၂၅ စက်တင်ဘာ ၂၀၁၇ - ၁၆:၂၁
ယုံကြည်မှုမြင့်မားစေရန် တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ပုံမှန်ဆက်ဆံမှုဖော်ထုတ်ရမည်ဟု JMC ဒုဥက္ကဋ္ဌပြော

အပစ်ရပ်စောင့်ကြည့် ရေး လုပ်ငန်းများ အကောင်အ ထည်ဖော်ရာတွင် ယုံကြည်မှုမြင့် မားလာစေရန် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအကြား ပုံမှန်ဆက်ဆံမှုဖော် ထုတ်ရမည်ဖြစ်ကြောင်း ပြည် ထောင်စုအဆင့် ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC)ဒုဥက္ကဋ္ဌ (၁)၊ ကရင်အမျိုးသားအ စည်းအရုံး (KNU) စစ်ထောက် ချုပ် ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အပစ်ရပ်စောင့်ကြည့် ရေး လုပ်ငန်းများ အကောင်အ ထည်ဖော်ရာတွင် ယုံကြည်မှုမြင့် မားလာစေရန် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအကြား ပုံမှန်ဆက်ဆံမှုဖော် ထုတ်ရမည်ဖြစ်ကြောင်း ပြည် ထောင်စုအဆင့် ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC)ဒုဥက္ကဋ္ဌ (၁)၊ ကရင်အမျိုးသားအ စည်းအရုံး (KNU) စစ်ထောက် ချုပ် ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ပြောကြားသည်။

JMC-U ၏ (၁၂)ကြိမ် မြောက် အစည်းအဝေးကို စက် တင်ဘာ ၂၀ ရက်က ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပစဉ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ကိုယ်စား လှယ် ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ပြောကြားခြင်းဖြစ်သည်။

နှစ်ဖက်အဖွဲ့များအကြား သံသယများရှိနေသေးပြီး NCA ကို နားလည်မှုလွဲနေခြင်း၊ NCA ပါ အချက်အလက်များအပေါ် အဓိပ္ပာယ်ဖွင့်ဆိုမှု မတူညီခြားနား မှုများ ရှိနေခြင်းကြောင့် နှစ်ဖက် စိုးရိမ်မှုများရှိကြောင်းနှင့် JMC အ ကောင်အထည်ဖော်မှုသည် ချော မွေ့နေခြင်းမရှိ၍ လက်နက်ကိုင် နှစ်ဖက်အဖွဲ့များအနေဖြင့် NCA ကို လေးစားလိုက်နာခြင်းဖြင့် နှစ် ဖက်ယုံကြည်မှု တိုးမြှင့်ရမည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

‘‘ကျွန်တော်တို့ နှစ်ဖက် JMCအကောင်အထည်ဖော်မှုမှာ ယုံ ကြည်မှုအဆင့် မြင့်မားလာဖို့လို ပါတယ်။ ဒါကြောင့် ပထမအဆင့် အနေနဲ့ ကျွန်တော်တို့ လက်နက် ကိုင် နှစ်ဖက်ကြား ရရှိပြီးသား ယုံကြည်မှုအဆင့်ကနေ နောက် ဆုတ် မသွားဖို့နဲ့ NCA ပါ ရှောင် ရှားသင့်တဲ့အရာများ၊ အပြုအမူ များကို နှစ်ဖက်စလုံးက ရှောင်ရှား ကြရမှာဖြစ်ပါတယ်။ တန်းတူရည် တူနဲ့ အပြန်အလှန်လေးစားမှု၊ အသိအမှတ်ပြုမှုတွေကိုလည်း လိုအပ်မှာဖြစ်ပြီးတော့ ကျွန်တော် တို့ တပ်နှစ်ဖက်အချင်းချင်းကြား မှာလည်း ပုံမှန်ဆက်ဆံမှု လိုအပ် ရင် လိုအပ်သလို ဆက်ဆံမှုတွေ ကိုလည်း ဖော်ထုတ်ရမှာ ဖြစ်ပါ တယ်’’ဟု KNU စစ်ထောက်ချုပ် က ပြောသည်။

