၁၄ ဇွန် ၂၀၁၇ - ၁၆:၁၃
အာရှဖွံ့ဖြိုးမှုဘဏ် ချေးငွေဖြင့် အလယ်တန်းသင်ရိုးညွှန်းတမ်းသစ် ရေးဆွဲမည်

အာရှဖွံ့ဖြိုးမှုဘဏ်(ADB)၏ ချေးငွေဖြင့် အခြေခံပညာအလယ်တန်း သင်ရိုးသစ်များ ရေးဆွဲမည်ဖြစ်ကြောင်း ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီး ဌာန၊ သင်ရိုးဌာနညွှန်ကြားရေးမှူး ဒေါက်တာ ဇော်လတ်ထွန်းက ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အာရှဖွံ့ဖြိုးမှုဘဏ်(ADB)၏ ချေးငွေဖြင့် အခြေခံပညာအလယ်တန်း သင်ရိုးသစ်များ ရေးဆွဲမည်ဖြစ်ကြောင်း ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီး ဌာန၊ သင်ရိုးဌာနညွှန်ကြားရေးမှူး ဒေါက်တာ ဇော်လတ်ထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပညာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် အခြေခံအဆောက်အအုံများဖွံ့ဖြိုး ရေးအတွက် ADB က ကန်ဒေါ် လာ ၁ ဒသမ ၇၅ ဘီလီယံခန့် ချေးငွေထုတ်ပေးမည်ဖြစ်ပြီး ယင်းချေးငွေထဲမှ အလယ်တန်းသင်ရိုးသစ်များ ရေးဆွဲမည်ဖြစ်သည်။

‘‘မူလတန်း သင်ရိုးသစ်အ တွက် JICA က နည်းပညာပိုင်း ပံ့ပိုးပေးတယ်။ လောလောဆယ် အလယ်တန်းအတွက်ကတော့ ADBအာရှဖွံ့ဖြိုးမှုဘဏ်က ချေးငွေနဲ့ ပံ့ပိုးပေးမှာပါ’’ဟု ဒေါက်တာဇော်လတ်ထွန်းက ပြောသည်။

အခြေခံပညာရေးကို သူငယ်တန်း+ မူလတန်း ငါးနှစ်၊ အလယ်တန်း လေးနှစ်၊ အထက်တန်းသုံး နှစ်စနစ်အဖြစ် ၂၀၁၆-၂၀၁၇ပညာသင်နှစ်က စတင်ပြောင်းလဲခဲ့ပြီး ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တွင် သူငယ်တန်း၊၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ပထမတန်းသင်ရိုးညွှန်းတမ်းအသစ်များဖြင့်အခြေခံပညာကျောင်းများ၌ စ တင်သင်ကြားနေသည်။

လက်ရှိတွင် ဒုတိယတန်းသင်ရိုးညွှန်းတမ်းအသစ်များကိုဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)နှင့် အခြေခံပညာသင်ရိုးညွှန်းတမ်း ကော်မတီတို့ ပူးပေါင်းရေးဆွဲ လျက်ရှိကြောင်း သိရသည်။

အခြေခံပညာသင်ရိုးညွှန်းတမ်းအသစ်များကို ၂၁ ရာစုကျွမ်းကျင်မှုများ၊ ပေါင်းသင်းဆက်ဆံ ရေး၊ ဉာဏ်ရည်ဉာဏ်သွေး၊ တစ်ကိုယ်ရေဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင် ရရှိမှုဆိုင်ရာ ကျွမ်းကျင်မှုများနှင့် အဆင့်မြင့် စဉ်းစားတွေးခေါ်မှုဆိုင်ရာ ကျွမ်းကျင်မှုများ ဖွံ့ဖြိုးလာစေရန် သင်ကြားမှုနယ်ပယ် များ ထည့်သွင်းရေးဆွဲမည်ဟု ဆို သည်။

=====================
251/ End