အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပြည်သူများ လို လားနေသည့် ငြိမ်းချမ်းရေး အတွက် အဖြေရရှိရေး အလျှော့ အတင်းလုပ်ရဲသည့် သတ္တိရှိကြ ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။
နိုဝင်ဘာ ၂၇ ရက်က နေ ပြည်တော်၌ ကျင်းပသည့် တစ် နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေး သဘောတူစာချုပ် အကောင် အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) တွင် ၎င်း က အထက်ပါအတိုင်း တိုက် တွန်းပြောကြားခြင်းဖြစ်သည်။
ယင်းအစည်းအဝေးသို့ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အပါအဝင် တပ်မတော် အရာရှိများ၊ NCA လက်မှတ်ထိုး ရှစ်ဖွဲ့မှ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။
‘‘ကျွန်မတို့ ငြိမ်းချမ်းရေးဖြစ် စဉ် အစည်းအဝေးတွေမှာ လိုအပ် တာကတော့ စိတ်ပိုင်းဆိုင်ရာ သတ္တိပဲဖြစ်ပါတယ်။ တိုတိုပြော ရမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာ သတ္တိဆိုတာ ရန်သူကို ရင်ဆိုင်ရဲ တဲ့ သတ္တိ၊ စိတ်ပိုင်းဆိုင်ရာသတ္တိ ဆိုတာ ကိုယ့်ကိုယ်ကိုယ် ရင်ဆိုင် ရဲတဲ့သတ္တိပဲ ဖြစ်ပါတယ်။ ကျွန်မ တို့အားလုံးဟာ ငြိမ်းချမ်းရေး အတွက် လိုအပ်တဲ့၊ မှန်ကန်တဲ့ အဖြေတွေကို ရှာရဲတဲ့ သတ္တိရှိရပါ မယ်။ ဒီအဖြေတွေကို ရနိုင်၊မရနိုင် ဆိုတာကိုလည်း မှန်မှန်ကန်ကန် သုံးသပ်နိုင်ရပါမယ်။ ဒါကြောင့်မို့ လို့ အလျှော့အတင်းလုပ်တာဟာ အင်မတန်မှ အရေးကြီးပါတယ်။ ရင်ဆိုင်ရဲတဲ့ သတ္တိဆိုတာဟာ အမှန်တရားကို ရင်ဆိုင်ရဲတဲ့ သတ္တိလည်းပါသလို ကျွန်မတို့ ဟာ လိုတဲ့နေရာမှာ အလျှော့ အတင်းလုပ်ဖို့ အဆင်သင့်ဖြစ်ဖို့ လိုပါတယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားသည်။
ငြိမ်းချမ်းရေးရရှိရန် အခက် အခဲများရှိသည့်တိုင် အစည်း အဝေး သို့ တက်ရောက်လာသည့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ကိုယ် စားလှယ်များအနေဖြင့် ပြည်သူ များကို မျက်နှာမူပြီး ငြိမ်းချမ်းရေး မျှော်လင့်ချက်များကို ဖြည့်ဆည်း ပေးရမည်ဆိုသည့်စိတ်ဖြင့် ဖြေ ရှင်းစရာများကို အကောင်းဆုံး ရလဒ်များ ထွက်ပေါ်အောင် ဖြေ ရှင်းကြရန် ဒေါ်အောင်ဆန်းစု ကြည်က မေတ္တာရပ်ခံသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုင်ရာ အစည်းအဝေးများ၊ ဆွေး နွေးပွဲများတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား နှစ်ဖက် အ ကြိတ်အနယ် ဆွေးနွေးမှုများ ပိုမို တွေ့ရလေ့ရှိကြောင်း ဆွေးနွေးပွဲ တွင်ပါဝင်သူ ကိုယ်စားလှယ်အချို့က ဆိုသည်။
