မေး ။ ။ ဟဇရတ် ဖွာတေမာ(အ.စ) သခင်မကြီးသည် ပထမခလီဖွာ အားစိတ်ဆိုးသွား
ကြောင်း ၊နောက်သခင်မကြီး(အ.စ) အလ္လာဟ်အမိန့်တော်ခံသွားသည့်အချိန်အထိ အဆက်အသွယ် မပြုကြောင်း ဆိုသည်အချက်မှာ ၊မှန်ပါသလား၊ ဖြစ်နိုင်လျှင် စွန္နီ ကျမ်းကြီးဖြင့်
ဖော်ပြပေးပါ။
ဖြေ ။ အထက်ပါအချက်သည်မှန်ကန်ပါသည်။ စွန္နီညီနှောင်များ၏ ကျမ်းတော်မြတ် ကုရ်အာန်ပြီးနောက် အမှန်ကန်ဆုံး ကျမ်းအဖြင့် လက်ခံထားသည့် စဟီးဘုခါရီကျမ်းတွင် အထက်ပါအကြောင်းအရာ ကို လေ့လာနိုင်ပေသည်။
ကြည့် - စဟီးဘုခါရီကျမ်း အတွဲ ၄ ၊စာမျက်နှာ ၄၂ ၊ဗာဗ်ပေ ခွမ်းစ်(ခွမ်းစ်အခန်း) ၊ပုံနှိပ်လက်ဘနွန်
မေး ။ ။စူရဟ် အလ်ဟမ် ဖတ်ပြီးနောက် ((အာမီး(န))) ဖတ်ရမည်လော
ဖြေ။ ။ ရှီအာ အေမာမ် မီယာ ၏ ရှရီအီအမြင်အရ မဖတ်ရချေ။အကြောင်းသည်ကား -
မိုဟမ္မဒ် ဟလ်ဘီ မှ အေမာမ်ဂျအ်ဖရ်ဒစ်က်(အ.စ) အားမေးမြန်းသည်မှာ - ((စူရဟ် အလ်ဟမ် ဖတ်ပြီးနောက် ((အာမီး(န))) ဖတ်ရမည်နည်း ။ အေမာမ်(အ.စ) အနေဖြင့် အဖြေပေး တော်မူသည်ကား - မဖတ်ရချေ။))
ကြည့် - ဝစာအေလွရှ်ရှီအာ ကျမ်း အတွဲ ၄၊အခန်း ၁၇ ၏ ဟဒီးစ်တော် ၃
စီမာယေ အကာယေဒ် ရှီအာ ၊စာမျက်နှာ ၄၁၅
မေး ။ ။ စလာမ် …
ကျေးဇူးပြုပြီးအဖြေပေးပါခင်ဗျာ ။ ကျွန်တော်တို့ မြန်မာပြည်ရှိ နေရာတစ်ရာတွင် မောင်လာနာ တစ်ချို့ ရှိနေပါသည်။ သို့သော် ဂျိုမာနမာဇ်တွင် အလှည့်ကျ မောင်လာနာ တစ်ယောက် တည်းသာ ဖတ်ပေးပါသည်။ ယေဘုယျ အားဖြင့် ကျန်မောင်လာနာများ မလာကြချေ။ ဟဇရတ်အာလီ (လူကြီးမင်း) ၏ အမြင် မောင်လာနာ များ၏ဤလုပ်ရပ်(မလာခြင်း) သည်၊မှန်ကန်ပါသလား? ၊သို့မဟုတ် မှားနေပါသလား ?
ဖြေ ။ ။ မောင်လာနာများ၊ သာသနာပြုများအနေဖြင့် ကွဲလွဲမှု ကို ဖြစ်စေသည့်အရာများ၊ လူထု ကိုအထင်မှားစေမည့်(ယုန်ထင်ကြောင်ထင်၊ဖြစ်စေသည့်)လုပ်ရပ်များကိုရှောင်ရန်အသင့်လျှော်ဆုံး ပင်တည်း ။
ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး
မှတ်ချက် ။ ။ ဖွာရစီဘာသာဖြင့် လိုအပ်သူများထံမေးလ်ဖြင့်ပို့ပေးနိုင်ပါသည်။
မိမိမေးလ်၊အမည် ၊နေရပ်လိပ်စာ၊မြို့၊ဆက်သွယ်နိုင်သည့်ဖုန်း ၊သာ ဖော်ပြဖို့လို
အပ်ပေးသည်။
မေး ။ ။စူရဟ် အလ်ဟမ် ဖတ်ပြီးနောက် ((အာမီး(န))) ဖတ်ရမည်လော
ဖြေ။ ။ ရှီအာ အေမာမ် မီယာ ၏ ရှရီအီအမြင်အရ မဖတ်ရချေ။အကြောင်းသည်ကား -
မိုဟမ္မဒ် ဟလ်ဘီ မှ အေမာမ်ဂျအ်ဖရ်ဒစ်က်(အ.စ) အားမေးမြန်းသည်မှာ - ((စူရဟ် အလ်ဟမ် ဖတ်ပြီးနောက် ((အာမီး(န))) ဖတ်ရမည်နည်း ။ အေမာမ်(အ.စ) အနေဖြင့် အဖြေပေး တော်မူသည်ကား - မဖတ်ရချေ။))
ကြည့် - ဝစာအေလွရှ်ရှီအာ ကျမ်း အတွဲ ၄၊အခန်း ၁၇ ၏ ဟဒီးစ်တော် ၃
စီမာယေ အကာယေဒ် ရှီအာ ၊စာမျက်နှာ ၄၁၅
မေး ။ ။ မိမိဇနီးသည် ၏ ကျင်ကြီးသွားသည့်နေရာ ကို ဆက်ယှက် ခြင်းသည် ပြဿနာ ရှိပါသလား?
