အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
စက်တင်ဘာ ၁၀ ရက်က ဖြစ်ပွားခဲ့သော တောင် တွင်းကြီးဆူပူမှုဖြစ်စဉ်တွင် ပါဝင် သည်ဟု ယူဆရသူ ၁၄ ဦးကို တရားစွဲဆိုထားပြီး ခုနစ်ဦးကို ယနေ့အချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဝင်း မြင့်လှိုင်က ပြောကြားသည်။
ဆူပူမှုတွင်ပါဝင်ခဲ့သူတစ်ဦး ကို အခင်းဖြစ်ညတွင် ဖမ်းဆီးရမိပြီး နောက်ရက်များ၌ ခြောက်ဦးကို ထပ်မံဖမ်းဆီးခဲ့သည်။
ဖမ်းဆီးမိသူ အများစုသည် တောင်တွင်းကြီးမြို့ခံ အသက် (၁၈)နှစ်မှ (၃၃)နှစ်ကြား လူငယ် အများစုဖြစ်ပြီး ၎င်းတို့ကို တောင်တွင်းကြီးမြို့မရဲတပ်ဖွဲ့စခန်းက အမြင့်ဆုံးထောင်ဒဏ် ၁၂ နှစ်ခွဲအထိကျခံရနိုင်သည့် ပုဒ်မငါးခုဖြင့် အမှုဖွင့်ထားသည်။
ဖမ်းဆီးထားသူများကို အကျိုးဖျက်ဆီးမှုဥပဒေနှင့် ဆန့် ကျင်သော အစုအဝေးတွင် လက် နက်ကိုင်ဆောင်ပါဝင်မှု၊ ရုန်းရင်း ဆန်ခတ်မှု၊ ဟန့်တားခုခံမှုနှင့် ရန် စမှုတို့ဖြင့် တရားစွဲဆိုထားသည်။
အဆိုပါ ဖမ်းဆီးရမိသူ ခုနစ် ဦးကို စက်တင်ဘာ ၁၈ ရက်တွင် တရားရုံးထုတ် ရမန်ယူခဲ့ပြီး နောက် အောက်တိုဘာ ၂ ရက်တွင် ပထမအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ ရာ၌ နောက်ထပ်ပါဝင်သူ ခုနစ်ဦးစုစုပေါင်း ၁၄ ဦးကို တရားစွဲဆိုခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ တောင်တွင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ၌ လက်ခံဖြေကြားခြင်းမရှိပေ။
‘‘ကျန် ခုနစ်ဦးက ထွက်ပြေး နေတော့ တရားခံပြေးအဖြစ် တရားရင်ဆိုင်ရမှာဖြစ်တယ်’’ ဟု ဦးဝင်းမြင့်လှိုင်က ပြောသည်။
ယင်းဆူပူမှုကြောင့် တောင် တွင်းကြီးမြို့ရှိ အစ္စလာမ်ဘာသာ ၀င်များပိုင် နေအိမ်နှင့်ဈေးဆိုင် များ ဖျက်ဆီးခံရပြီး ကာလတန် ဖိုးသိန်း ၁၈၀ ခန့် ပျက်စီးဆုံးရှုံး ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အတွက် နောက်ကွယ်တွင် ပါဝင်သူ ရှိ၊ မရှိဖော်ထုတ်အရေးယူရန် တိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဒေသအာဏာပိုင်များအား ညွှန်ကြားထားသည်။
========================
251 / End
၈ အောက်တိုဘာ ၂၀၁၇ - ၁၃:၁၅
News ID: 859021
စက်တင်ဘာ ၁၀ ရက်က ဖြစ်ပွားခဲ့သော တောင် တွင်းကြီးဆူပူမှုဖြစ်စဉ်တွင် ပါဝင် သည်ဟု ယူဆရသူ ၁၄ ဦးကို တရားစွဲဆိုထားပြီး ခုနစ်ဦးကို ယနေ့အချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဝင်း မြင့်လှိုင်က ပြောကြားသည်။