NCA လက်မှတ်ထိုး ရှစ်ဖွဲ့ အနက် အမျိုးသားအဆင့် နိုင်ငံ ရေး ဆွေးနွေးပွဲများကျင်းပရန် ကျန်နေသည့် ရှမ်းနှင့်ရခိုင် လူမျိုး အလိုက် အမျိုးသားအဆင့် ဆွေး နွေးပွဲများ ကျင်းပရေး ညှိနှိုင်းရာ တွင် ကြုံတွေ့ရသည့်အခြေအနေ သည် သာဓကအချက်တစ်ချက် ဖြစ်သည်ဟု ၎င်းတို့က ထောက်ပြ သည်။
NCA အရ စုဖွဲ့ထားသည့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာနှင့် အပစ်ရပ် ပူးတွဲစောင့်ကြည့်ရေး ဆိုင်ရာ အချက်များနှင့်ပတ်သက် ပြီး နှစ်ဖက် ဆွေးနွေးမှုများမှတစ် ဆင့် ရရှိလာသည့် အချက်အလက် များကို အတည်ပြုနိုင်ရေး ဆွေး နွေးရာတွင် မိမိလိုအင်ဆန္ဒကို ရှေ့တန်းမတင်ရန် ဒုတိယဗိုလ် ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
‘‘နိုင်ငံတော်နဲ့ နိုင်ငံသားများ အတွက် ပကတိလိုအပ်ချက်ဖြစ် တဲ့ ဒို့တာဝန်အရေးသုံးပါးကို ရာ သက်ပန် စောင့်ထိန်းလိုစိတ်၊ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်း ကို ခိုင်ခိုင်မြဲမြဲနဲ့ ရာသက်ပန် စောင့်ထိန်းလိုစိတ်များကို အခြေ ခံပြီး ဆွေးနွေးအတည်ပြုနိုင်ရေး ကိုလည်း ပြောကြားလိုပါတယ်’’ ဟု ၎င်းက အစည်းအဝေးတွင် ပြောကြားသည်။
အစိုးရ၊ လွှတ်တော်၊ တပ်မ တော်နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ၏ ထာ ဝရငြိမ်းချမ်းရေးအတွက် ဆွေး နွေးညှိနှိုင်း အဖြေရှာခြင်းဆိုသည် ကို မျက်ခြည်မပြတ်ရှိရန် သတိပြု စေလိုသည်ဟုလည်း ဒုတိယတပ် မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
‘‘ငြိမ်းချမ်းရေးတည်ဆောက် ချိန်အတွင်း ကြားကာလများမှာ နားလည်မှု လွဲမှားစေနိုင်တဲ့ ကိစ္စ ရပ်များ ရှေ့တန်းတင်ခြင်း၊ နိုင်ငံ တော်အစိုးရရဲ့ အုပ်ချုပ်ရေး လုပ် ငန်းစဉ်များအပေါ် ဝင်ရောက်စွက် ဖက်ခြင်း၊ ကျော်လွန်လုပ်ဆောင် ခြင်း စသည့် ရှောင်ရန်အချက်များ ကိုလည်း လက်အောက်မှ တပ်ဖွဲ့ ဝင်များအထိ စောင့်ထိန်းလိုက်နာ ကြဖို့လည်း လမ်းညွှန်ကြီးကြပ် ပေးကြဖို့ အထူးပဲလိုအပ်ကြောင်း ဆွေးနွေးလိုပါတယ်’’ဟုလည်း ၎င်းက ဆက်လက်ပြောကြား သည်။
NCA လက်မှတ်ထိုး ရှစ်ဖွဲ့ ကိုယ်စား အမှာစကားပြောကြား သည့် ကရင်အမျိုးသားအစည်း အရုံး (KNU) ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကမူ ‘‘ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ဆိုတာ NCA ကို အခြေခံပြီး တွေ့ဆုံဆွေးနွေး ညှိ နှိုင်းမှုကတစ်ဆင့် နိုင်ငံရေးပြဿ နာတွေကို ဖြေရှင်းဖို့ဖြစ်တယ်။ ဒါပေမဲ့ အမျိုးသားရင်ကြားစေ့ ရေးကိစ္စကိုတော့ မေ့ထားလို့မရ ပါဘူး’’ဟု ပြောကြားသည်။