ဖြေ ။ ။ အကယ်၍ မိမိဇနီးသည် ကိုယ်တိုင် သဘောတူပါက မက်ရူးအရမ်းဖြစ်ပြီး၊ သဘောမတူ ပါက ဟရမ် ဖြစ်ပေသည်။
ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး
မေး ။ ။ မဖာသီဟိုဂျေနန် တွင် နေ့တိုင်း၏ အချိန်တိုင်းအတွက်ဒိုအာ ၊ တစ်နှစ်လုံး၏ ရက်တိုင်းအတွက်ဒိုအာလာရှိရာ၊အချိန်ပြည့်ဒိုအာဖတ်နေရမည့်ဆိုသည်သဘောဆောင်ပါသလား ?
ဖြေ။ ။ မဆောင်ချေ။ သာဓက အားဖြင့် ၂၄ နာရီ လမ်းမပေါ်တွင် ပြေး ဆွဲနေသည့်တိုက်စီကား များ နှင့်တူပေသည်။ ၂၄ ပြေးဆွဲနေသဖြင့် အချိန်ပြည့် ငှားစီးရန် မဟုတ်ဘဲ ၊မိမိ အတွက်လို အပ်ချိန် မှ ငှားစီးရန် ဖြစ်ပေသည်။ ထိုနည်းတူစွာ အချိန် ပြည့် ဒိုအာများ ဖတ်နေရန် မဟုတ်ဘဲ မိမိ အတွက် သင့်လျော်၊ လို အပ် ချိန်တွင် အစဉ် သင့် ဖတ်နိုင်ရန် ဖြစ်ပေသည်။
မေး။ ။ စလာမ် …
အင်တာနက်မှ တဆင့် နောင်ဟာခွေများ ၊ဘာသာရေးရုပ်ရှင်များကိုကော်ပီလုပ်(ဒေါင်လုတ်)ပြီး
ရောင်းပိုင်ခွင့်ရှိပါသလား
ဖြေ။ ။ ထုတ်လုပ်သည့်မူရင်းဌာန မှ သဘောမတူပါက မပိုင်ချေ။(ရောင်းလို့မရချေ။ )
ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး
မေး ။ ။ အမေအနေဖြင့် မိမိသား ကို - မင်း ၊မင်း မိန်းမကို သလာက်မပေးရင် အမေကို စိတ်မချမ်းသာ အောင်လုပ် သူ စာရင်းဝင်ပေမည်ဟု အမိန့်ပေးမည်။ အမှန်တွင် အမေသည် မိမိချွေးမနှင့် အဆင်မပြေချေ။ သို့ဖြစ်ပါ၍ အမေ အမိန့်ကို နာခံရန် ဝါဂျစ်ဗ် ဖြစ်ပါသလား
ဖြေ ။ ။ ဤနေရာတွင် မိမိ မိခင်၏ အမိန့်ကို နာ ခံရန် ဝါဂျစ်ဗ် မဟုတ်ချေ။ စိတ်မချမ်းသာ အောင်ထားသူ စာရင်းဝင်ပေမည်ဟုဆိုသည် စကားသည်လည်း အာနိသင် မရှိပေ။ သို့သော်မိခင်အား စကားလုံး ရိုင်းများ မသုံးမိဖို့ မလွဲမသွေ လိုပေသည်။
ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်အွဇ်မာဆရက်အလီ စစ်သာနီ ရုံး
မေး ။ ။ စလာမ်
၇၈၆ လို့ ဘာဖြစ်လို့ ဆိုင်တွေမှာရေးထားပါလဲ။ အဲဒီအဓိပါယ်ကိုသိပါရစေ။
အဖြေ ။ ။ ဗဟ်မင်လ်လ္လာဟ် ဟေရဟ်မာနေရဟီးမ် ကို အဗ်ဂျဒ် ထုတ်လုပ်လျှင် ၇၈၆ ရပါတယ်။
ဒါကြောင့် ဗဟ်မင်လ်လ္လာဟ် ဟေရဟ်မာနေရဟီးမ် မရေးတော့ဘဲ ၇၈၆ လို့ရေးကြခြင်းဖြစ်ပါသည်။
ဗဟ်မင်လ်လ္လာဟ် ဟေရဟ်မာနေရဟီးမ် ၇၈၆ ဖြစ်လာပုံ
بسم الله الرحمن الرحیم
ب + س + م = 102
ا+ل+ل+ه = 66
ا + ل + ر +ح + م +ن =329
ا + ل + ر+ ح + ی + م = 289
စုစုပေါင်း = ၇၈၆
မေး ။ ။ စလာမ် …
သုံးဖို့ ငွေပေးသည် ကြားကပင် သားအနေ ဖြင့် အဖေမသိအောင် အိတ်ကပ်ထဲမှ ငွေ ယူခြင်းသည် ဟရမ် ဖြစ် ပါသလား
ဖြေ ။ ။ ဟရမ် ဖြစ်ပေသည် ။
ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်အွဇ်မာဆရက်အလီ စစ်သာနီ ရုံး
မေး ။ ။ သားကောင်ဇေဗာလုပ်ရာ တွင် ဗစ်မေလ္လာဟ် ဘဲ ပြောလျှင် လုံလောက်ပါသလား၊ ဗစ်မေလ္လာဟ် အား အာရဘီ မပြောဘဲ အခြားဘာသာဖြင့်ပြောလျှင် ပိုင်ပါသလား
ဖြေ။ ။ လုံလောက်ပါတယ်၊ပိုင်ပါတယ်။
ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်အွဇ်မာဆရက်အလီ စစ်သာနီ ရုံး
