၃၀ စက်တင်ဘာ ၂၀၁၇ - ၁၅:၄၀
‘၀’လက်နက်ကိုင်အဖွဲ့နှင့် ယူနန်ပြည်နယ်အစိုးရတို့ လုံခြုံရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူ

တရုတ်နယ်စပ် အခြေပြု ‘၀’လက်နက်ကိုင်အဖွဲ့ (UWSA) နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရ တာဝန်ရှိသူများ စက်တင်ဘာ ၂၆ ရက်က တွေ့ဆုံ၍ နယ်စပ်ဒေသလုံခြုံရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြောင်း UWSA လားရှိုးမြို့ ဆက်ဆံရေးရုံးဒုတိယတာဝန်ခံ ဦးညီရန်းက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တရုတ်နယ်စပ် အခြေပြု ‘၀’လက်နက်ကိုင်အဖွဲ့ (UWSA) နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရ တာဝန်ရှိသူများ စက်တင်ဘာ ၂၆ ရက်က တွေ့ဆုံ၍ နယ်စပ်ဒေသလုံခြုံရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြောင်း UWSA လားရှိုးမြို့ ဆက်ဆံရေးရုံးဒုတိယတာဝန်ခံ ဦးညီရန်းက ပြောသည်။

UWSA ဒုဥက္ကဋ္ဌ ဦးလျှောက် မင်လျံနှင့် ယူနန်ပြည်နယ် အစိုးရ တာဝန်ရှိသူများ တွေ့ဆုံမှုကို UWSA ဌာနချုပ် ပန်ဆန်းအခြေ စိုက် ‘၀’ သတင်းဌာနက စက်တင် ဘာ ၂၈ ရက်တွင် သတင်းထုတ် ပြန်ခဲ့သည်။

‘‘သတင်းလွှင့်သွားတဲ့အထဲ မှာ နယ်စပ်ဒေသလုံခြုံရေးနဲ့ မူး ယစ်ဆေးဝါးတွေ ပူးပေါင်းတိုက် ဖျက်ဖို့ သဘောတူညီချက်ပေါ့။ အခုလုပ်တဲ့ တွေ့ဆုံဆွေးနွေးမှုက လည်း ၁၂ ကြိမ်မြောက်ဖြစ်ပြီ ပေါ့’’ဟု ဦးညီရန်းက ပြောသည်။

ယခုနှစ် ဧပြီကလည်း ‘၀’ ဒေသ ပန်ဆန်းမြို့တွင် ယာယီလာရောက်နေထိုင်သော အမျိုးသားအများစုပါဝင်သည့် တရုတ်နိုင်ငံသား ၃၇၀ ဦးကို UWSA နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရဲတပ်ဖွဲ့တို့ပူးပေါင်း ဖမ်းဆီးခဲ့ဖူး သည်။

အဆိုပါ တရုတ်နိုင်ငံသား ၃၇၀ ဦးသည် သက်ကြီးရွယ်အိုများ ကို ပစ်မှတ်ထားကာ ကံစမ်းမဲများ အကြောင်းပြလိမ်လည်ပြီး အမှု ၁,၀၀၀ ကျော် ကျူးလွန်ခဲ့၍ ဖမ်းဆီးသည်ဟု ဦးညီရန်းကဆိုသည်။

========================
251 / End