အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုကြောင့် နေ့ရပ်စွန့် ခွာတိမ်းရှောင်နေရသည့် ဒေသတွင်း နေထိုင်သူများအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများကို အစိုးရနှင့် ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့ (Red Cross Movement) တို့ ပူးပေါင်း၍ ထိရောက်စွာဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။
ရခိုင်ဒေသအတွင်း လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထာက်ပံ့မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်ရေး ညှိ နှိုင်းဆွေးနွေးသည့် အစည်းအဝေး ကို စက်တင်ဘာ ၄ရက်တွင် နေ ပြည်တော်၌ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ရခိုင် ပြည်နယ်မြောက်ပိုင်း မောင်တော ဒေသအတွင်း သြဂုတ် ၂၅ ရက်မှ စတင်ဖြစ်ပွားနေသော အကြမ်း ဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့် ခွာ၍ တိမ်းရှောင်နေရသည့် ဒေသတွင်း နေထိုင်သူများ အားလုံးအတွက် နိုင်ငံတော်အစိုးရက တာဝန်ယူထောက်ပံ့ကူညီမှုများ ဆောင်ရွက်ရာတွင် ပြည်ပနိုင်ငံများမှ ပါဝင်ပူးပေါင်း ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
အစည်းအဝေးသို့ ပြည် ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည် နယ်အစိုးရ အဖွဲ့တာဝန်ရှိသူများ နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ဗြိတိန်၊ ဒိန်းမတ်၊ အမေရိကန်နိုင် ငံ သံရုံးများမှ သံအမတ်ကြီးများ၊ သြစတြေးလျ နိုင်ငံသံရုံးမှ သံရုံး ယာယီတာဝန်ခံ၊ ဥရောပသမဂ္ဂ ကိုယ်စားလှယ်ရုံးမှ သံမှူးကြီး၊ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်၊ ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့တွင် ပါ ဝင်သော MRCS, ICRC, IFRC တို့မှ တာဝန်ရှိသူများ တက်ရောက်ကြောင်း သတင်းထုတ်ပြန်သည်။
ကြက်ခြေနီလှုပ်ရှားမှု အဖွဲ့ တွင် မြန်မာနိုင်ငံကြက်ခြေနီအ သင်း ( MRCS) ၊ နိုင်ငံတကာအ ပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအ သင်း (ICRC)နှင့် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (IFRC) တို့ပါ ဝင်သည်။
အကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ်အတွင်း နေထိုင်သူ များသည် နေရပ်စွန့်ခွာ၍ နယ်စပ် ဧရိယာ အပါအဝင်လုံခြုံရေးနေ ရာများတွင် ခိုလှုံနေထိုင်ရလျက်ရှိ ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။
မောင်တောဒေသအကြမ်း ဖက်မှု ဖြစ်စဉ်များကြောင့် ကျေး ရွာ ၇၀ ကျော်မှ ဒေသခံ တိုင်းရင်း သားပြည်သူ တစ်သောင်းကျော် သည် နယ်မြေခံ တပ်ဌာနချုပ်များ ဘုန်းတော်ကြီး ကျောင်းများနှင့် စာသင်ကျောင်းများသို့ ရွှေ့ ပြောင်းနေထိုင်ခဲ့ရ ကြောင်းတပ် မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးက သတင်းထုတ်ပြန်ထား သည်။ အလားတူ ဘင်္ဂါလီများ လည်း နယ်စပ်သို့ ထွက်ပြေးတိမ်း ရှောင်မှုများရှိသည်။ဘင်္ဂလား ဒေ့ရှ် သတင်းဌာနများကမူ ရခိုင် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကြောင့် လူဦး ရေ ကိုးသောင်းခန့် ထွက်ပြေး တိမ်းရှောင်လာကြောင်း ရေးသား ဖော်ပြသည်။
ဒုသမ္မတ (၁) ဦးမြင့်ဆွေ သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန အာရှရေးရာ အထူးကိုယ်စား လှယ် Mr.Sun Guoxiang ဦး ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ကို သမ္မတအိမ်တော်၌ စက်တင် လာ ၄ ရက်တွင် လက်ခံတွေ့ဆုံ ခဲ့သည်။
ယင်းကဲ့သို့ တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းမောင် တောဒေသ အကြမ်းဖက်မှုဖြစ်စဉ် များ၊ မောင်တောဒေသတည်ငြိမ်း အေးချမ်းရေးနှင့် တရားဥပဒေ ဆိုင်ရာ ကိစ္စရပ်များ၊ မောင်တော ဒေသ အကြမ်းဖက်မှုဖြစ်စဉ်များ ကို နိုင်ငံတကာသို့ အလျင်အမြန် အသိပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ် များနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်သည်။
=====================
251/ End
ရခိုင်တွင် လူသားချင်းစာနာမှု အကူအညီများကို ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု အတိုင်ပင်ခံရုံး ထုတ်ပြန်
၅ စက်တင်ဘာ ၂၀၁၇ - ၁၈:၄၃
News ID: 852596
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုကြောင့် နေ့ရပ်စွန့် ခွာတိမ်းရှောင်နေရသည့် ဒေသတွင်း နေထိုင်သူများအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများကို အစိုးရနှင့် ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့ (Red Cross Movement) တို့ ပူးပေါင်း၍ ထိရောက်စွာဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။