မေး။ ။ သားကောင်ဇေဗာလုပ်ရာ တွင် ယောက်ကျားဘဲ လုပ်လို့ ရသည်ဆိုသည်မှာ ဟုတ်ပါသလား
ဖြေ ။ ။ မဟုတ်ပါ။
ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်အွဇ်မာဆရက်အလီ စစ်သာနီ ရုံး
၂၀၀။အမေး။။ကျွန်တော်ကွန်ပျူတာတစ်လုံးအသစ်ဝယ်ထားပါသည်။ကျွန်တော်သူငယ်ချင်းနှင့် ခင်မင်နဲ့သူများအတွက် ငွေယူပြီး မကောင်းသည့် ကားများ ကော်ပီကူးပေးမည်ဆိုလျှင် လုပ်ပိုင်ခွင့်ရှိပါသလား
ဖြေ ။ ။ မပိုင်ချေ။
ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်အွဇ်မာဆရက်အလီ စစ်သာနီ ရုံး
၁၉၉ ။ မေး ။ ။ cd မူရင်းပိုင်ရှင် ၏ခွင့်ပြုချက်မရှိဘဲ ဖြန့်ဝေ ခွင့်ရှိပါသလား
ဖြေ။ ။ ဥပဒေက ခွင့်မပေးထားပါက ခွင့် မရှိချေ။ ဖြန့်ခွင့်မရှိပေ။
ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်အွဇ်မာဆရက်အလီ စစ်သာနီ ရုံး
မေး ။ ။ စလာမ် မို အလိုင်ကွမ်း
စာအုပ်များ (သို့) ဆောင်းပါးများ(သို့) စာများတွင် တမန်တော်မြတ်ကြီးမိုဟမ္မဒ် အမည် နောက် ဆွလ်လ္လာဟ်ဟိုအလိုင်ဟေဝါအာလေဟီဝစလာမ် ဟုရေုးခြင်းနှင့် (ဆွ) ရေးခြင်းသည် စဝါဗ် အတူတူပင် ဖြစ်ပါ သနည်း
ထိုနည်းတူစွာ အဟ်လေ့ဘိုက် (အ.စ) နှင့် ဟဇရတ်အာဘာစ်(အ.စ)၊ဟဇရတ် ဇိုင်နပ်(အ.စ) ၊ဟဇရတ်သေမာမူမာ(အ.စ) စသည်တို့အားလည်းပဲ (အထက်ပါအတိုင်း (အ.စ) (သို့)အပြည့်ရေးခြင်း) သည် စဝါဗ် အတူတူပင် ဖြစ်ပါ သနည်း
ကျေးဇူးတင်လျက်
ဖြေ ။ ။ အပြည့် အစုံ ဆွလ်လ္လာဟ်ဟိုအလိုင်ဟေဝါအာလေဟီဝစလာမ် နှင့် အလိုင်ဟစ်စလာမ် ရေးခြင်းသည်ပိုမြင့်မြတ်ပြီး၊ ပိုကောင်းပေသည်။
ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး
မေး ။ ။ မိမိဇနီးသည်ဖြင့် ရှဗ်ဗေကဒ်ရ် ၊ မဟော်ရမ် ၉ ရက် ည၊ ရှဗ်ဗေ အာရှု ရာ တွင်
ကိုယ်လက်နှီးနှော လို့ ရပါသလား
ဖြေ ။ ။ ဖီနဖ်စေဟီ ၊အကြောင်းမဟုတ်ချေ။
ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်အွဇ်မာဆရက်အလီ စစ်သာနီ ရုံး
မေး ။ ။ ကျွန်မ အနေဖြင့် လက်ထပ်ရန် ရည်ရွယ်ထားသူတစ်ဦးရှိပါသည်။၎င်းသည် မွတ်စလင်တစ်ယောက်ဖြစ်သော်လည်း နမာဇ်မဖတ်ချေ။ ရှရီအတ်အရ ပြဿနာ ရှိပါသလား
ဖြေ။ ။ အကယ်၍ လမ်းလွဲ၊လမ်းမှားရောက်ဖို့ အန္တရာယ် ရှိပါက ၎င်းနှင့်လက်ထပ်ခွင့် မရှိချေ။
ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်အွဇ်မာဆရက်အလီ စစ်သာနီ ရုံး
မေး။ ။ နမာဇ် ဇီ မဟုတ်မှန်သိသူ နှင့် အသွားအလား လုပ်လို့ရပါ သလား၊ပေါင်းသင်း
ဆက်ဆံပိုင်ခွင့်ရှိပါသလား
ဖြေ။ ။ ရပါသည်။ သို့သော် မကောင်းမှု ကို တားမြစ်လျှင် လက်ခံမည်ဟု မျှော်လင့်ပါက(နမာဇ်မဖတ်ခြင်းကို) တားမြစ်ရန် အရေးကြီးပေသည်။
အကယ်၍ တားမြစ်လျှင် လက်ခံမည် မဟုတ် ဟု မျှော်လင့်ပါက၊ ဗေနာဗေအဟ် သေယာသ်ဝါဂျစ်ဗ် မနှစ်သက်ကြောင်း ပြသရန် လိုအပ်ပေသည်။
ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်အွဇ်မာဆရက်အလီ စစ်သာနီ ရုံး
မေး ။ ။ နမာဇ် ကို မဖတ် သူသည် ဘယ်အခြေအနေရောက်လျှင် ကာဖေရ်ဖြစ်သွား ပါသနည်း ၊နဂျစ်ကော် ဖြစ်ပါသလား
