အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကုလသမဂ္ဂမှာ မိန့်ခွန်းမပြောခင် မြောက်ကိုရီးယား သံအမတ်ဟာ ခန်းမထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။
စက်တင်ဘာ ၁၉ ရက်က နယူးယောက်မှာ ကျင်းပပြုလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြောက်ကိုရီးယား သံအမတ်ကြီး ဂျာဆောင်နန်းဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မိန့်ခွန်းမပြောခင် ခန်းမထဲက ထွက်သွားခဲ့တာပါ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကုလသမဂ္ဂမှာ မိန့်ခွန်းပြောကြားရာ မြောက်ကိုရီးယားကို အလုံးစုံချေမှုန်းသွားမယ်လို့ ပြောကြားခဲ့သလို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကိုလည်း ဒုံးကျည်လူသားလို့ ခေါ်ဝေါ်သုံးနှုန်းသွားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မြောက်ကိုရီးယား၊ အီရန်နဲ့ ဗင်နီဇွဲလားနိုင်ငံတို့ကို ကုလသမဂ္ဂ စင်မြင့်ထက်မှာ ပြစ်တင်ပြောကြားသွားခဲ့ပါတယ်။
ဂျပန်နိုင်ငံကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကုလသမဂ္ဂမှာ မြောက်ကိုရီးယားအပေါ် ပြောဆိုမှုတွေကို ကြိုဆိုခဲ့ပါတယ်။
ဂျပန်ကက်ဘိနက်အတွင်းဝန်ချုပ် ယိုရှီဟီဒဲ ဆူဂက “အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မြောက်ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းမဲ့ရေးဆိုတဲ့ ကျေန်ာတို့ရဲ့ ရည်မှန်းချက်ကို ထပ်လောင်း အတည်ပြုပေးတဲ့အတွက် ကျေန်ာတို့ အသိအမှတ်ပြုပါတယ်။ နောက်ပြီး မြောက်ကိုရီးယားကို ဖိအားထပ်ပေးဖို့ တရုတ်နဲ့ ရုရှားအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ပူးပေါင်းကြဖို့ အပြင်းအထန် တိုက်တွန်းသွားတာကိုလည်း ဂျပန်အနေနဲ့ အသိအမှတ်ပြုပါတယ်” လို့ ပြောကြားသွားပါတယ်။
========================
251 / End
၂၀ စက်တင်ဘာ ၂၀၁၇ - ၁၈:၀၀
News ID: 855435
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကုလသမဂ္ဂမှာ မိန့်ခွန်းမပြောခင် မြောက်ကိုရီးယား သံအမတ်ဟာ ခန်းမထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။