၃ နိုဝင်ဘာ ၂၀၁၇ - ၁၅:၁၃
NCA လက်မှတ်ရေးထိုးနိုင်ရေး ရှစ်ကြိမ်မြောက်ဆွေးနွေးပွဲတွင် ကြိုးစားရန် UNFC ထံ ကော်မရှင်တောင်းဆို

တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ်(NCA) လက်မှတ်ရေးထိုး နိုင်ရေး လာမည့်နိုဝင်ဘာ ၈ ရက်ဆွေးနွေးပွဲကို နောက်ဆုံးဆွေးနွေး ပွဲအဖြစ်သတ်မှတ်၍ ပြေလည်မှု ရအောင် ကြိုးစားပေးရန် ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ထံ တောင်းဆိုထားကြောင်း ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင် စိုးက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ်(NCA) လက်မှတ်ရေးထိုး နိုင်ရေး လာမည့်နိုဝင်ဘာ ၈ ရက်ဆွေးနွေးပွဲကို နောက်ဆုံးဆွေးနွေး ပွဲအဖြစ်သတ်မှတ်၍ ပြေလည်မှု ရအောင် ကြိုးစားပေးရန် ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ထံ တောင်းဆိုထားကြောင်း ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင် စိုးက ပြောသည်။

အစိုးရ၏ ငြိမ်းချမ်းရေးကော် မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင် ရာဆွေးနွေးညှိနှိုင်းရေး ကိုယ်စား လှယ်အဖွဲ့ (DPN) သည် NCA လက်မှတ်ထိုးနိုင်ရန် တရားဝင် ဆွေးနွေးမှု ခုနစ်ကြိမ်ပြုလုပ်ထား ပြီး ရှစ်ကြိမ်မြောက် ဆွေးနွေးပွဲကို နိုဝင်ဘာ ၈ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်မည်ဖြစ်သည်။

‘‘ကျွန်တော်တို့တော့ ပြော ထားတာပဲ။ ဒီပွဲက နောက်ဆုံးပွဲ ဖြစ်နိုင်အောင်ကြိုးစားပေးဖို့။ အဲ ဒါကြောင့် ဒီပွဲမှာ အစုံတက်ကြ လိမ့်မယ်။ လက်မှတ်ထိုးပြီးသား ရှစ်ဖွဲ့လည်း တက်မယ်’’ဟု ဦး အောင်စိုးက ပြောသည်။

အဆိုပါ NCA လက်မှတ်ထိုး နိုင်ရေး ညှိနှိုင်းပွဲသို့ နိုင်ငံရေးပါတီ များကိုလည်း ဖိတ်ကြားနိုင်ရန် စီစဉ်နေသည်ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူးဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း) နှင့်DPN အဖွဲ့ခေါင်းဆောင်ခူဦးရယ် တို့ပါဝင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်နှင့်ပတ်သက်ပြီး ကိုလံဘီ ယာနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်နေသည်။

ယင်းကိုယ်စားလှယ်အဖွဲ့ တွင် အစိုးရကိုယ်စားလှယ်များ၊ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့အစည်းများနှင့် NCA မထိုးရ သေးသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များမှ ကိုယ်စား လှယ်များ ပါဝင်သည်။ အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် နိုဝင် ဘာ ၇ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

အစိုးရနှင့် UNFC တို့ NCAလက်မှတ်ထိုးနိုင်ရေး တပ်ပိုင်း ဆိုင်ရာများကို အဓိကညှိနှိုင်းရန် ကျန်ရှိတော့ကြောင်းနှင့် နှစ်ဖက် ဘုံသဘောထားတူညီသည့် အနေအထားတွင် ရောက်ရှိနေပြီဖြစ် ကြောင်း အောက်တိုဘာက ရန်ကုန်၌ကျင်းပခဲ့သော ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲအပြီးတွင် နှစ်ဖက်ကိုယ်စားလှယ်များက ပြော သည်။

========================
251 / End