အမျိုးသားရင်ကြားစေ့ရေး ဆိုသည်မှာ ကွဲပြားနေသည့် လူမှု အဖွဲ့အစည်းများအကြား မတူညီ သည့် အယူအဆခံယူချက်များ ကို အချင်းချင်း အပြန်အလှန် နားထောင်ပေးခြင်း၊ ညှိနှိုင်းခြင်း၊ ဘုံရည်မှန်းချက်အတွက် အဖြေ ရှာခြင်းဖြစ်သည်ဟု ၎င်းကရှင်းပြ သည်။
‘‘အားလုံးရည်မှန်းထားတဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကို မြန်မြန် သွားနိုင်တာ ကောင်းတယ်ဆိုပေ မယ့်လည်း အယူအဆ မတူမှုတွေ ကြားမှာတော့ အချိန်ယူပြီး ကျေ ကျေလည်လည် ညှိနှိုင်းတဲ့အခင်း အကျင်းနဲ့ သွားသင့်ပါတယ်။ ဒါ ကြောင့်မို့ ဆွေးနွေးပွဲတွေမှာ ဒီ အခြေခံနဲ့ သွားကြဖို့ တိုက်တွန်း လိုပါတယ်’’ဟု ဗိုလ်ချုပ်ကြီး စော မူတူးစေးဖိုးက ပြောကြားသည်။
အစိုးရနှင့် NCA လက်မှတ် ထိုးအဖွဲ့များမှ ထိပ်သီးခေါင်း ဆောင်များ တက်ရောက်သည့် JICM အစည်းအဝေးသည် NCA စာချုပ်အရ ဖွဲ့စည်းထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေး နွေးမှု ပူးတွဲကော်မတီ (UPDJC) နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) စသည့် အဖွဲ့ အစည်းများမှ ငြိမ်းချမ်းရေးဆိုင် ရာ လုပ်ငန်းများဆောင်ရွက်ရာ တွင် မဖြေရှင်းနိုင်သည့်ကိစ္စများ ကို ညှိနှိုင်းဖြေရှင်းပေးရန် ရည် ရွယ်ကျင်းပခြင်းဖြစ်သည်။
ယင်းအစည်းအဝေးသည် NCA စာချုပ်ပါအချက်များ အကောင်အထည်ဖော်ရာတွင် ဝိဝါဒ ကွဲပြားမှုများ ဖြစ်ပေါ်လာပါ က ညှိနှိုင်းဖြေရှင်းပေးခြင်းကို လည်း ဆောင်ရွက်ရန် တာဝန်ရှိ သည်။ JICM အစည်းအဝေးကို သုံးလတစ်ကြိမ်ခေါ်ယူရန်နှင့် လို အပ်ပါက အရေးပေါ်အစည်း အဝေး ကျင်းပရန် သတ်မှတ်ထား သော်လည်း လက်ရှိအစိုးရလက် ထက်တွင် သတ်မှတ်ထားသည့် အတိုင်း မကျင်းပနိုင်ခဲ့ပေ။
ယခင်အစိုးရ လက်ထက် တွင် JICM အစည်းအဝေး သုံး ကြိမ်ကျင်းပခဲ့ပြီး လက်ရှိအစိုးရ လက်ထက်တွင် ၂၀၁၆ သြဂုတ် ၌တစ်ကြိမ်၊ ၂၀၁၇ ဧပြီ၌ တစ် ကြိမ်နှင့် ယခု နိုဝင်ဘာ၌တစ်ကြိမ် ကျင်းပခဲ့ရာ ယခုအစည်းအဝေး သည် ၂၀၁၅ အောက်တိုဘာတွင် NCA ရေးထိုးပြီးနောက်ပိုင်း ခြောက်ကြိမ်မြောက် ကျင်းပသည့် အစည်းအဝေးဖြစ်သည်။
========================
251 / End
၂၈ နိုဝင်ဘာ ၂၀၁၇ - ၁၇:၂၉
News ID: 869697
ပြည်သူများ လို လားနေသည့် ငြိမ်းချမ်းရေး အတွက် အဖြေရရှိရေး အလျှော့ အတင်းလုပ်ရဲသည့် သတ္တိရှိကြ ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။