အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ယခုနှစ်တွင် မီးရှို့ဖျက် ဆီးမည့် မူးယစ်ဆေးဝါးပမာဏ များပြားနိုင်၍ ယင်းမူးယစ်ဆေး များ သိမ်းဆည်းမည့်နေရာကို လျှို့ဝှက်ထားကာ လုံခြုံရေးအထူး ကြပ်မတ်ထားမည်ဖြစ်ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
မြန်မာနိုင်ငံတွင် ၂၀၁၆-၂၀၁၇ အတွင်း ဖမ်းမိသည့် မူး ယစ်ဆေးဝါးမှုများအနက် တရား ရုံးအမိန့်ချမှတ်ပြီးသောအမှုများ မှ မူးယစ်ဆေးဝါးများကို ဇွန်လ ၂၆ ရက်တွင် မီးရှို့ဖျက်ဆီးမည် ဖြစ်ပြီး ယခုနှစ်သည် ယခင်နှစ်များ ထက် ဖျက်ဆီးမည့် မူးယစ်ဆေး ၀ါးပမာဏများပြားနိုင်ကြောင်း အမည်မဖော်လိုသည့် ရဲတပ်ဖွဲ့ သတင်းရင်းမြစ်များက ဆိုသည်။
ဇွန်လ ၂၆ ရက်သည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဖြစ်သည်။
ယခုနှစ်တွင် မူးယစ်ဆေးဝါး များကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့၌ မီးရှို့ဖျက်ဆီးမည် ဖြစ်ပြီး ရန်ကုန်မြို့တွင် ပမာဏ အများဆုံးဖြစ်သည်။ ယခင်နှစ် များက မူးယစ်ဆေးဝါးများကို ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ရှိ ရဲတပ်ရင်း (၉)တွင် သိမ်းဆည်း ကာ ယင်းနေရာတွင် မီးရှို့ခြင်း ဖြစ်ပြီး ယခုနှစ်တွင် နေရာပြောင်း ရွှေ့သိမ်းဆည်းမည်ဖြစ်ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့နှင့် ရန်ကုန်တိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။ သိမ်းဆည်းမည့်နေရာကို လုံခြုံရေးအခြေအနေအရ အသိ မပေးလိုကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ မီးရှို့မည့်နေရာ အ ပြောင်းအလဲမရှိဘဲ ရဲတပ်ရင်း(၉) မြေနေရာတွင် ပြုလုပ်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
၂၀၁၆ အတွင်း မူးယစ်ဆေး ၀ါးဖမ်းဆီးရမိမှုသည် လွန်ခဲ့သော နှစ်များကထက် ပိုခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေး ၀ါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ ဒီချုပ်အစိုးရ စ တင်တာဝန်ယူချိန်မှ တစ်နှစ်အ တွင်း မူးယစ်ဆေးဖမ်းဆီးရမိမှု သည် ၂၀၁၅ တစ်နှစ်လုံးထက် အ မှုနှစ်ထောင့်ခုနစ်ရာကျော် ပိုခဲ့သည်။
၂၀၁၅ တစ်နှစ်တာတွင် မူးယစ်ဆေးမှု ခြောက်ထောင်ကျော်ဖမ်းမိခဲ့ပြီး အစိုးရသစ် တစ်နှစ်တာကာလတွင် ၂၀၁၆ ဧပြီ ၁ ရက်မှ ၂၀၁၇ မတ် လ ၂၃ ရက်အ ထိ မူးယစ်ဆေးမှု ကိုးထောင်ကျော်ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်ဟု နေပြည်တော်မှ တရားဝင်စာရင်းဇယားရရှိသည်။
အစိုးရသစ် လက်ထက်၌ ရန်ကုန်တိုင်းဒေသကြီးတွင် ဒဂုံစစ်ဆင်ရေး၊ မန္တလေးတိုင်းဒေသကြီးတွင် ရတနာပုံစစ်ဆင်ရေးနှင့် ရခိုင်ပြည်နယ်တွင် မေယုစစ်ဆင်ရေးဖြင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။
===================
251/End
ယခုနှစ် မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးပမာဏများပြားနိုင်၍ သိမ်းဆည်းနေရာ လျှို့ဝှက်ထားကာ လုံခြုံရေးအထူးကြပ်မတ်မည်ဟုဆို
၄ ဇွန် ၂၀၁၇ - ၁၇:၅၇
News ID: 834201
ယခုနှစ်တွင် မီးရှို့ဖျက် ဆီးမည့် မူးယစ်ဆေးဝါးပမာဏ များပြားနိုင်၍ ယင်းမူးယစ်ဆေး များ သိမ်းဆည်းမည့်နေရာကို လျှို့ဝှက်ထားကာ လုံခြုံရေးအထူး ကြပ်မတ်ထားမည်ဖြစ်ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။