြည်နယ်မြောက် ပိုင်းဒေသများ၌ တပ်မတော်နှင့် တိုက်ပွဲများ မကြာခဏဖြစ်ပွားနေ သည့် အဖွဲ့အစည်းဖြစ်သည်။ ၂၁ ရာစုပင်လုံညီလာခံသို့ မူလက ဖိတ်ကြားမခံရသော်လည်း တ ရုတ်အစိုးရ၏ ကြားဝင်ညှိနှိုင်းပေး မှုကြောင့် တက်ရောက်လာသည့် အဖွဲ့ဖြစ်သည်။

‘‘ငြိမ်းချမ်းရေးလမ်းစကိုရ အောင်တော့ ကြိုးစားရမှာပေါ့။ အခုကလမ်းပွင့်သွားပြီ။ ဒါကို ဆက်လက်လုပ်ကိုင်ဖို့ပဲလိုတယ်။ အစိုးရဘက်ကလည်း သဘော ထားကြီးကြီးထားဖို့ပေါ့။ တရုတ် ရဲ့ ကြားဝင်စေ့စပ်မှုလည်းအများ ကြီး ကျွန်တော်တို့ မျှော်လင့်တာ ပေါ့။ ဒီညီလာခံကနေတစ်ဆင့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ တော့မျှော်လင့်ပါတယ်’’ ဟု တာ ဂျုတ်ဂျားက ပြောသည်။

TNLA အပါအဝင်မြောက် ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့ ၂၁ ရာစုပင်လုံသို့ပါဝင်လာခြင်းသည် တိုက်ပွဲများလျှော့ချရပ်တန့်ရေး နှင့်တွေ့ဆုံဆွေးနွေးမှုများ ဖြစ် ပေါ်လာရေး လမ်းစပွင့်စေသည် ဟု တာဂျုတ်ဂျားကပြောသည်။

လက်နက်ကိုင်ပဋိပက္ခချုပ် ငြိမ်းရေး တရုတ်နိုင်ငံ၏ အခန်း  ကဏ္ဍက အရေးကြီးသည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦး ဇော်ဌေးကပြောသည်။

‘‘ကျွန်တော်တို့ပထဝီနိုင်ငံ ရေးအရ ကြိုက်သည်ဖြစ်စေ၊ မ ကြိုက်သည်ဖြစ်စေ အိမ်နီးချင်းကို လဲလှယ်လို့မရပါဘူး။ လဲလှယ် လို့မရတဲ့အပေါ်မှာ ကျွန်တော်တို့ နိုင်ငံရဲ့ အကျိုးစီးပွားပေါ့နော်။ National Interest ကိုဘယ်လိုမြှင့် တင်မလဲဆိုတဲ့ အချက်တော့ အဓိ ကဖြစ်ပါတယ်။ နောက်တစ်ချက် က တရုတ်နဲ့ကျွန်တော်တို့သည် အစဉ်အလာအရ အိမ်နီးချင်းမ ဟာမိတ်နိုင်ငံတွေဖြစ်ပါတယ်။ နောက်ဆုံးဘက်စုံမဟာဗျူဟာပူး ပေါင်းဆောင် ရွက်ရေးလက်မှတ် ရေးထိုးထားတာဖြစ်ပါတယ်။ အဲဒီ တော့ ကမ္ဘာ့အခင်းအကျင်းပေါ့ ဗျာ။ နောက်ဆုံး နိုင်ငံတကာအစီအစဉ် ဒီအနေအထားတွေကို ကြည့် လိုက်ပါ။ တရုတ်နိုင်ငံရဲ့ အခန်း ကဏ္ဍ ကနိုင်ငံ တကာမှာလည်းအ ရေးပါတဲ့ ကဏ္ဍမှာရှိပါတယ်။ အလားတူ အာဆီယံမှာလည်းအ ရေးပါတဲ့ အခန်းကဏ္ဍရှိသလို မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ် စဉ် မှာလည်း အရေးပါတဲ့အခန်း ကဏ္ဍရှိပါတယ်’’ ဟု ဦးဇော်ဌေး ကပြောသည်။

ငြိမ်းချမ်းရေးအပါအဝင်မိမိ ၏    နိုင်ငံ့အရေးအတွက်  ပြည် ထောင်စုသားအချင်းချင်း ညီညွတ်ရန်လိုသည်ဟု ၈၈ မျိုးဆက်ငြိမ်း ချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်းခေါင်းဆောင်ဦးမင်းကိုနိုင် က  ပြော သည်။ ၎င်းသည်အစိုးရက ဖိတ်ကြား၍ ၂၁ရာစုပင်လုံညီ လာခံသို့ ညီလာခံကိုယ်စားလှယ် အဖြစ် တက်ရောက်နေခြင်းဖြစ် သည်။‘‘ကမ္ဘာကြီးအပေါ်မှာ သြဇာ အတန်အသင့်ရှိကြတဲ့ သူတွေဟာ သူတို့ရဲ့ သြဇာကို ဖြန့်ကြက်လွှမ်း မိုးဖို့ ကြိုးစားကြမှာပဲ။ ကျွန်တော် ပြောချင်တာက အိမ်နီးချင်းဖြစ် စေ၊ အင်အားကြီးနိုင်ငံတွေဖြစ်စေ သူတို့ပါဝင်လာမယ်၊ ပတ်သက်လာမယ်၊ သြဇာလွှမ်းမိုးလာမယ်ဆိုရင် မည်သူမဆိုကျွန်တော်တို့ ဟောဒီပြည်ထောင်စုထဲက လူ တွေညီစမ်းပါဗျ။ ဘယ်သူ့ကိုမှ ကျွန်တော်တို့ ဒူးထောက်ခစားစ ရာမလိုသလို၊ မျက်နှာငယ်စရာ လည်းမလိုဘူး။ ကျွန်တော်တို့ အ ချင်းချင်း ညီဖို့ပဲလိုတယ်’’ ဟု ဦးမင်း ကိုနိုင်က ပြောသည်။

===================
251/End