ဖြေ ။ ။ နမာဇ်တစ်ခုတည်း မဖတ်ယုံ ဖြစ် ကာဖေရ် မဖြစ်ချေ။ သို့သော် နမာဇ်မဖတ်ခြင်းသည် ဂိုနာယေ ကဗီ ဖြစ်ပေသည်။
ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်အွဇ်မာဆရက်အလီ စစ်သာနီ ရုံး
၁၉၃။ မေး။ ။ အူဆူလေကာဖီ ကျမ်း တွင် အေမာမ်ဂျဖရ်ဆွာဒစ်က် (အ.စ) ၏ ဟဒီးစ်တော်လာရှိသည်မှာ (( စာ အတွက် အဖြေပေးရန် ၊ စလာမ်ကို အဖြေပေးရန် ဝါဂျစ်ဗ် ဖြစ်သကဲ့ သို့ ပင် ဖြစ်ပေသည်။ )) ဟု ဖြစ်ပေသည်။ ဤ ဟဒီးစ်တော်အရစာ ပြန်ရန် ဝါဂျစ်ဗ် ဖြစ်ပါသလား
ဖြေ။ ။ အဟ်သေရာသ် အရ ဝါဂျစ်ဗ် ဖြစ်ပါသည်။
အေစ်သေဖ်သာအ် ၊ဟဇရတ် အာယာသွလ်လ္လာဟ် ခါမေနာအီ
မေး ။ ။ စလာမ်
တမန်တော် အီဆာ(အ.စ)သည် ဒီဇင်ဘာလ(၂၅)ရက်နေ့မှာမွေးဖွားခဲ့တယ်ဆိုတာ ဖြစ်ပါသလား
ဖြေ။ ။ တမန်တော်မြတ် ဟဇရတ် အီဆာ (အ.စ) ၏မွေးဖွားချိန်နှင့် နေရာနှင့် ပတ် သက်
ပြီး အကွဲအလွဲရှိပါသည်။ ထိုပြင် အတိအကျ မရှိရပေ။
ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး
မေး ။ ။ သူငယ်ချင်းများအကြား ၊ကြားဖူးပါသည်။ မုတ်ဆိတ် ကောင်းကောင်း ထွက်လာဖို့
တကြိမ်ပလိပ်ဓားဖြင့် ရိတ်နိုင်သည်ဟု ဆိုကြပေသည်။
ဤစကားသည်မှန်ကန် ပါသလား
ဖြေ။ ။ အကယ်၍ မျက်နှာပေါ်တွင် အမွေးများ မထွက် သေးပါကရိတ်နိုင်ပေသည်။ အကယ်၍ ပေါက်နေပါ ကဟိုနေရာပေါက်၊ဒီနေရာ
မပေါက် ဖြစ်နေမည် ၊အနည်းငယ်လေး ပေါက်နေပြီး ဆို လျှင်လည်း ဗေနာဗရ်အဟ်သရာသ် ရိတ် ပိုင်ခွင့် မရှိချေ။
အေစ်သေဖ်သာအ် ၊ဟဇရတ် အာယာသွလ်လ္လာဟ် ခါမေနာအီ
မေး။။မောင်ဖြူအမည်ရှိပုဂ္ဂိုလ်တစ်ယောက်သည်မောင်ဝါနှင့်ပတ်သက်ပြီး၎င်းတွင်တ ကယ် မရှိသည် မကောင်း မှုများကို လူအများဆီ အီးမေးလ်များဖြင့် ပို့မည်။ ၎င်းမောင်ဝါ ကို
အယုံအကြည်ပျက်အောင်လုပ်မည်။
ပြီးနောက် မောင်ဖြူ အနေဖြင့်မိမိ အမှား အတွက်မည်ကဲ့သို့ ဖြေပျောက်ရမည်နည်း
မောင်ဝါ၏ရပိုင်ခွင့် ကို အပြည့်အဝ ဆောက်ရွက်ပြီးသာလည်းဖြစ်ရန် မည်သို့ပြုရမည်နည်း
၎င်းမောင်ဝါနှင့် ပတ်သက်ပြီး အီးမေးလ် ပို့ထားသူများထံ ပြန်ပြီး မောင်ဝါသည်ဤကဲ့သို့မဟုတ် ကြောင်း ရှင်းချက် ပြန် ပို့ပေးရမည်လော …
ဖြေ ။ ။ မလွဲမသွေ ၎င်းမောင်ဝါနှင့် ပတ်သက်ပြီး အီးမေးလ် ပို့ထားသူများထံ ပြန်ပြီး မောင်ဝါသည်ဤကဲ့သို့မဟုတ် ကြောင်း ရှင်းချက် ပြန် ပို့ကို
ကို ပေးရမည်။ ထိုပြင်အစွပ်စွဲခံခဲ့ရသူ မောင်ဝါ၏ ကျေနပ်မှုကို ရယူရပေမည်။
အေစ်သေဖ်သာအ် ၊ဟဇရတ် အာယာသွလ်လ္လာဟ် ခါမေနာအီ
အထူးမှတ်ချက်။။သူတပါးကိုမဟုတ်မတရားစွပ်စွဲတတ်သူများ၊ပစ်စာပစ်သူများ...အထူးသတိပြု သင့်ပေသည်။
မေး ။ ။အစ္စလာမ်မိုအလိုင်ကွမ်း
တစ်ချို့ရှီအာများသည် နာမာဇ်ဖတ်အပြီး ညာဘက်နှင့်ဘယ်ဘက် သို့လှည့်၍စလာမ်ပေးကြပါသည်။ ဘာလို့ဆိုတာရှင်းပြပေးပါ။
ဖြေ ။ ။ဟဇရတ် အာယာသွလ်လ္လာဟ် ခါမေနာအီ ရုံး ၏ ဖြေဆိုချက်အရ နာမာဇ်တွင် စလာမ်ဖတ်အပြီး ညာဘက်နှင့်ဘယ်ဘက် သို့လှည်ခြင်းသည် ((မိုဗာ)) ဖြစ်ပေသည်။ စဝါဇ်လည်း မရ သလို၊ အပြစ်လည်း မရှိချေ။
မေး ။ ။ စလာမ်
ကျမ်းမြတ်ကုရ်အာန်ထဲမှာ အေမာမ်အလီ(အ.စ)ရဲ့နာမတော်ကိုဖေါ်ပြထားပါသလား..
