အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်၊ ဇွန်လ ၇ ။ ။ မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ရေပူစခန်းဂိတ်မှ လေးမိုင်ခန့်အကွာရှိ ပန်ဖက်ရွာအနီးတွင် ထွက်ပြေးသည့် လိုင်စင်မဲ့ အိမ်စီးကားနှစ်စီးပေါ်မှ တရားမဝင်သယ်ဆောင်လာသည့် ကျောက်စိမ်းအတုံးပေါင်း ၃၂၉ တုံးအား ဖမ်းဆီးရမိခဲ့ကြောင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့ တာဝန်ခံ၊ အကောက် ခွန်ဦးစီးဌာနရုံးချုပ် ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က မဇ္ဈိမသို့ ပြောသည်။
ကျောက်စိမ်းများ တရားမဝင်သယ်ဆောင်လာသည့် ကားများအား ဇွန်လ ၇ ရက်၊ နံနက် ၄ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကားများအား သတင်းအရစောင့်ဆိုင်းနေသည်မှာ နှစ်ရက်ခန့်ရှိပြီဟု ၎င်းက ပြောသည်။
“ကျောက်စိမ်းတင်လာတဲ့ကားတွေလာမယ်ဆိုလို့ သတင်းအရစောင့်နေတာ နှစ်ရက်ရှိပြီ။ မနေ့ညက သူတို့ ဒီဘက်တောင်ကိုကျော်လာပြီဆိုတော့ ကိုယ်တို့က ဒီဖက် ပန်ဖက်ရွာအကျော်က သွားစောင့်နေတာ။ ကိုယ်တို့ ယာဉ်စစ်ကားနှစ်စီးနဲ့သွားတော့ အဲ့ဒီကားက ဝင်လာတယ်။ ကိုယ်တို့တားတော့ မရပ်ဘဲနဲ့ မောင်းပြေးသွားတယ်။ ဒါပေမယ့် ရေပူဂိတ်ရောက်တော့ ကားကြီးတွေရော၊ လုံခြုံရေးတွေရော၊ လူတွေရော ပိတ်ဖမ်းပြီး စစ်တော့ ကျောက်စိမ်းတွေမိတာပဲ”ဟု ဦးတက်ထွန်းအောင်က ပြောသည်။
အဆိုပါ ဖမ်းဆီးရမိခဲ့သည့် ကျောက်စိမ်းများနှင့် လိုင်စင်မဲ့အိမ်စီးကားနှစ်စီးကို လားရှိုးမြို့နယ် အကောက်ခွန် ဦး စီးဌာနရုံးသို့ လွဲပြောင်းပေးလိုက်ပြီး ကားသမားနှစ်ဦးကို သိန္တွီမြို့မရဲစခန်းသို့ လွှဲပြောင်းလိုက်ပေးလိုက်ပြီ ဖြစ် ကြောင်းသိရသည်။
အဆိုပါ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းဂိတ်မှ နေ့စဉ် ကုန်တင်ကားပေါင်း ၅ဝဝဝ မှ ၆ဝဝဝထိ ဖြတ်သန်းသွား လာနေပြီး ဖြတ်သန်းနေသောကားများမှ တရားမဝင်သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများ၊ မှောင်ခို ကျောက်စိမ်းများနှင့် သစ်များ၊ အရည်အသွေးမမှီသည့် စားသောက်ကုန်များ၊ အခွန်မဲ့စားသောက်ကုန်စည်များ နှင့် အသုံးအဆောင်ပစ္စည်းများကို ဇန်နဝါလ ၁၆ ရက်မှ စတင်ကာ ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်းမှ ပူးပေါင်း စစ်ဆေးရေးအဖွဲ့ ၁၂ ဖွဲ့ဖြင့် စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်သည်။
===================
251/End
၇ ဇွန် ၂၀၁၇ - ၁၅:၅၈
News ID: 834963