အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရခိုင်အရေးနှင့်ပတ်သက် ၍ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံတကာ သံတမန်အသိုင်းအ ဝိုင်းနှင့် ဆက်တိုက်တွေ့ဆုံ၍ ဆွေး နွေးနေကြောင်း အဆိုပါ ဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦး ကျော်ဇေယျက ပြောသည်။
သံတမန်အသိုင်းအဝိုင်းနှင့် တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အ ရေးပေါ် စိုးရိမ်ပူပန်မှုများနှင့် လူ သားချင်း ကူညီထောက်ပံ့ရေးကိစ္စ ရပ်များကို အဓိကထားဆွေးနွေး ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက လည်း ပြည်ပနိုင်ငံများရှိ မြန်မာ သံရုံးများကို လုံခြုံရေးပေးရန် တောင်းဆိုပြောကြားကြောင်း အမြဲတမ်းအတွင်းဝန် ဦးကျော် ဇေယျက ရှင်းပြသည်။
‘‘ကျွန်တော်တို့လည်း တော် တော်များများ တွေ့ထားပါတယ်။ နောက်တစ်ခုက မီဒီယာတွေမှာ ကြားနေရတာနဲ့ ပတ်သက်ပြီး သံ ရုံးတွေကို လုံခြုံရေးပေးဖို့အတွက် လည်း ပြောထားတာရှိတယ်။ အ များကြီးပါပဲ’’ ဟု ဦးကျော်ဇေယျ ကဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းကနိုင်ငံ ခြားရေး ဒုဝန်ကြီးဦးကျော်တင် သည် ဘင်္ဂလားဒေ့ရှ် သံအမတ် ကြီးကို နေပြည်တော်သို့ ခေါ်ယူ တွေ့ဆုံခဲ့ပြီး ဘင်္ဂလားဒေ့ရှ် မီဒီ ယာများတွင် ရေးသားဖော်ပြမှုများ နှင့် ပတ်သက်၍ မြန်မာအစိုးရက လက်မခံသည့် အချက်များထည့် သွင်းပြောကြားသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသအကြမ်းဖက်ခံ မှုဖြစ်စဉ် နောက်ပိုင်းတွင် နိုင်ငံ ခြားရေးဒုဝန်ကြီး ဦးကျော်တင်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေ ယျတို့သည် ဘရူနိုင်း၊ ဘင်္ဂလား ဒေ့ရှ်၊ အီရန်၊ တူရကီ၊ ဆော်ဒီ အာရေဗီးယား စသည့် နိုင်ငံများ မှ သံအမတ်ကြီးများနှင့် တွေ့ဆုံခဲ့ ကြောင်း အဆိုပါဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ထို့အတူ နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန် ကြီး ဒေါ်အောင်ဆန်းစုကြည်ကို အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး က နေပြည်တော်သို့ လာရောက် တွေ့ဆုံ၍ ရခိုင်အရေးဆွေးနွေးရာတွင် လက်ရှိဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများ ကို ဖြေရှင်းနိုင်မည့် ရေရှည်နည်းလမ်းကောင်းများ ထည့်သွင်းဆွေး နွေးခဲ့သည်။
ထို့အတူ လုံခြုံရေးဆိုင်ရာ လေ့လာမှုအတွက် အမေရိကန် ပြည်ထောင်စု အာရှ-ပစိဖိတ်စင် တာ (APCSS) ပေါမောက္ခ ဒေါက်တာမီမီဝင်းဘတ်က အမြဲ တမ်းအတွင်းဝန်ဦးကျော်ဇေယျ နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
စက်တင်ဘာလဆန်းပိုင်း တွင် အာရှ-ဥရောပအဆင့်မြင့်အ ရာရှိကြီးများ အစည်းအဝေး (ASEM) ကို နေပြည်တော်၌ လက်ခံကျင်းပရာ ဆက်စပ်တွေ့ ဆုံမှုအဖြစ် နိုင်ငံတကာ ကိုယ်စား လှယ်များက နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့် သီးသန့်တွေ့ဆုံမှုများ ရှိခဲ့ ကြောင်း ဦးကျော်ဇေယျကပြော ကြားသည်။
========================
251 / End
၁၅ စက်တင်ဘာ ၂၀၁၇ - ၁၉:၀၀
News ID: 854429
ရခိုင်အရေးနှင့်ပတ်သက် ၍ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံတကာ သံတမန်အသိုင်းအ ဝိုင်းနှင့် ဆက်တိုက်တွေ့ဆုံ၍ ဆွေး နွေးနေကြောင်း အဆိုပါ ဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦး ကျော်ဇေယျက ပြောသည်။