ကျေးဇူးတင်စွာဖြင့်
ဖြေ။ ။ အမည် ကို မဖော်ပြထားပါဘူး ၊ဂုဏ်တော်တွေကိုတော့ ဖော်ပြထားပါတယ် ။
မောင်လာအလီ(အ.စ)အကြောင်း အောက်ဖော်ပြထားသည့် ဟဒီးစ်တော်သည်အရမ်းကို
လုံလောက်၊ခိုင်လုံနေပါပြီး။
((အလီ(အ.စ) သည် ကုရ်အာန် နှင့်အတူ ရှိပြီး ၊ ကုရ်အာန် သည် အလီ(အ.စ) နှင့်အတူရှိ၏))
တမန်တော်မြတ်ကြီး (ဆွ)
ကြည့် - မိုစ်သ၊သရာခ် အလာဆဟီးဟိုင်းကျမ်း အတွဲ (၃) စာမျက်နှာ ၁၂၄
ပိုပြီးအသေးစိတ်လေ့လာလိုရင်တော့လက်ရှိသာသနာပညာရှင်ကြီးတစ်ပါးဖြစ်သည့်(နဂျဟ် သာအီ)ရေးသားထားသည်စာအုပ်
لماذا ذکر اسم علی (ع) فی القرآن کثیراَ؟ ကို လေ့လာနိုင်ပါသည်။
ပြီးနောက် လက်ရှိ နိုက်ဗေ အေမာမ်တစ်ပါးဖြစ်သည် ဟဇရတ် အာယသာသွလ်လ္လာဟ် အလ်အွဇ်မာဆရက် ဆွာဒစ်က်ဟိုစိုင်းနီ ရှီရာဇီး
ရေးသာားထားသည် علی علیه السلام فی القرآن အတွဲ (၁ နှင့်၂) ကို လေ့လာ နိုင်ပေသည်။
လေးစားလျက်
မေး ။ ။ ဇနီးသည် အနေဖြင့် မိမိခင်ပွန်းသည်၏ ခွင့်ပြုချက် မရှိဘဲ စီးပွားရေး၊နိုင်ငံရေး ၊ လူမှုရေးလှုပ်ရှားမှု များအတွက် အိမ်အပြင်ထွက်လို့ ရပါသလား
ဖြေ ။ ။ မရချေ။ အကယ်၍ ဇနီးသည်အနေဖြင့် မိမိ နေကာအချိန် တွင် ဤလှုပ်ရှားမှုများအတွက် ထည့်ပြီးပြောထားမည်ဆိုလျှင်အကြောင်းမဟုတ်ချေ။
ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး
မေး ။ ။ နမာဇ်စေ ဂိုဖိုင်လာဖတ်ရာတွင် ၂ ရကတ် စလုံး၌ စူရဟ် (ဟမ်ဒ်) ဖတ်ပြီးနောက် ဖတ်ရန် ပြဆိုထားသည်အာယတ်တော်များကို မဖတ်မည် အရင် ဗစ်မေလ်လ္လာဟ်…ဖတ်ရန် လိုအပ် ပါသလား
ဖြေ ။ ။ မလိုအပ်ချေ။
ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး
မေး ။ ။ နမာဇ်စေ ဂိုဖိုင်လာ သည် နာဖေလေဟ် နမာဇ်စေ မဂ်ရေဗ် စာရင်းဝင်ပါသလား
ဖြေ။ ။ ပြဿနာမဟုတ်ချေ။နီယသ် နှစ်ခုလုံးအတွက် ((ကဇ်ဒ်ဒေရေဂျာ)) (အလ္လာဟ်ဟိုအရှင်မြတ် နှစ်သက်မှုအတွက်) နီယသ် ဖြင့် ဖတ်မည် ဆိုလျှင် နီယသ်
နှစ်ခုစလုံး၏ စဝါးဗ် ရရှိမည် ဟု မျှော်လင့် မိ ပါသည် ။
ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး
မေး ။ ။ မဟာတမန်တော်မြတ်ကြီး ဟဇရတ် မိုဟမ္မဒ် (ဆွ) သခင် သည် အဆိပ်ကြောင့် ဝဖားသ် ဖြစ်သွားတော်မူသည် မှာ မှန်ပါသလား ?
