အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရခိုင်ပြည်နယ် မောင် တောဒေသအတွင်း တာဝန်ထမ်း ဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် များကြောင့် နေရပ်စွန့်ခွာတိမ်း ရှောင်နေရသည့် ဒေသခံပြည်သူ များအား ထောက်ပံ့ကူညီရန်နှင့် နယ်စပ်ခြံစည်းရိုးကာရံရန်ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၀ ရက်က ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ကျင်းပခဲ့သည်။
လှူဒါန်းငွေစုစုပေါင်းကျပ် သိန်း လေးသောင်းသုံးထောင် ခြောက်ရာကျပ်ရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က ထုတ်ပြန်သည်။ နယ်စပ်ခြံစည်းရိုးကာရံရန် အနာဂတ်အလင်း တန်းဖောင်ဒေးရှင်းတစ်ခုတည်း က ကျပ်၃၁,၆၉၅ သိန်း လှူဒါန်းခဲ့ သည်။ အဆိုပါအခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့သည်။
=====================
251/ End
၁၁ စက်တင်ဘာ ၂၀၁၇ - ၁၄:၀၇
News ID: 853575