အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသော ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီး Mr.Filippo Grandi ဦး ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သည် ဇူလိုင် ၃ ရက်က မောင် တောဒေသသို့ ရောက်ရှိပြီး တာ ၀န်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။
Mr.Filippo Grandi နှင့် အဖွဲ့သည် မောင်တောမြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတွင် တာဝန်ထမ်း ဆောင်နေသည့် ၀န်ထမ်းများနှင့် တွေ့ဆုံပြီး ခရိုင်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ် ရေးမှူးနှင့် တွေ့ဆုံခဲ့သည်။
ယင်းနောက် မောင်တောမြို့ ဘီအေဂျေ (အာရှ- ဂျပန်ပေါင်း ကူး)ရှိ အပ်ချုပ် သင်တန်းနှင့် Peaceful coexistence project ကို လေ့လာခဲ့ပြီး ညနေတွင် အ မှတ်(၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှု အဖွဲ့မှူးရုံး ကွပ်ကဲရေးမှူးနှင့် တွေ့ဆုံခဲ့ကြောင်း လုံခြုံရေး တာ ၀န်ယူထားသူများထံမှ သိရသည်။
မဟာမင်းကြီးသည် ဇူလိုင် ၄ ရက်တွင် မောင်တောမြို့ ကျီး ကန်းပြင်ကျေးရွာနှင့် ကြက်ရိုးပြင် ကျေးရွာများသို့ သွားရောက်မည် ဖြစ်ကြောင်း ခရီးစဉ်အစီအစဉ်၌ ရေးသားထားသည်။ အဆိုပါ ကျေးရွာများသည် ဘင်္ဂါလီကျေး ရွာများဖြစ်သည်။
ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ဦးဆောင် သောအဖွဲ့သည် ဇူလိုင် ၂ ရက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံကာ လက်ရှိဖြစ်ပေါ်နေ သော မောင်တောဒေသ အကြမ်း ဖက်မှုဖြစ်စဉ်များ၊ နိုင်ငံသားဖြစ်မှု ကိစ္စရပ်များအပါအ၀င် ဒေသဖွံ့ ဖြိုးရေးနှင့် မိုရာဆိုင်ကလုန်းမုန် တိုင်းနောက်ဆက်တွဲ ဆောင်ရွက် ချက်ကိစ္စရပ်များကို ဆွေးနွေးခဲ့ သည်။ ယင်းနောက် စစ်တွေ မြို့ရှိ ဒါးပိုင်ကျေးရွာမှ ဒုက္ခသည်စခန်းသို့ သွားရောက် လေ့လာခဲ့သည်။
=====================
251/ End
၄ ဇူလိုင် ၂၀၁၇ - ၁၆:၄၉
News ID: 840426
ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသော ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီး Mr.Filippo Grandi ဦး ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သည် ဇူလိုင် ၃ ရက်က မောင် တောဒေသသို့ ရောက်ရှိပြီး တာ ၀န်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။