ဖြေ ။ ။ ဤ အကြောင်းနှင့် ပတ် သက်ပြီး အိုလမာ များ အကြား အဆိုများကွဲလွဲပေသည်။
သို့သော် ရှီအာ အိုလမာ အများစု နှင့် စွန္နီအိုလမာတို့သည် မဟာတမန်တော်မြတ်ကြီး ဟဇရတ် မိုဟမ္မဒ် (ဆွ) သခင် သည် အဆိပ်ကြောင့် ဝဖားသ် ဖြစ်သွားတော်မူသည် ဟုခံယူထားပေသည်။
သာဓက အားဖြင့် ရှီအာ အိုလမာများမှာ
ရှိက်ခ် မိုဖီးသ်(ရ.ဟ)
ရှိက်ခ် သူစီ(ရ.ဟ)
အလ္လာမာဟစ်လီ(ရ.ဟ)
ကြည့် - အလ်မက်နာအေကျမ်း စာမျက်နှာ ၄၅၆ ၊ သဲဟ်ဇီးဗိုလ်အဟ်ကာမ်ကျမ်း အတွဲ ၆
စာမျက်နှာ ၂ ၊သဟ်ရီရွလ် အဟ်ကာမ် ကျမ်း အတွဲ ၂ စာမျက်နှာ ၁၁၈
စွန္နီ အိုလမာများမှာ
ဂျနာဗေ ဟာကင်မ်မေနေရှာပူရီ
ဂျနာဗေ ဇဲဟ်ရီ
ဂျနာဗေ အဗ်နေကဆီး၊ဒမေရှ်ကီ
ကြည့် - မိုစ်သ၊သရာခ် အလာဆဟီးဟိုင်းကျမ်း အတွဲ (၃) စာမျက်နှာ ၆၁၊ သွာဗကာသ်သေဂို
ဗရာကျမ်း အတွဲ
မေး ။ ။ အဘယ်ကြောင့်ဒိုအာ ကဗူလ် မဖြစ်ရပါသနည်း
ဖြေ။ ။ လေယာဉ် သည် လေယာဉ်ဆီ ဖြင့်သာ မောင်းလို့ရပေသည်။ အကယ်၍ ရေထည့်မောင်းပါကာ မရချေ။ ထိုနည်းတူစွာ အကယ်၍ ဒိုအာတောင်းသူ၏ ဗိုက်အတွင်း
ဟရမ်(ထမင်းလုတ်)တွေရှိနေပါက ဒိုအာ ကဗူလ် ဖြစ်မည် မဟုတ်ချေ။
ဟွဂျသွလ်အစ္စလာမ် မော်စင်ကရာအတ်သီ
ထိုပြင်ဟဒီးစ်တော်၌ လာရှိသည်မှာ -
(မည်သူမဆို မိမိ၏ဒိုအာ ကဗူလ် ဖြစ်စေလိုပါက မိမိတို့၏ဝင်ငွေ နှင့် ထမင်းလုတ် ကို သန့်ရှင်း အောင်ထားပါလေ။(ဟရမ်၊သမာအာဇီဝ မကျတာမဖြစ်စေနှင့်)
ကြည့် - ဗေဟာကျမ်း အတွဲ (၇) စာမျက်နှာ ၃၇၃
မေး ။ ။ ဟေဂျပ် သည်(အစ္စလာမ်) သာသာ၏ အရေးကြီးသည် အပိုင်းဖြစ်ပါသလား?
အကယ်၍ (ဝတ်ဆင်ရန်) ဆန့်ကျင်မည်ဆိုပါက မည်ကဲ့ သို့ အမိန့် ရှိပါသနည်း?
ဖြေ။ ။ အမှန်တကယ် ဟေဂျပ် သည်(အစ္စလာမ်) သာသာ၏ အရေးကြီးသည် အပိုင်းဖြစ်ပါသည်။
အကယ်၍ (ဝတ်ဆင်ရန်) ဆန့်ကျင်မည်ဆိုပါက ဂိုနာ(အပြစ်)ထိုက်ပေသည်။
ဟဇရတ် အာယာသွလ်လ္လာဟ် ခါမေနာအီ
ကြည့် - မဆာအေလေဂျသီးဒ်ကျမ်းအတွဲ(၁)စာမျက်နှာ ၂၉
ပြုစုသူ။ဟွဂျသွလ်အစ္စလာမ်ဆရက်(သ)မော်အ်စင်မဟ်မူဒီး(ကွမ်း၊အီရန်)
မေး ။ ။ စလာမ်
အစ္စလာမ်မှာ အသက်အာမခံထားခွင့်ရှိပါသလား?