ထိုသို့ ဖော်ထုတ်နိုင်မှသာ မိမိတို့ တပ်နှစ်ဖက်အကြားတွင် နားလည်မှုနှင့် ယုံကြည်မှုတိုး တက်လာနိုင်မည်ဖြစ်ပြီး အရပ် သားများသည် စစ်၏ အနိဋ္ဌာရုံနှင့် ရင်ဆိုင်ခဲ့ရ၍ JMC ကို ယုံကြည် ရန် လိုအပ်ကြောင်းနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လက်ဆောင် ရွက်ရန် JMC အပေါ် များစွာ မူတည်ကြောင်း ဗိုလ်ချုပ်စော အိုင်းဇက်ဖိုးက ပြောသည်။

JMC ကို ပဋိပက္ခဖြစ်စဉ်တွင် အဓိကပါဝင်သည့် အဖွဲ့များနှင့် ဖွဲ့စည်းထားပြီး ခံစားနေရသည့် ပြည်သူအတွက် အရပ်သားကိုယ် စားလှယ်များလည်း ပါဝင်ကာ ပဋိပက္ခများ ပေါ်ပေါက်လာလျှင် မည် သို့ဆောင်ရွက်ရမည်ဆိုသည့် လုပ်ထုံးလုပ်နည်းများ JMC တွင် သတ်မှတ်ထားကြောင်း JMC-U ဥက္ကဋ္ဌ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အမှာစကားတွင် ထည့်သွင်းပြော ကြားသည်။

‘‘ကျွန်တော်တို့ ကြားမှာ တတိယစောင့်ကြည့်တဲ့လူ မရှိပါ ဘူး။ ပဋိပက္ခခံစားနေရတဲ့ ပြည် သူလူထုက အဓိကတရားသူကြီး အနေနဲ့ ဆုံးဖြတ်ဆောင်ရွက်သွား တယ်။ ပြည်သူလူထုက တရားသူ ကြီးအနေနဲ့ ဆုံးဖြတ်ဆောင်ရွက် သွားတဲ့အနေအထားကလည်း သူ တို့က ဘယ်အပေါ်မှာ ဆောင် ရွက်သလဲဆိုတော့ ကျွန်တော်တို့ ကြိုတင် သဘောတူညီထားတဲ့ TOR တွေ၊ SOP တွေ ဒီအပေါ်မှာ သူတို့ကမှ တိတိကျကျလိုက်နာ ဆောင်ရွက်ဆုံးဖြတ်သွားတဲ့အ တွက် ကျွန်တော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မော်ဒယ်ဟာလည်း နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ နိုင်ငံတကာက ကျင့်သုံးလာနိုင်တဲ့ မော်ဒယ်မျိုးလည်း ဖြစ်တယ်ဆို တာကိုလည်း တွေ့ရမှာ ဖြစ်ပါ တယ်’’ဟု ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောသည်။

JMC ၏ လုပ်ငန်းများ မနှောင့်နှေးရန်နှင့် လုပ်ငန်းအရှိန် အဟုန်မပျက်ရန် လိုအပ်သည့် အကြံဉာဏ်များ အပြုသဘော ဆောင်သည့် ဆောင်ရွက်မှုများ ဖြင့် ပူးပေါင်းဆောင်ရွက်ရန် JMC-U ဥက္ကဋ္ဌက တိုက်တွန်း သည်။

JMC ကို တစ်နိုင်ငံလုံး ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အရ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက် နက်ကိုင်နှင့် အရပ်သားကိုယ်စား လှယ်များဖြင့် ဖွဲ့စည်းထားပြီး နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပ နေစဉ် လက်နက်ကိုင်ပဋိပက္ခများ မပေါ်ပေါက်ရေး ပူးတွဲထိန်းသိမ်း စောင့်ကြည့်ရန်နှင့် ပဋိပက္ခများ ပေါ်ပေါက်လာပါက အင်အားသုံး ဖြေရှင်းခြင်းမရှိဘဲ ဆွေးနွေးညှိ နှိုင်းအဖြေရှာရန် အဓိကလုပ်ငန်းတာဝန်များအဖြစ် သတ်မှတ်ထားသည်။ JMC-U အစည်းအဝေးကို စက်တင်ဘာ ၂၂ ရက်အထိ ကျင်းပရန် သတ်မှတ်ထားသည်။

========================
251 / End