အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပြည်သူများ တစ်ဦးအပေါ်တစ်ဦး မေတ္တာထားပြီး အား လုံးစိတ်ချမ်းသာအောင် လုပ်ဆောင်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ (၇၂)နှစ်မြောက် မွေးနေ့တွင် အမှတ် တရစကား ပြောကြားသည်။
ဇွန်လ ၁၉ ရက်တွင် ကျ ရောက်သည့် ဒေါ်အောင်ဆန်းစု ကြည်၏ မွေးနေ့ကို နေပြည်တော် လွှတ်တော်ဝင်းရှိ I-12 ဆောင်၌ကျင်းပရာ နိုင်ငံတော်သမ္မတ၏ ဇနီး ဒေါ်စုစုလွင်၊ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့ အပါအ၀င်သက် ဆိုင်ရာ တာဝန်ရှိသူများ၊ လွှတ်တော်ဝန်ထမ်းများ တက်ရောက်ခဲ့ သည်။
ပြည်သူများကို မွေးနေ့အ မှတ်တရစကား ပြောကြားပေးရန် မီဒီယာများက မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က ‘‘အား လုံးကတစ်ယောက်အပေါ် တစ် ယောက် မေတ္တာထားပြီးတော့ စိတ်ချမ်းသာအောင် လုပ်ကြပါလို့ ခပ်တိုတိုပဲပြောချင်တယ်။ နောက် ဆုံးကျတော့ လူတိုင်း စိတ်ချမ်း ချမ်းသာသာနေချင်ကြတာပဲ။ အဲ ဒီတော့ ကိုယ်စိတ်ချမ်းသာချင် သလို သူများတွေ စိတ်ချမ်းသာ အောင်လည်း ၀ိုင်းပြီးတော့ လုပ် ကြပေါ့။ မီဒီယာတွေအပါအ၀င်။ အားလုံးကျန်းမာ၊ ချမ်းသာကြပါ စေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြ ပါစေ’’ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်တော်ဝန်ထမ်းများက ပန်းများ လက်ဆောင်ပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည်က ၀န်ထမ်းများနှင့်အတူ အမှတ်တရ ဓာတ်ပုံရိုက်ခြင်း၊ မွေးနေ့ကိတ်ကို ကိုယ်တိုင်လှီး၍ လွှတ်တော်သန့်ရှင်းရေးဝန်ထမ်းများ အပါအ၀င် ၀န်ထမ်းများအား ပေးဝေခြင်း၊ မွေးနေ့အခမ်းအနားသို့ လာရောက်သူများကို ထမင်းဘူးများပေးဝေခြင်း တို့ ပြုလုပ်ခဲ့သည်။
သတင်းထောက်များကို မတွေ့တာကြာပြီဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က နှုတ် ဆက်စကားဆိုပြီး လိမ်လိမ်မာမာ ရှိကြရဲ့လားဟု မေးမြန်းခဲ့သည်။
‘‘အစ်မ သက်တော်ရာကျော် ရှည်ပြီးတော့ ကျန်းကျန်းမာမာနဲ့ ကျွန်မတို့ တိုင်းကျိုးပြည်ကျိုးအ တွက် ဆတက်ထမ်းပိုး ထပ်ပြီး တော့ ဆတက်ထမ်းပိုးတောင် မပြောချင်ပါဘူး။ အစ်မအစွမ်း ကုန်လုပ်နေတယ်။ အားလုံးဒါတွေ အောင်မြင်ပါစေလို့ပဲ ကျွန်မဆန္ဒ ပြုပါတယ်၊ ဆုတောင်းပါတယ်။ ကျွန်မ နေ့စဉ်ဆုတောင်းတာပါ’’ ဟု နိုင်ငံတော်သမ္မတ၏ ဇနီးဒေါ်စုစုလွင်က ဆုတောင်းစကားပြော ကြားသည်။
ဒေါ်အောင်ဆန်းစုကြည်အ သက်ရာကျော်ရှည်ပြီး တိုင်းပြည် နှင့် လူမျိုးအတွက် ပိုမိုကြိုးစား ဆောင်ရွက်နိုင်ပါစေဟု ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် ဆုတောင်းစကား ဆိုသည်။
‘‘ပြည်တွင်းငြိမ်းချမ်းရေးကို လည်း လျင်မြန်စွာအောင်မြင်မှု ရရှိအောင် စွမ်းစွမ်းတမံ ကြိုးပမ်း ဆောင်ရွက်နိုင်ပါစေ’’ဟု ၎င်းက ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌသူရဦးရွှေမန်း လည်း ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အခမ်းအနားသို့ တက် ရောက်ခဲ့သည်။
ထို့အပြင် လွှတ်တော်အစီအ စဉ်များ အပြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အခမ်းအနားကျင်းပရာ I-12 ဆောင်သို့ လာရောက်ခဲ့သည်။
NLD အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ၎င်းတို့၏ တစ်နေ့တာ နေ့တွက်စရိတ်ကို ငြိမ်းချမ်းရေး လုပ်ငန်းများတွင်သုံးနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အား မွေးနေ့လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။
=====================
251/ End
ပြည်သူများ တစ်ဦးအပေါ်တစ်ဦး မေတ္တာထားပြီး အားလုံးစိတ်ချမ်းသာအောင် လုပ်ဆောင်ကြရန် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည် မှာကြား
၂၀ ဇွန် ၂၀၁၇ - ၁၉:၂၉
News ID: 837746
ဇွန် ၁၉ ရက်တွင်ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ (၇၂)နှစ်ပြည့် မွေးနေ့ကို နေပြည်တော် လွှတ်တော်ဝင်းရှိ I-12 ဆောင်၌ ကျင်းပနေစဉ်