ဖြေ ။ ။ ရှိပါသည် ဤ အတွက်ကြောင့်အစ္စလာမ်မစ် အီရန်နိုင်ငံတွင် တရားဝင်بــيـمــه ခေါ် Insurance ရုံးများ
ရှိပါသည်။
ထိုပြင် ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီး
မှလည်း မိမိ၏ သောင်ဇီးလ်အွလ်မဆာအေလ်ကျမ်း ဥပဒေ အမှတ် ၂၄၃၈ - ၂၄၃၉ - ၂၄၄၀
တွင် ဤကိစ္စ နှင့်စပ်လျဉ်းပြီး ဖော်ပြထားပါတယ်။
မေး ။ ။ နမာဇ်ဖတ်ခြင်း ၏ အကျိုးကျေးဇူးလေးကို သိပါစေ ။
ဖြေ ။ ။ နမာဇ်ဖတ်ခြင်း ၏ အကျိုးကျေးဇူးများမှာ အများကြီးရှိပါသည်ဤနေရာအရေးကြီး အချက်လေးတစ်ချို့ ကိုတင်ပြအပ်ပါသည်။
(၁) ဂိုနာများကို ဖယ်ရှားပေးခြင်း
ကြည့် - စူရဟ် ဟူးဒ် (၁၁) ၊အာယတ်တော် ၁၁၄
(၂) ရူးဟ်အတွက် သန့်ရှင်းစင်ကြယ်စေခြင်း
ကြည့် - အမာလီ မိုဖီးဒ်(ရ.ဟ) စာမျက်နှာ ၁၈၉
(၃) ရှိုင်တွာန်ကို မောင်းထုတ်စေခြင်း
ကြည့် - အလ်ဖေရ်ဒူစ် အတွဲ ၂၊ စာမျက်နှာ ၄၀၅
(၄) နေအ်မသ်တော်များကျရောက်ခြင်း
ကြည့် - ခေစာလ် ၊စာမျက်နှာ ၆၃၂
(၅) အလ္လာဟ်ဟိုအရှင်မြတ်နှင့်နီးကပ်မှုဖြစ်ခြင်း
ကြည့် - ဂျမေအွလ် ၊စကီးလ် အတွဲ ၁ ၊စာမျက်နှာ ၃၁၄
မေး ။ ။ နမာဇ်ဖတ်ခြင်း အကျိုးကျေးဇူးလေးကို သိပါစေ ။
ဖြေ ။ ။ နမာဇ်ဖတ်ခြင်း အကျိုးကျေးဇူးများမှာ အများကြီးရှိပါသည်ဤနေရာအရေးကြီး အချက်လေးတစ်ချို့ ကိုတင်ပြအပ်ပါသည်။
(၁) ဂိုနာများကို ဖယ်ရှားပေးခြင်း
ကြည့် - စူရဟ် ဟူးဒ် (၁၁) ၊အာယတ်တော် ၁၁၄
(၂) ရူးဟ်အတွက် သန့်ရှင်းစင်ကြယ်စေခြင်း
ကြည့် - အမာလီ မိုဖီးဒ်(ရ.ဟ) စာမျက်နှာ ၁၈၉
(၃) ရှိုင်တွာန်ကို မောင်းထုတ်စေခြင်း
ကြည့် - အလ်ဖေရ်ဒူစ် အတွဲ ၂၊ စာမျက်နှာ ၄၀၅
(၄) နေအ်မသ်တော်များကျရောက်ခြင်း
ကြည့် - ခေစာလ် ၊စာမျက်နှာ ၆၃၂
(၅) အလ္လာဟ်ဟိုအရှင်မြတ်နှင့်နီးကပ်မှုဖြစ်ခြင်း
ကြည့် - ဂျမေအွလ် ၊စကီးလ် အတွဲ ၁ ၊စာမျက်နှာ ၃၁၄
မေး ။ ။စလမ်မို အလိုင်းကွမ်
ဂျမာအတ်နာမာဇ်ဖတ်ရာတွင် ၃ရကဒ်နှင့်၎ရကဒ်တွင် ရှေ့ဆောင်ဆရာမှ အသံမထွတ်ပဲဖတ်ချင်းသည် ဘာလို့ဆိုတာရှင်းပြပေးပါ။
ဖြေ ။ ။စလာမ် ...
ဂျမာအတ်ဖြင့် နမာဇ်ဖတ်ဖတ် ၊ဖိုရသာ(တစ်ဦးတည်းကိုယ်တိုင်)ဖတ်ဖတ် ၃ ရကတ် နှင့် ၄ ရကတ် တွင်အသံထွက်မဖတ်ရန် အလ္လာဟ်အရှင်မြတ်၏ အမိန့်
ပညတ်တော် ဖြစ်ရာ အဘယ်ကြောင့် ဘာလို့ဆို တာအရှင်မြတ်တည်းသာလျှင် အသိဆုံးပင်တည်း။
တခါတရံ ရှရီအတ်၏ ဆိုလိုချက် သည် လူသားတို့၏ တွေးခေါ်မှုအရ ဆန့်ကျင်နေပေသည်။
မေး ။ ။ အကယ်၍ မိန်းကလေး တစ်ဦး အနေဖြင့် ကုရ်အာန်ကျမ်းမြတ် ၊ ကဗျာ ၊ကစီသာ ကို အသံထွက်ပြီး ၊
နမဟ်ရမ် အမျိုးသား များ အရှေ့တွင် ဖတ်ရွတ်မည်ဆိုပါက ဂိုနာ(အပြစ်) ရှိ ပါသလား
ဖြေ ။ ။ အကယ်၍ တဏှာစိတ်ကိုကြွစေ မည့်အကြောင်းခံ ဖြစ်မည် ဆိုပါက ခွင့်မရှိချေ။(ဂိုနာ(အပြစ်) ရှိပေသည်။)
ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်
အွဇ်မာဆရက်အလီ စစ်သာနီ ရုံး
မေး။။မွတ်စလင်မဟုတ်သည်မိန်းမများနှင့်ချက်(chat)လုပ်မည်၊ မွတ်စလင်မဟုတ်ဟုသိထားသဖြင့်
အင်တာနက်မှ အလွဲသုံးစားလုပ်ပြီး ၎င်းနှင့်
တဏှာစိတ်ကိုကြွစေ မည့် စကားများဆိုမည်ဆိုကာ မည်သည့်အမိန့် ရှိပါသနည်း
ဖြေ ။ ။ ဟရမ် ဖြစ်ချေသည်။
( သတိ - မွတ်စလင်အမျိုးသမီးနှင့်လည်းမရချေ)
ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်
အွဇ်မာဆရက်အလီ စစ်သာနီ ရုံး
ဗစ်မေဟီ သအာလာ
စလာမ် …
လေစားစွာ တင်ပြအပ်ပါသည်။
အချို့မောင်လာနာများ သည် မောင်လာနာများ၏ ဥက္ကဋ္ဌ အဖြင့်၎င်း ၊ ကျောင်းအုပ် ၊ သဗ်လီးဂ်ဌာနတာဝန်ခံ ၊ကိုယ်စားလှယ် စသည်ဖြင့် တာဝန်ယူကြသည် ။ သို့သော်
ဝဟာဘီ များဖက် မှ တရားများ၊ စာအုပ်များ ၊ ဆိုက်များ ၊ဝက်ဗလောက်များဖြင့် ရှီအာ ဆန့်ကျင်ရေး လုပ်နေ သည်ကို မကာကွယ်ပေးချေ။
ဤ လုပ်ရပ်အတွက် မည်ကဲ့ သို့ အမိန့် ရှိပါ သနည်း
ကျေးဇူးတင်လျက်
ဖြေ ။ ။ ဤအလုပ်အတွက်(ကာကွယ်ရန်) စွမ်းအားရှိ ပြီး ၊ ကာကွယ်နိုင်သည့်အခြေအနေ ရှိ သူများ(မောင်လာနာများ) ဖက်မှ မည်သည် နည်းဖြင့် တာဝန်မကျေမှု မရှိရချေ။
ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်
အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး
ဗစ်မေဟီ သအာလာ
စလာမ် …
လေစားစွာ တင်ပြအပ်ပါသည်။
ကျွန်တော်တို့ ၏ အမိမြန်မာပြည်တွင် ဝဟာဘီ များသည် တရားများ၊ စာအုပ်များ ၊ ဆိုက်များ ၊
ဝက်ဗလောက်များဖြင့် ရှီအာ ဆန့်ကျင်ရေး လုပ်နေပါသည်။
သို့ ဖြစ်ပါ၍ ရှီအာ မဇ်ဟဗ်ကို ကာကွယ်ရန်သွလ်လါဗ်ကဒီးမ်(သာသနာ့ကျောင်းသား
ဟောင်းများ)(သို့) သွလ်လါဗ်ဂျဒီးဒ်(သာသနာ့ကျောင်းသားသစ်များ) (သို့) ပြည်သူများ
(ရှီအာလူထု) မည်သူဖက်မှာ တာဝန်ရှိပါသနည်း ?
ကျေးဇူးတင်လျက်
ဖြေ ။ ။ စလာမ်…
ရှီအာ ဖေရ်ကာ ကို ကာကွယ် ဖို့ နှင့် တိုးတက်အောင်ပြုဖို့ သည် တတ်နိုင်စွမ်းရှိသူ တိုင်းအပေါ်ဆောင်ရွက်ရန် ဝါဂျစ်ဗ် ဖြစ်ပေသည်။
ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်
အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး
မေး ။ ။ ကာဖေရ်အမျိုးသမီးများ(ခရစ်ယာန်နှင့်ရဟူဒီမပါ)နှင့် ကိုယ်လက်နှီးနှော ခြင်းအတွက် မည်သည် အမိန့်ရှိပါသနည်း ၎င်းတို့သည် ကနီးစ်များ စာရင်းဝင်ပါသလား ရှရီအတ်အရ မည်သို့ရှိပါ သနည်း
ဖြေ ။ ။ ကာဖေရ်အမျိုးသမီးများ(ခရစ်ယာန်နှင့်ရဟူဒီမပါ) ကိုယ်လက်နှီးနှော ခြင်းသည် ဇေနာ(မုဒိန်းမှု) ဖြစ်ပါသည်။အကယ်၍ ခရစ်ယာန်နှင့်ရဟူဒီ ဖြစ်နေပါ ၎င်း၏
သဘောတူညီချက်ဖြင့် မိုသာဖတ်ခဲ့မည်၊ပြီးမှ ကိုယ်လက်နှီးနှောမည်ဆိုလျှင် ၎င်းသည်တရား
ဝင်ဇနီးသည် စာရင်းဝင်ပေမည်။သို့မဟုတ်ပါက ဇေနာ(မုဒိန်းမှု) ဖြစ်ပါသည်။
အေစ်သေဖ်သာအ် ၊ဟဇရတ် အာယာသွလ်လ္လာဟ် ခါမေနာအီ
မေး ။ ။ အပြာရုပ်ရှင်များ၊ဆောင်းပါးများ ဖြင့် ကာမစက်ယှက်နည်း၊ကိုယ်လက်နှီးနှောနည်း
သင်လိုရပါသလား?
ဖြေ ။ ။ မရချေ (ခွင့်မရှိ)။ အချိန်ကြာလာလျှင် မကောင်းသည်ရလာဒ်များရလာပေမည်။
ဟဇရတ်(သ)အာယာသွလ္လာဟ်အလ်
အွဇ်မာအလ်ဟဂ်ျနာစေရ်မကာရေမ်မိုရှီးရာဇီးရုံး
=============
251 / END
၈ ဇူလိုင် ၂၀၁၇ - ၀၇:၄၆
News ID: 841080
ဘာသာရေး အမေး အဖြေ ဆိုင်ရာ မှတ်စုတိုလေးများ အမည်ဖြင့် အမေးအဖြေပုံအဗ်နာ ချစ်ပရိတ်သတ်များ အတွက် ဖော်ပြလိုက်ပါတယ်။